၆ ႏွစ္အတြင္းပထမဆုံးအျဖစ္ရာသီႀကိဳခရီးကို ၀ုဒ္၀ါ့မလိုက္ႏိုင္တာဘာေၾကာင့္လဲ

မန္ယူအသင္းအမႈေဆာင္အရာရွိ အက္၀ုဒ္၀ါ့ဒ္ဟာ ေႏြရာသီေစ်းကြက္မပိတ္ခင္မွာ လိုခ်င္တဲ႔ကစားသမားေတြကို ရရွိဖို႔အတြက္ ၆ ႏွစ္အတြင္းမွာပထမဆုံးအႀကိမ္အျဖစ္ ရာသီႀကိဳေျခစမ္းခရီးစဥ္ကို လိုက္ပါႏိုင္ခဲ့ျခင္းမရွိခဲ့တာလို႔ သိရပါတယ္။

၀ုဒ္၀ါ့ဒ္ ဟာ ၂၀၁၃ ကမန္ယူအမႈေဆာင္အရာရွိအျဖစ္စတင္တာ၀န္ယူခဲ့သူျဖစ္ၿပီး ႏွစ္တိုင္းမွာကလပ္ရဲ႕ရာသီႀကိဳေျခစမ္း ခရီးစဥ္ကိုလိုက္ပါေလ႔ရွိသူျဖစ္ပါတယ္။ ဒါေပမယ္႔လည္း ဒီႏွစ္မွာေတာ႔ သူဟပထမဆုံးအႀကိမ္အျဖစ္ မန္ယူရဲ႕ခရီးစဥ္မွာလိုက္ပါႏိုင္ျခင္းမရွိခဲ့ပါဘူး။ ဒါဟလက္စတာာ ေနာက္ခံလူ မက္ဂြဲယားနဲ႔ နယူးကာဆယ္ကြင္းလယ္လူ ရွိန္ေလာင္းစတက္ခ္တို႔ကို ေခၚယူဖို႔အခ်ိန္ေပးႀကိဳးပမ္းေနတဲ႔အတြက္ေၾကာင့္လို႔လည္း သိရပါတယ္။

မန္ယူဟာ မက္ဂြဲယားအတြက္ လက္စတာနဲ႔ေဆြးေႏြးမႈေတြလုပ္ေနေပမယ္႔ လက္စတာဘက္ကေပါင္သန္း ၈၀ ထက္ပိုၿပီးလိုခ်င္ေနလို႔ အဆင္မေျပျဖစ္ေနတာပါ။ ဒါေၾကာင့္ ၀ုဒ္၀ါ့ဒ္ဟာ မက္ဂြဲယားအတြက္ညွိႏႈိင္းလို႔မရဘူးဆိုရင္ နာပိုလီေနာက္ခံလူ ကူလီဘာလီကိုကမ္းလွမ္းဖို႔ ျပင္ဆင္ထားတယ္လို႔လည္း ဆိုပါတယ္။

ဒါ့အျပင္ မန္ယူဟာ နယူးကာဆယ္ကြင္းလယ္လူ ရွိန္ေလာင္းစတက္ခ္ကိုလည္းေၾကးတိုးျမွင့္ကမ္းလွမး္ဖို႔ ျပင္ဆင္ေနပါတယ္။မန္ယူဟာသူ႔အတြက္ေပါင္သန္း ၂၀ နဲ႔သာကမ္းလွမ္းခဲ့ေပမယ္႔ နယူးကာဆယ္ဘက္ကေပါင္သန္း ၅၀ အထိအလိုရွိေနလို႔ အခက္ေတြ႔ေနတာပါ။ ပရီးမီးယားလိဂ္အေျပာင္းအေရႊ႕ေစ်းကြက္ဟာလာမယ္႔ ၾသဂုတ္ ၈ မွာပိတ္သိမ္းမွာျဖစ္လို႔ ေစ်းကြက္အတြင္းလႈပ္ရွားဖို႔အတြက္ သီတင္း ၃ ပတ္ေတာင္မက်န္ေတာ႔ပါဘူး။

မန္ယူဟာဒီႏွစ္ေႏြရာသီေစ်းကြက္ထဲမွာ ဒန္နီရယ္ဂ်ိမ္းစ္အတြက္ေပါင္ ၁၇ သန္း၊ ၀မ္ဘစ္ဆာကာအတြက္ေပါင္သန္း ၅၀ သာအသုံးျပဳရေသးလို႔ သူတို႔ရဲ႕အသုံးစားရိတ္ဟာေပါင္ ၆၇ သန္းဘဲရွိေသးတယ္လို႔လည္း သိရပါတယ္။

Unicode

၆ နှစ်အတွင်းပထမဆုံးအဖြစ်ရာသီကြိုခရီးကို ၀ုဒ်ဝါ့မလိုက်နိုင်တာဘာကြောင့်လဲ
မန်ယူအသင်းအမှုဆောင်အရာရှိ အက်ဝုဒ်ဝါ့ဒ်ဟာ နွေရာသီစျေးကွက်မပိတ်ခင်မှာ လိုချင်တဲ့ကစားသမားတွေကို ရရှိဖို့အတွက် ၆ နှစ်အတွင်းမှာပထမဆုံးအကြိမ်အဖြစ် ရာသီကြိုခြေစမ်းခရီးစဉ်ကို လိုက်ပါနိုင်ခဲ့ခြင်းမရှိခဲ့တာလို့ သိရပါတယ်။

၀ုဒ်ဝါ့ဒ် ဟာ ၂၀၁၃ ကမန်ယူအမှုဆောင်အရာရှိအဖြစ်စတင်တာဝန်ယူခဲ့သူဖြစ်ပြီး နှစ်တိုင်းမှာကလပ်ရဲ့ရာသီကြိုခြေစမ်း ခရီးစဉ်ကိုလိုက်ပါလေ့ရှိသူဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီနှစ်မှာတော့ သူဟပထမဆုံးအကြိမ်အဖြစ် မန်ယူရဲ့ခရီးစဉ်မှာလိုက်ပါနိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါဟလက်စတာာ နောက်ခံလူ မက်ဂွဲယားနဲ့ နယူးကာဆယ်ကွင်းလယ်လူ ရှိန်လောင်းစတက်ခ်တို့ကို ခေါ်ယူဖို့အချိန်ပေးကြိုးပမ်းနေတဲ့အတွက်ကြောင့်လို့လည်း သိရပါတယ်။

မန်ယူဟာ မက်ဂွဲယားအတွက် လက်စတာနဲ့ဆွေးနွေးမှုတွေလုပ်နေပေမယ့် လက်စတာဘက်ကပေါင်သန်း ၈၀ ထက်ပိုပြီးလိုချင်နေလို့ အဆင်မပြေဖြစ်နေတာပါ။ ဒါကြောင့် ၀ုဒ်ဝါ့ဒ်ဟာ မက်ဂွဲယားအတွက်ညှိနှိုင်းလို့မရဘူးဆိုရင် နာပိုလီနောက်ခံလူ ကူလီဘာလီကိုကမ်းလှမ်းဖို့ ပြင်ဆင်ထားတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် မန်ယူဟာ နယူးကာဆယ်ကွင်းလယ်လူ ရှိန်လောင်းစတက်ခ်ကိုလည်းကြေးတိုးမြှင့်ကမ်းလှမး်ဖို့ ပြင်ဆင်နေပါတယ်။မန်ယူဟာသူ့အတွက်ပေါင်သန်း ၂၀ နဲ့သာကမ်းလှမ်းခဲ့ပေမယ့် နယူးကာဆယ်ဘက်ကပေါင်သန်း ၅၀ အထိအလိုရှိနေလို့ အခက်တွေ့နေတာပါ။ ပရီးမီးယားလိဂ်အပြောင်းအရွှေ့စျေးကွက်ဟာလာမယ့် သြဂုတ် ၈ မှာပိတ်သိမ်းမှာဖြစ်လို့ စျေးကွက်အတွင်းလှုပ်ရှားဖို့အတွက် သီတင်း ၃ ပတ်တောင်မကျန်တော့ပါဘူး။

မန်ယူဟာဒီနှစ်နွေရာသီစျေးကွက်ထဲမှာ ဒန်နီရယ်ဂျိမ်းစ်အတွက်ပေါင် ၁၇ သန်း၊ ၀မ်ဘစ်ဆာကာအတွက်ပေါင်သန်း ၅၀ သာအသုံးပြုရသေးလို့ သူတို့ရဲ့အသုံးစားရိတ်ဟာပေါင် ၆၇ သန်းဘဲရှိသေးတယ်လို့လည်း သိရပါတယ်။