ေျခစမ္းပြဲေတြမွာ ဂိုးျမဴးေနတဲ့ လူငယ္တိုက္စစ္မွဴးဂရင္းဝုဒ္ကို အငွားခ်ထားမည္မဟုတ္ေၾကာင္း နည္းျပဆိုးလ္ရွား အတည္ျပဳ

Photo Credit ; Getty Images

Photo Credit ; Getty Images / AFP

ယူႏိုက္တက္အသင္းနည္းျပ ဆိုးလ္ရွားက ရာသီႀကိဳေျခစမ္းပြဲေတြမွာ ေျခစြမ္းျပဂိုးျမဴးလ်က္ရွိတ့ဲ တိုက္စစ္မွဴး ဂရင္းဝုဒ္ကို အသင္းရဲ႕ဂႏၴဝင္ကစားသမားႀကီး ႐ိုင္ယန္ဂစ္နဲ႔ ႏိႈင္းယွဥ္ခ်ီးက်ဴးသြားၿပီး ယခုေႏြရာသီအတြင္း သူ႕ကို အငွားနဲ႔ ေစလႊတ္မွာမဟုတ္ေၾကာင္း အတည္ျပဳလိုက္ပါတယ္။ အသက္ ၁၇ ႏွစ္အရြယ္ရွိ ဂရင္းဝုဒ္ဟာ ယူႏိုက္တက္လူငယ္အကယ္ဒမီစီမံကိန္းမွ ထြက္ေပၚလာသူျဖစ္ၿပီး အသင္းႀကီးအဆင့္မွာ ေျခစြမ္းျပေနသလို ေတာက္ပတဲ့အနာဂတ္ပိုင္ဆိုင္ႏိုင္သူအျဖစ္ သတ္မွတ္ျခင္းခံထားရပါတယ္။

Photo Credit ; Getty Images

ဂရင္းဝုဒ္ဟာ လက္ရွိအခ်ိန္မွာ ယူႏိုက္တက္နဲ႔အတူ ရာသီႀကိဳေျခစမ္းပြဲခရီးစဥ္မွာ ပါဝင္ကစားလ်က္ရွိၿပီး စေနေန႔က အင္တာမီလန္ကို ၁- ဝ ဂိုးနဲ႔အႏိုင္ရခဲ့တ့ဲေျခစမ္းပြဲမွာလည္း တစ္လံုးတည္းေသာအႏိုင္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။ ”ဂရင္းဝုဒ္ဟာ အခုမွ အသက္ ၁၇ႏွစ္ပဲရွိေသးၿပီး ေလ့က်င့္ေရးကြင္းမွာ ေန႔တိုင္းသင္ယူေနပါတယ္။ သူဟာ ၿပီးခဲ့တဲ့လအနည္းငယ္အတြင္း ကြ်န္ေတာ္တို႔နဲ႔အတူ ရွိေနခဲ့ၿပီး ယံုၾကည္မႈလည္း ျမင့္မားလာပါတယ္။ ေျခစြမ္းျပသေနတဲ့ကစားသမားကို ထြက္ခြာခြင့္ျပဳဖို႔ဆိုတာ ခက္ခဲတယ္လို႔ ကြ်န္ေတာ္အရင္ကတည္းက ေျပာဖူးပါတယ္။

Photo Credit ; Getty Images / AFP

”ဂရင္းဝုဒ္ကို အငွားခ်ထားမယ္ဆိုတဲ့အေတြးမ်ိဳးလည္း တစ္ခါမွ မေတြးဖူးပါဘူး။ သူ ေျခစြမ္းျပႏိုင္မယ္လို႔ ခံစားရခ်ိန္မွာ သူ႕ကို ထုတ္သံုးသြားမွာပါ။ သူ႕ကို ၾကည့္ရတာ ဂစ္အေၾကာင္း စိတ္ထဲျပန္ဝင္လာသလိုပါပဲ။ ဂရင္းဝုဒ္အေနနဲ႔ အသင္းရဲ႕လူစာရင္းမွာ ပါဝင္ဖို႔ အသင့္ရွိေနပါၿပီ”လုိ႔ ဆိုးလ္ရွားက ေျပာၾကားခဲ့ပါတယ္။

Photo Credit ; Getty Images

ဆက္လက္၍ ဆိုးလ္ရွားက အဓိကတိုက္စစ္မွဴး လူကာကူ ဒဏ္ရာရေနခ်ိန္မွာ အသင္းရဲ႕ကစားပံုေကာင္းမြန္ေနျခင္းနဲ႔ပတ္သက္လို႔လည္း အားရေက်နပ္မိေၾကာင္းဆိုပါတယ္။ ဘယ္လ္ဂ်ီယံလက္ေရြးစင္ လူကာကူဟာ ယခုအခ်ိန္အထိ အသင္းရဲ႕ရာသီႀကိဳေျခစမ္းပြဲေတြမွာ ပါဝင္ကစားျခင္းမရွိေသးဘဲ ဆိုးလ္ရွားက သူမပါဝင္ႏိုင္တာက ႀကံ့ခိုင္မႈအေျခအေနေၾကာင့္ျဖစ္ေၾကာင္း ဆုိထားပါတယ္။

Photo Credit ; AAPIMAGE

လူကာကူဟာ ၂၀၁၇ ေႏြရာသီက အဲဗာတန္အသင္းကေန ေရာက္ရွိလာခဲ့ေပမယ့္ ၿပီးခဲ့တဲ့ရာသီ ဆိုးလ္ရွားရဲ႕လက္ေအာက္မွာ ပံုမွန္ပြဲထြက္ခြင့္ ေပ်ာက္ဆံုးခဲ့ၿပီး ယခုေႏြရာသီအတြင္း အင္တာမီလန္အသင္းရဲ႕အဓိကပစ္မွတ္ျဖစ္ေနပါတယ္။ အင္တာမီလန္အသင္းအမႈေဆာင္အရာရွိခ်ဳပ္ မာေရာ့တာက အဆံုးသတ္မွာ လူကာကူကို ေခၚယူႏိုင္လိမ့္မယ္လို႔ ယံုၾကည္ထားေၾကာင္း ယခုတစ္ပတ္အေစာပိုင္းက ဖြင့္ဟထားၿပီး နည္းျပကြန္တီကလည္း လူကာကူကို ေခၚယူလိုေနပါတယ္။

Photo Credit ; Getty Images

Unicode

ခြေစမ်းပွဲတွေမှာ ဂိုးမြူးနေတဲ့ လူငယ်တိုက်စစ်မှူးဂရင်းဝုဒ်ကို အငှားချထားမည်မဟုတ်ကြောင်း နည်းပြဆိုးလ်ရှား အတည်ပြု

ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားက ရာသီကြိုခြေစမ်းပွဲတွေမှာ ခြေစွမ်းပြဂိုးမြူးလျက်ရှိတဲ့ တိုက်စစ်မှူး ဂရင်းဝုဒ်ကို အသင်းရဲ့ဂန္ထဝင်ကစားသမားကြီး ရိုင်ယန်ဂစ်နဲ့ နှိုင်းယှဉ်ချီးကျူးသွားပြီး ယခုနွေရာသီအတွင်း သူ့ကို အငှားနဲ့ စေလွှတ်မှာမဟုတ်ကြောင်း အတည်ပြုလိုက်ပါတယ်။ အသက် ၁၇ နှစ်အရွယ်ရှိ ဂရင်းဝုဒ်ဟာ ယူနိုက်တက်လူငယ်အကယ်ဒမီစီမံကိန်းမှ ထွက်ပေါ်လာသူဖြစ်ပြီး အသင်းကြီးအဆင့်မှာ ခြေစွမ်းပြနေသလို တောက်ပတဲ့အနာဂတ်ပိုင်ဆိုင်နိုင်သူအဖြစ် သတ်မှတ်ခြင်းခံထားရပါတယ်။
ဂရင်းဝုဒ်ဟာ လက်ရှိအချိန်မှာ ယူနိုက်တက်နဲ့အတူ ရာသီကြိုခြေစမ်းပွဲခရီးစဉ်မှာ ပါဝင်ကစားလျက်ရှိပြီး စနေနေ့က အင်တာမီလန်ကို ၁- ဝ ဂိုးနဲ့အနိုင်ရခဲ့တဲ့ခြေစမ်းပွဲမှာလည်း တစ်လုံးတည်းသောအနိုင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ”ဂရင်းဝုဒ်ဟာ အခုမှ အသက် ၁၇နှစ်ပဲရှိသေးပြီး လေ့ကျင့်ရေးကွင်းမှာ နေ့တိုင်းသင်ယူနေပါတယ်။ သူဟာ ပြီးခဲ့တဲ့လအနည်းငယ်အတွင်း ကျွန်တော်တို့နဲ့အတူ ရှိနေခဲ့ပြီး ယုံကြည်မှုလည်း မြင့်မားလာပါတယ်။ ခြေစွမ်းပြသနေတဲ့ကစားသမားကို ထွက်ခွာခွင့်ပြုဖို့ဆိုတာ ခက်ခဲတယ်လို့ ကျွန်တော်အရင်ကတည်းက ပြောဖူးပါတယ်။
”ဂရင်းဝုဒ်ကို အငှားချထားမယ်ဆိုတဲ့အတွေးမျိုးလည်း တစ်ခါမှ မတွေးဖူးပါဘူး။ သူ ခြေစွမ်းပြနိုင်မယ်လို့ ခံစားရချိန်မှာ သူ့ကို ထုတ်သုံးသွားမှာပါ။ သူ့ကို ကြည့်ရတာ ဂစ်အကြောင်း စိတ်ထဲပြန်ဝင်လာသလိုပါပဲ။ ဂရင်းဝုဒ်အနေနဲ့ အသင်းရဲ့လူစာရင်းမှာ ပါဝင်ဖို့ အသင့်ရှိနေပါပြီ”လို့ ဆိုးလ်ရှားက ပြောကြားခဲ့ပါတယ်။
ဆက်လက်၍ ဆိုးလ်ရှားက အဓိကတိုက်စစ်မှူး လူကာကူ ဒဏ်ရာရနေချိန်မှာ အသင်းရဲ့ကစားပုံကောင်းမွန်နေခြင်းနဲ့ပတ်သက်လို့လည်း အားရကျေနပ်မိကြောင်းဆိုပါတယ်။ ဘယ်လ်ဂျီယံလက်ရွေးစင် လူကာကူဟာ ယခုအချိန်အထိ အသင်းရဲ့ရာသီကြိုခြေစမ်းပွဲတွေမှာ ပါဝင်ကစားခြင်းမရှိသေးဘဲ ဆိုးလ်ရှားက သူမပါဝင်နိုင်တာက ကြံ့ခိုင်မှုအခြေအနေကြောင့်ဖြစ်ကြောင်း ဆိုထားပါတယ်။
လူကာကူဟာ ၂၀၁၇ နွေရာသီက အဲဗာတန်အသင်းကနေ ရောက်ရှိလာခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီ ဆိုးလ်ရှားရဲ့လက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့ပြီး ယခုနွေရာသီအတွင်း အင်တာမီလန်အသင်းရဲ့အဓိကပစ်မှတ်ဖြစ်နေပါတယ်။ အင်တာမီလန်အသင်းအမှုဆောင်အရာရှိချုပ် မာရော့တာက အဆုံးသတ်မှာ လူကာကူကို ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်ထားကြောင်း ယခုတစ်ပတ်အစောပိုင်းက ဖွင့်ဟထားပြီး နည်းပြကွန်တီကလည်း လူကာကူကို ခေါ်ယူလိုနေပါတယ်။