ေအဂ်က္ေနာက္ခံလူ ဒီလစ္ကို ေပါင္ ၆၃ သန္းနဲ႔ ဂ်ဴ ဗင္တပ္ေခၚယူႏိုင္ေတာ႔မယ္

ဂ်ဴ ဗင္တပ္အသင္းဟာ ေအဂ်က္ေနာက္ခံလူ ဒီလစ္ကိုေပါင္ ၆၃ သန္းနဲ႔ေခၚယူဖို႔ သေဘာတူညီခ်က္ရရွိခဲ့ၿပီး အတည္ျပဳထုတ္ျပန္ခ်က္သာက်န္ေတာ႔တယ္လုိ႔ အီတလီသတင္းေတြမွာေဖာ္ျပခဲ့ေၾကာင္း သိရပါတယ္။

အသက္ ၁၉ ႏွစ္သာရွိေသးတဲ႔ ဒီလစ္ဟာၿပီးခဲ့တဲ႔ ရာသီကေအဂ်က္နဲ႔အတူ ေျခစြမ္းျပႏိုင္ခဲ့ၿပီး ျပည္တြင္းမွာ ဖလား ၂ လုံးရခဲ့တဲ႔အျပင္ ခ်န္ပီယံလိဂ္မွာလည္း ရီးရဲလ္မက္ဒရစ္နဲ႔ ဂ်ဴ ဗင္တပ္တို႔ကိုေက်ာ္ျဖတ္ကာ ဆီမီးဖိုင္နယ္ကိုေရာက္ရွိခဲ့ပါတယ္။ ဒါေၾကာင့္လည္း ဒီလစ္ကို ဥေရာပထိပ္တန္းကလပ္ေတြက ေခၚယူဖို႔စိတ္၀င္စားခဲ့ၾကတာျဖစ္ပါတယ္။

သူ႔ကို မန္ယူ၊ မန္စီးတီး၊ ပီအက္စ္ဂ်ီ၊ ဘာစီလိုနာ အစရွိတဲ႔အသင္းႀကီးေတြကေခၚယူလိုခဲ့ၾကေပမယ္႔ ဂ်ဴ ဗင္တပ္ကရေအာင္ေခၚယူႏိုင္ခဲ့ တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ႔ ေနးရွင္းလိဂ္ဗိုလ္လုပြဲမွာ ေပၚတူဂီနဲ႔ နယ္သာလန္တို႔ ယွဥ္ၿပိဳင္ခဲ့တဲ႔ ပြဲအၿပီးမွာ စီေရာ္နယ္ဒိုက ဒီလစ္ကိုဂ်ဴ ဗင္တပ္ကို လာကစားပါလားလို႔ ဖိတ္ေခၚခဲ့ပါတယ္။ စီေရာ္နယ္ဒိုဟာ ဂ်ဴ ဗင္တပ္တိုက္စစ္မွဴ းျဖစ္ၿပီး အဲဒီကိုေရာက္ေနတာ တစ္ရာသီဘဲၾကာပါေသးတယ္။

အီတလီသတင္းေတြမွာေဖာ္ျပခ်က္အရ ဂ်ဴ ဗင္တပ္ဟာ ဒီလစ္အတြက္ေပါင္ ၆၃ သန္းေပးအပ္ဖို႔ သေဘာတူလိုက္ၿပီျဖစ္သလို ကစားသမားနဲ႔လည္း ကိုယ္ေရးကိုယ္တာအခ်က္ေတြသေဘာတူညီခဲ့ၿပီးျဖစ္လို႔ အတည္ျပဳ ခ်က္ထုတ္ျပန္ဖို႔ တစ္ခုသာလိုအပ္ေတာ႔တာျဖစ္တယ္လို႔ ဆိုပါတယ္။

ဒီလစ္ဟာ အီတလီမွာတန္ေၾကးအျမင့္ဆုံးေနာက္ခံလူအျဖစ္ မွတ္တမ္း၀င္မွာျဖစ္တယ္လို႔လည္းသိရပါတယ္။ သူဟာ ခ်ီရယ္လီနီ၊ ဘိုႏူခ်ီ တို႔နဲ႔အတူ ဂ်ဴ ဗင္တပ္ရဲ႕ ဗဟိုခံစစ္မွာဦးစားေပးေနရာ ရမယ္လို႔လည္းေမွ်ာ္လင့္ထားၾကပါတယ္။ ဂ်ဴ ဗင္တပ္ဟာ နည္းျပသစ္အျဖစ္ ဆာရီကိုခန္႔အပ္ထားေပမယ္႔ သူဟာအရင္နည္းျပ အယ္လီဂရီအတိုင္းဘဲ ခံစစ္မွဴ း ၃ ဦးထားရွိတဲ႔ စနစ္ကိုက်င့္သုံးမယ္႔သူျဖစ္ပါတယ္။

Unicode

အေဂျက်နောက်ခံလူ ဒီလစ်ကို ပေါင် ၆၃ သန်းနဲ့ ဂျူ ဗင်တပ်ခေါ်ယူနိုင်တော့မယ်
ဂျူ ဗင်တပ်အသင်းဟာ အေဂျက်နောက်ခံလူ ဒီလစ်ကိုပေါင် ၆၃ သန်းနဲ့ခေါ်ယူဖို့ သဘောတူညီချက်ရရှိခဲ့ပြီး အတည်ပြုထုတ်ပြန်ချက်သာကျန်တော့တယ်လို့ အီတလီသတင်းတွေမှာဖော်ပြခဲ့ကြောင်း သိရပါတယ်။

အသက် ၁၉ နှစ်သာရှိသေးတဲ့ ဒီလစ်ဟာပြီးခဲ့တဲ့ ရာသီကအေဂျက်နဲ့အတူ ခြေစွမ်းပြနိုင်ခဲ့ပြီး ပြည်တွင်းမှာ ဖလား ၂ လုံးရခဲ့တဲ့အပြင် ချန်ပီယံလိဂ်မှာလည်း ရီးရဲလ်မက်ဒရစ်နဲ့ ဂျူ ဗင်တပ်တို့ကိုကျော်ဖြတ်ကာ ဆီမီးဖိုင်နယ်ကိုရောက်ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီလစ်ကို ဥရောပထိပ်တန်းကလပ်တွေက ခေါ်ယူဖို့စိတ်ဝင်စားခဲ့ကြတာဖြစ်ပါတယ်။

သူ့ကို မန်ယူ၊ မန်စီးတီး၊ ပီအက်စ်ဂျီ၊ ဘာစီလိုနာ အစရှိတဲ့အသင်းကြီးတွေကခေါ်ယူလိုခဲ့ကြပေမယ့် ဂျူ ဗင်တပ်ကရအောင်ခေါ်ယူနိုင်ခဲ့ တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နေးရှင်းလိဂ်ဗိုလ်လုပွဲမှာ ပေါ်တူဂီနဲ့ နယ်သာလန်တို့ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲအပြီးမှာ စီရော်နယ်ဒိုက ဒီလစ်ကိုဂျူ ဗင်တပ်ကို လာကစားပါလားလို့ ဖိတ်ခေါ်ခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ ဂျူ ဗင်တပ်တိုက်စစ်မှူ းဖြစ်ပြီး အဲဒီကိုရောက်နေတာ တစ်ရာသီဘဲကြာပါသေးတယ်။

အီတလီသတင်းတွေမှာဖော်ပြချက်အရ ဂျူ ဗင်တပ်ဟာ ဒီလစ်အတွက်ပေါင် ၆၃ သန်းပေးအပ်ဖို့ သဘောတူလိုက်ပြီဖြစ်သလို ကစားသမားနဲ့လည်း ကိုယ်ရေးကိုယ်တာအချက်တွေသဘောတူညီခဲ့ပြီးဖြစ်လို့ အတည်ပြု ချက်ထုတ်ပြန်ဖို့ တစ်ခုသာလိုအပ်တော့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလစ်ဟာ အီတလီမှာတန်ကြေးအမြင့်ဆုံးနောက်ခံလူအဖြစ် မှတ်တမ်းဝင်မှာဖြစ်တယ်လို့လည်းသိရပါတယ်။ သူဟာ ချီရယ်လီနီ၊ ဘိုနူချီ တို့နဲ့အတူ ဂျူ ဗင်တပ်ရဲ့ ဗဟိုခံစစ်မှာဦးစားပေးနေရာ ရမယ်လို့လည်းမျှော်လင့်ထားကြပါတယ်။ ဂျူ ဗင်တပ်ဟာ နည်းပြသစ်အဖြစ် ဆာရီကိုခန့်အပ်ထားပေမယ့် သူဟာအရင်နည်းပြ အယ်လီဂရီအတိုင်းဘဲ ခံစစ်မှူ း ၃ ဦးထားရှိတဲ့ စနစ်ကိုကျင့်သုံးမယ့်သူဖြစ်ပါတယ်။