ေျပာင္းေရႊ႕ေၾကးမတရားျမွင့္ထားမႈအတြက္ လက္စတာကို မက္ဂြဲယားေဒါသထြက္

လက္စတာအသင္းဟာ သူ႔တန္ဖိုးကို မတရားျမွင့္ထားၿပီး အသင္းကေနမထြက္ႏိုင္ေအာင္လုပ္ေနတယ္လို႔ ေနာက္ခံလူ မက္ဂြဲယားက စြပ္စြဲလိုက္ေၾကာင္းသိရပါတယ္။ မက္ဂြဲယားဟာ လက္စတာကေနထြက္ခြာလိုေပမယ္႔ သူ႔ေျပာင္းေရႊ႕ေၾကးကို ကလပ္ဘက္ကေပါင္ ၈၅ သန္းအထိသတ္မွတ္ထားတာေၾကာင့္ အခက္ေတြ႔ေနရတာပါ။

အဂၤလန္လက္ေရြးစင္ျဖစ္တဲ႔ မက္ဂြဲယားကို မန္ယူနဲ႔မန္စီးတီးတို႔ကေခၚယူဖို႔ စိတ္၀င္စားေနၿပီး မန္ယူဆိုရင္ေပါင္သန္း ၇၀ နဲ႔ကမ္းလွမ္းခဲ့ေပမယ္႔ လက္စတာဘက္ကပယ္ခ်ၿပီး ေပါင္ ၈၅ သန္းရမွေရာင္းမယ္လို႔ ဆိုထားတာပါ။ ဒါေၾကာင့္လည္း မက္ဂြဲယားက ကလပ္အေပၚေဒါသထြက္ေနၿပီး သူ႔အတြက္တန္ေၾကးကိုမျဖစ္ႏိုင္တဲ႔အေျခအေနထိထားရွိၿပီး အသင္းကေနထြက္ဖို႔ကို တားဆီးပိတ္ပင္ေနတယ္လို႔ ယူဆေနတာပါ။

ဒါေၾကာင့္လည္း မေန႔တုန္းကျပင္သစ္မွာျပဳလုပ္ေနတဲ႔ အသင္းရဲ႕ရာသီႀကိဳေလ႔က်င့္ခန္းအစီအစဥ္မွာ အသင္းကေနထြက္ခြာလိုတယ္လို႔ ကစားေဖာ္ေတြကိုေျပာခဲ့တယ္ဆိုၿပီး သတင္းေတြမွာေဖာ္ျပေနၾကတာပါ။ ဒါ႔အျပင္ မက္ဂြဲယားက လက္စတာဟာသူ႔ကိုေပးထားတဲ႔ ႏႈတ္ကတိကို ခ်ဳိးေဖာက္တယ္လို႔လည္း ယုံၾကည္ေနပါတယ္။

သူဟာၿပီးခဲ့တဲ႔ ရာသီမွာ မန္ယူရဲ႕ကမး္လွမ္းမႈကိုျငင္းပယ္ၿပီး ၅ ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့တုန္းက လာမယ္႔ေႏြရာသီမွာ သူ႔အတြက္ထိုက္တန္တဲ႔ တန္ေၾကးရရင္ ထြက္ခြင့္ေပးမယ္ဆိုတဲ႔ ကလပ္ရဲ႕ႏႈတ္ကတိကိုရရွိခဲ့သူျဖစ္ပါတယ္။ ဒါေပမယ္႔ လက္စတာဟာ ကတိမတည္ဘဲ မျဖစ္ႏိုင္တဲ႔ေစ်းအထိတိုးေတာင္းေနလို႔ သူကေဒါသထြက္ေနတာျဖစ္ပါတယ္။

လက္စတာဘက္ကေရာ နည္းျပ ဘရန္ဒန္ေရာ္ဂ်ာဘက္ကပါ မက္ဂြဲယားရဲ႕ဆႏၵကိုသိေပမယ္႔ အတတ္ႏိုင္ဆုံးဆက္ထိန္းဖို႔ႀကိဳးစားေနလို႔ အခုလိုမ်ဳိးေစ်းကို မတရားေခၚထားတာလို႔လည္း သတင္းမွာေဖာ္ျပသြားပါတယ္။

Unicode

ပြောင်းရွှေ့ကြေးမတရားမြှင့်ထားမှုအတွက် လက်စတာကို မက်ဂွဲယားဒေါသထွက်
လက်စတာအသင်းဟာ သူ့တန်ဖိုးကို မတရားမြှင့်ထားပြီး အသင်းကနေမထွက်နိုင်အောင်လုပ်နေတယ်လို့ နောက်ခံလူ မက်ဂွဲယားက စွပ်စွဲလိုက်ကြောင်းသိရပါတယ်။ မက်ဂွဲယားဟာ လက်စတာကနေထွက်ခွာလိုပေမယ့် သူ့ပြောင်းရွှေ့ကြေးကို ကလပ်ဘက်ကပေါင် ၈၅ သန်းအထိသတ်မှတ်ထားတာကြောင့် အခက်တွေ့နေရတာပါ။

အင်္ဂလန်လက်ရွေးစင်ဖြစ်တဲ့ မက်ဂွဲယားကို မန်ယူနဲ့မန်စီးတီးတို့ကခေါ်ယူဖို့ စိတ်ဝင်စားနေပြီး မန်ယူဆိုရင်ပေါင်သန်း ၇၀ နဲ့ကမ်းလှမ်းခဲ့ပေမယ့် လက်စတာဘက်ကပယ်ချပြီး ပေါင် ၈၅ သန်းရမှရောင်းမယ်လို့ ဆိုထားတာပါ။ ဒါကြောင့်လည်း မက်ဂွဲယားက ကလပ်အပေါ်ဒေါသထွက်နေပြီး သူ့အတွက်တန်ကြေးကိုမဖြစ်နိုင်တဲ့အခြေအနေထိထားရှိပြီး အသင်းကနေထွက်ဖို့ကို တားဆီးပိတ်ပင်နေတယ်လို့ ယူဆနေတာပါ။

ဒါကြောင့်လည်း မနေ့တုန်းကပြင်သစ်မှာပြုလုပ်နေတဲ့ အသင်းရဲ့ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်မှာ အသင်းကနေထွက်ခွာလိုတယ်လို့ ကစားဖော်တွေကိုပြောခဲ့တယ်ဆိုပြီး သတင်းတွေမှာဖော်ပြနေကြတာပါ။ ဒါ့အပြင် မက်ဂွဲယားက လက်စတာဟာသူ့ကိုပေးထားတဲ့ နှုတ်ကတိကို ချိုးဖောက်တယ်လို့လည်း ယုံကြည်နေပါတယ်။

သူဟာပြီးခဲ့တဲ့ ရာသီမှာ မန်ယူရဲ့ကမ်းလှမ်းမှုကိုငြင်းပယ်ပြီး ၅ နှစ်စာချုပ်သစ်ချုပ်ဆိုခဲ့တုန်းက လာမယ့်နွေရာသီမှာ သူ့အတွက်ထိုက်တန်တဲ့ တန်ကြေးရရင် ထွက်ခွင့်ပေးမယ်ဆိုတဲ့ ကလပ်ရဲ့နှုတ်ကတိကိုရရှိခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် လက်စတာဟာ ကတိမတည်ဘဲ မဖြစ်နိုင်တဲ့ဈေးအထိတိုးတောင်းနေလို့ သူကဒေါသထွက်နေတာဖြစ်ပါတယ်။

လက်စတာဘက်ကရော နည်းပြ ဘရန်ဒန်ရော်ဂျာဘက်ကပါ မက်ဂွဲယားရဲ့ဆန္ဒကိုသိပေမယ့် အတတ်နိုင်ဆုံးဆက်ထိန်းဖို့ကြိုးစားနေလို့ အခုလိုမျိုးဈေးကို မတရားခေါ်ထားတာလို့လည်း သတင်းမှာဖော်ပြသွားပါတယ်။