၂၀၁၉ရဲ႕ ေလးစားအားက်ရဆုံးအားကစားသမားအျဖစ္ မက္ဆီကို ေက်ာ္ျဖတ္ၿပီး ေရာ္နယ္ဒို သတ္မွတ္ခံရ

Photo Credit

 

Photo Credit ; PA

ဂ်ဴဗင္တပ္စ္တုိက္စစ္မွဴး ေရာ္နယ္ဒိုဟာ မၾကာေသးခင္က YouGov မွ ျပဳလုပ္ခဲ့တဲ့ စစ္တမ္းအရ ၂၀၁၉ခုႏွစ္ရဲ႕ ေလးစားအားက်မႈအခံရဆုံးအားကစားသမားအျဖစ္ သတ္မွတ္ျခင္းခံခ့ဲရေၾကာင္း သိရပါတယ္။ YouGov ဟာ ၂၀၁၉ အတြက္ ကမၻာတစ္၀ွမ္းရွိ ထင္ရွားေက်ာ္ၾကားသူေတြအနက္ ေလးစားအားက်မႈအရွိဆုံး အမ်ိဳးသားနဲ႔ အမ်ိဳးသမီးစာရင္းကို စစ္တမ္းေကာက္ခံခဲ့တာျဖစ္ၿပီး ႏိုင္ငံေပါင္း ၄၁ႏိုင္ငံက လူေပါင္း ၄၂၀၀၀ ေက်ာ္ကုိ စာရင္းယူခ့ဲတာျဖစ္ပါတယ္။

Photo Credit ; Pinterest

အဲဒီမွာ Ballon d’Or ဆု ၅ႀကိမ္ရရွိထားတဲ့ေရာ္နယ္ဒိုက အားကစားသမားေတြအနက္ အဆင့္အျမင့္ဆုံးေနရာမွာ ရပ္တည္ႏိုင္ခဲ့ၿပီး အမ်ိဳးသားစာရင္းမွာ ယမန္ႏွစ္ကထက္ ၃ဆင့္တက္ကာ အဆင့္ ၇ေနရာ တက္လွမ္းႏိုင္ခဲ့ကာ ဘာစီလုိနာအသင္းေခါင္းေဆာင္ မက္ဆီက ၂ဆင့္ခုန္တက္ကာ အဆင့္ ၉နရာမွာ ရပ္တည္ႏိုင္ခဲ့ပါတယ္။ ေနာက္ဆုံးဆယ္စုႏွစ္အတြင္း ေဘာလုံးေလာကကို လႊမ္းမုိးထားတဲ့ ေရာ္နယ္ဒိုနဲ႔မက္ဆီ ႏွစ္ေယာက္စလုံးဟာ လက္ရွိအေမရိကန္သမၼတ ေဒၚနယ္ထရမ့္နဲ႔ ပုပ္ရဟန္းမင္းႀကီး ဖရန္ဆစ္တုိ႔ထက္ ေလးစားအားက်မႈပိုခံရသူေတြအျဖစ္ သတ္မွတ္ခံခဲ့ရပါတယ္။

Photo Credit

အဲဒီစာရင္းမွာေတာ့ မိုက္ခ႐ိုေဆာ့ဖ္တည္ေထာင္သူ အေမရိကန္စီးပြားေရးလုပ္ငန္းရွင္ ဘီလ္ဂိတ္စ္က အမ်ိဳးသားေတြအနက္ ေလးစားအားက်မႈအခံရဆုံးပုဂၢိဳလ္အျဖစ္ ေရြးခ်ယ္ခံခဲ့ရၿပီး သူ႕ေနာက္မွာ အေမရိကန္သမၼတေဟာင္း အိုဘားမားနဲ႔ တ႐ုတ္မင္းသားႀကီး ဂ်က္ကီခ်န္းတုိ႔က အစဥ္လုိက္ရပ္တည္ေနကာ ၂၀၁၈ ခုႏွစ္ကအတုိင္း ေနရာမေျပာင္းလဲဘဲ ရပ္တည္ခဲ့တာပါ။ အမ်ိဳးသမီးစာရင္းမွာေတာ့ ထိပ္ပိုင္းကအေျပာင္းအလဲျဖစ္ခဲ့ၿပီး ယမန္ႏွစ္က ထိပ္ဆုံးမွာရပ္တည္ခဲ့တဲ့ ေဟာလိ၀ုဒ္မင္းသမီး ဂ်ိဳလီက ဒီႏွစ္မွာ အဆင့္ ၃ေနရာ ေရာက္သြားကာ အိုဘားမားရဲ႕ဇနီး မီခ်ဲလ္အိုဘားမားက အဆင့္ ၁နဲ႔ အေမရိကန္နာမည္ႀကီး႐ုပ္သံအစီအစဥ္တင္ဆက္သူ ေအာ္ပရာ၀င္းဖေရးက ဒုတိယေနရာမွာ အသီးသီးရပ္တည္ခဲ့ပါတယ္။

Photo Credit

Unicode

၂၀၁၉ရဲ့ လေးစားအားကျရဆုံးအားကစားသမားအဖြစ် မက်ဆီကို ကျော်ဖြတ်ပြီး ရော်နယ်ဒို သတ်မှတ်ခံရ

ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ မကြာသေးခင်က YouGov မှ ပြုလုပ်ခဲ့တဲ့ စစ်တမ်းအရ ၂၀၁၉ခုနှစ်ရဲ့ လေးစားအားကျမှုအခံရဆုံးအားကစားသမားအဖြစ် သတ်မှတ်ခြင်းခံခဲ့ရကြောင်း သိရပါတယ်။ YouGov ဟာ ၂၀၁၉ အတွက် ကမ္ဘာတစ်ဝှမ်းရှိ ထင်ရှားကျော်ကြားသူတွေအနက် လေးစားအားကျမှုအရှိဆုံး အမျိုးသားနဲ့ အမျိုးသမီးစာရင်းကို စစ်တမ်းကောက်ခံခဲ့တာဖြစ်ပြီး နိုင်ငံပေါင်း ၄၁နိုင်ငံက လူပေါင်း ၄၂၀၀၀ ကျော်ကို စာရင်းယူခဲ့တာဖြစ်ပါတယ်။
အဲဒီမှာ Ballon d’Or ဆု ၅ကြိမ်ရရှိထားတဲ့ရော်နယ်ဒိုက အားကစားသမားတွေအနက် အဆင့်အမြင့်ဆုံးနေရာမှာ ရပ်တည်နိုင်ခဲ့ပြီး အမျိုးသားစာရင်းမှာ ယမန်နှစ်ကထက် ၃ဆင့်တက်ကာ အဆင့် ၇နေရာ တက်လှမ်းနိုင်ခဲ့ကာ ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီက ၂ဆင့်ခုန်တက်ကာ အဆင့် ၉နရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ နောက်ဆုံးဆယ်စုနှစ်အတွင်း ဘောလုံးလောကကို လွှမ်းမိုးထားတဲ့ ရော်နယ်ဒိုနဲ့မက်ဆီ နှစ်ယောက်စလုံးဟာ လက်ရှိအမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်တို့ထက် လေးစားအားကျမှုပိုခံရသူတွေအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
အဲဒီစာရင်းမှာတော့ မိုက်ခရိုဆော့ဖ်တည်ထောင်သူ အမေရိကန်စီးပွားရေးလုပ်ငန်းရှင် ဘီလ်ဂိတ်စ်က အမျိုးသားတွေအနက် လေးစားအားကျမှုအခံရဆုံးပုဂ္ဂိုလ်အဖြစ် ရွေးချယ်ခံခဲ့ရပြီး သူ့နောက်မှာ အမေရိကန်သမ္မတဟောင်း အိုဘားမားနဲ့ တရုတ်မင်းသားကြီး ဂျက်ကီချန်းတို့က အစဉ်လိုက်ရပ်တည်နေကာ ၂၀၁၈ ခုနှစ်ကအတိုင်း နေရာမပြောင်းလဲဘဲ ရပ်တည်ခဲ့တာပါ။ အမျိုးသမီးစာရင်းမှာတော့ ထိပ်ပိုင်းကအပြောင်းအလဲဖြစ်ခဲ့ပြီး ယမန်နှစ်က ထိပ်ဆုံးမှာရပ်တည်ခဲ့တဲ့ ဟောလိဝုဒ်မင်းသမီး ဂျိုလီက ဒီနှစ်မှာ အဆင့် ၃နေရာ ရောက်သွားကာ အိုဘားမားရဲ့ဇနီး မီချဲလ်အိုဘားမားက အဆင့် ၁နဲ့ အမေရိကန်နာမည်ကြီးရုပ်သံအစီအစဉ်တင်ဆက်သူ အော်ပရာဝင်းဖရေးက ဒုတိယနေရာမှာ အသီးသီးရပ်တည်ခဲ့ပါတယ်။