ေလ့က်င့္ေရးကြင္းမွ ဂ်ပန္မက္ဆီရဲ႕ကစားပုံကို ရီးရဲလ္နည္းျပေတြေတာင္ ပါးစပ္အေဟာင္းသားျဖစ္ေန

Photo Credit ; Getty Images

Photo Credit ; Getty Images

ရီးရဲလ္ဟာ အသင္းရဲ႕ေလ့က်င့္ေရးကြင္းမွာ နည္းျပေတြပါးစပ္အေဟာင္းသားျဖစ္ေအာင္ ကစားႏိုင္ခဲ့တဲ့လူငယ္ၾကယ္ပြင့္ ကူဘိုကို ရာသီသစ္ေရာက္ရင္ အသင္းလူစာရင္းမွာ ထည့္သြင္းဖို႔ အဆင္သင့္ရိွေနေၾကာင္း သိရပါတယ္။ အသက္ ၁၈ႏွစ္အရြယ္ရွိ ဂ်ပန္လက္ေရြးစင္ ကူဘုိကို ရီးရဲလ္က ၿပီးခဲ့တဲ့ဇြန္လအတြင္း ေပါင္ ၁.၇၈သန္းနဲ႔ ေခၚယူထားတာျဖစ္ၿပီး ကေနဒါႏိုင္ငံ၊ မြန္ထရီရယ္ရွိ အသင္းရဲ႕ေလ့က်င့္ေရးကြင္းမွာ အသင္းေဖာ္သစ္ေတြနဲ႔အတူ ပထမဆုံးအႀကိမ္ေလ့က်င့္ခန္းဆင္းခဲ့တာျဖစ္ပါတယ္။

Photo Credit

ကစားတဲ့ပုံစံအရ ဂ်ပန္မက္ဆီလုိ႔ တင္စားျခင္းခံထားရတဲ့ ကူဘုိဟာ ဗင္နီစီးယပ္စ္လုိျဖစ္လာလိမ့္မယ္လုိ႔ သုံးသပ္ခံေနရၿပီး အဲဒီဘရာဇီးလူငယ္တုိက္စစ္မွဴးဟာ ၿပီးခဲ့တဲ့ေႏြရာသီက ေပါင္ ၃၉သန္းနဲ႔ ေရာက္ရိွလာၿပီးေနာက္ အသင္းနဲ႔အတူ ပါ၀င္ကစားခြင့္ရရွိခဲ့ပါတယ္။ စပိန္သတင္းစာ ေအအက္စ္ရဲ႕ေဖာ္ျပခ်က္အရ ကူဘုိဟာ ရာသီသစ္အတြက္ အသင္းရဲ႕တရား၀င္အသင္းလုိက္ဓာတ္ပုံ႐ုိက္ကူးရာမွာ ပါ၀င္ခြင့္ရဖြယ္ရွိေနၿပီး ဘာစီလုိနာအသင္းကလည္း မ်ိဳးဆက္တစ္ခုမွာ တစ္ေယာက္ပဲထြက္ေပၚေလ့ရွိတဲ့ကူဘုိလုိကစားသမားကို ဆုံး႐ံႈးခဲ့ရလုိ႔ စိတ္ပ်က္ေနတယ္လုိ႔ သိရပါတယ္။

Photo Credit

ကူဘုိဟာ အသက္ ၉ႏွစ္ကေန ၁၃ႏွစ္အထိ ဘာစီလုိနာရဲ႕လာမာစီယာအကယ္ဒမီမွာ ကစားခြင့္ရရွိခဲ့ေပမယ့္ ဘာစီလိုနာအသင္း လူငယ္ကစားသမားေတြေခၚယူခဲ့ရာမွာ စည္းမ်ဥ္းခ်ိဳးေဖာက္ခဲ့တဲ့အတြက္ေၾကာင့္ အေျပာင္းအေရႊ႕ပိတ္ပင္ခံရခ်ိန္မွာ သူလည္း ဂ်ပန္ႏိုင္ငံကို ျပန္လည္ေျပာင္းေရႊ႕သြားပါတယ္။ ကူဘိုဟာ အက္ဖ္စီတုိက်ိဳအသင္းအတြက္ ေဖေဖာ္၀ါရီလမွာ စတင္က်င္းပခဲ့တ့ဲ ၂၀၁၉ ေဂ်-လိဂ္ရာသီမွာ ၁၃ပြဲကစားကာ ၄ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

Photo Credit ; Getty Images

Unicode

လေ့ကျင့်ရေးကွင်းမှ ဂျပန်မက်ဆီရဲ့ကစားပုံကို ရီးရဲလ်နည်းပြတွေတောင် ပါးစပ်အဟောင်းသားဖြစ်နေ

ရီးရဲလ်ဟာ အသင်းရဲ့လေ့ကျင့်ရေးကွင်းမှာ နည်းပြတွေပါးစပ်အဟောင်းသားဖြစ်အောင် ကစားနိုင်ခဲ့တဲ့လူငယ်ကြယ်ပွင့် ကူဘိုကို ရာသီသစ်ရောက်ရင် အသင်းလူစာရင်းမှာ ထည့်သွင်းဖို့ အဆင်သင့်ရှိနေကြောင်း သိရပါတယ်။ အသက် ၁၈နှစ်အရွယ်ရှိ ဂျပန်လက်ရွေးစင် ကူဘိုကို ရီးရဲလ်က ပြီးခဲ့တဲ့ဇွန်လအတွင်း ပေါင် ၁.၇၈သန်းနဲ့ ခေါ်ယူထားတာဖြစ်ပြီး ကနေဒါနိုင်ငံ၊ မွန်ထရီရယ်ရှိ အသင်းရဲ့လေ့ကျင့်ရေးကွင်းမှာ အသင်းဖော်သစ်တွေနဲ့အတူ ပထမဆုံးအကြိမ်လေ့ကျင့်ခန်းဆင်းခဲ့တာဖြစ်ပါတယ်။
ကစားတဲ့ပုံစံအရ ဂျပန်မက်ဆီလို့ တင်စားခြင်းခံထားရတဲ့ ကူဘိုဟာ ဗင်နီစီးယပ်စ်လိုဖြစ်လာလိမ့်မယ်လို့ သုံးသပ်ခံနေရပြီး အဲဒီဘရာဇီးလူငယ်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့နွေရာသီက ပေါင် ၃၉သန်းနဲ့ ရောက်ရှိလာပြီးနောက် အသင်းနဲ့အတူ ပါဝင်ကစားခွင့်ရရှိခဲ့ပါတယ်။ စပိန်သတင်းစာ အေအက်စ်ရဲ့ဖော်ပြချက်အရ ကူဘိုဟာ ရာသီသစ်အတွက် အသင်းရဲ့တရားဝင်အသင်းလိုက်ဓာတ်ပုံရိုက်ကူးရာမှာ ပါဝင်ခွင့်ရဖွယ်ရှိနေပြီး ဘာစီလိုနာအသင်းကလည်း မျိုးဆက်တစ်ခုမှာ တစ်ယောက်ပဲထွက်ပေါ်လေ့ရှိတဲ့ကူဘိုလိုကစားသမားကို ဆုံးရှုံးခဲ့ရလို့ စိတ်ပျက်နေတယ်လို့ သိရပါတယ်။
ကူဘိုဟာ အသက် ၉နှစ်ကနေ ၁၃နှစ်အထိ ဘာစီလိုနာရဲ့လာမာစီယာအကယ်ဒမီမှာ ကစားခွင့်ရရှိခဲ့ပေမယ့် ဘာစီလိုနာအသင်း လူငယ်ကစားသမားတွေခေါ်ယူခဲ့ရာမှာ စည်းမျဉ်းချိုးဖောက်ခဲ့တဲ့အတွက်ကြောင့် အပြောင်းအရွှေ့ပိတ်ပင်ခံရချိန်မှာ သူလည်း ဂျပန်နိုင်ငံကို ပြန်လည်ပြောင်းရွှေ့သွားပါတယ်။ ကူဘိုဟာ အက်ဖ်စီတိုကျိုအသင်းအတွက် ဖေဖော်ဝါရီလမှာ စတင်ကျင်းပခဲ့တဲ့ ၂၀၁၉ ဂျေ-လိဂ်ရာသီမှာ ၁၃ပွဲကစားကာ ၄ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။