ေလပိုင္နက္အသုံးျပဳခြင့္မရလို႔ မန္စီးတီးအသင္း မန္ခ်က္စတာေလဆိပ္မွာေသာင္တင္

မန္စီးတီးအသင္း ဟာပရီးမီးယားလိဂ္အာရွဖလားအတြက္ ခရီးထြက္ခြာဖို႔ျပင္ဆင္ခဲ့ေပမယ္႔ ေလပိုင္နက္အသုံးျပဳခြင့္ မရခဲ့လို႔ မန္ခ်က္စတာေလဆိပ္မွာေသာင္တင္ၿပီး သူတို႔ရဲ႕ခရီးစဥ္ကိုအေႏွာင့္အယွက္ျဖစ္ေစခဲ့တယ္လို႔ သိရပါတယ္။

နည္းျပဂြာဒီယိုလာရဲ႕အသင္းဟာ ေဒသစံေတာ္ခ်ိန္ညေန ၆ နာရီမွာ ေလယာဥ္နဲ႔ထြက္ခြာဖို႔စီစဥ္ထားေပမယ္႔ တရုတ္ေလပိုင္နက္ကိုအသုံးျပဳခြင့္ မရခဲ့တာေၾကာင့္သူတို႔အသုံးျပဳမယ္႔ Thomas Cook ေလေၾကာင္းလိုင္းကေလယာဥ္ဟာထြက္ခြာခြင့္မရခဲ့ဘဲ ေလဆိပ္မွာေသာင္တင္ေနခဲ့တာျဖစ္ပါတယ္။

မန္စီးတီးအသင္းဟာ တနဂၤေႏြမွာထြက္ခြာႏိုင္မွာျဖစ္ေပမယ္႔ သူတို႔ရဲ႕ျပင္ဆင္မႈကိုေတာ႔ တစ္ရက္ေနာက္က်ေစခဲ့လို႔ ထိခိုက္မႈေတြရွိလာပါတယ္။ လက္ရွိမွာသူတို႔စီးမယ္႔ေလယာဥ္ဟာလည္း ေလဆိပ္မွာတင္ရွိေနပါတယ္။ မန္စီးတီးအသင္းရဲ႕ထုတ္ျပန္ခ်က္ထဲမွာ သူတို႔ဘာမွမတတ္ႏိုင္တဲ႔ ျပႆ     နာတစ္ရပ္ႀကံဳေတြ႔ခဲ့ေပမယ္႔ တနဂၤေႏြမွာခရီးထြက္ဖို႔ေတာ႔ အဆင္ေျပလိမ့္မယ္လို႔ ေဖာ္ျပသြားပါတယ္။

မန္စီးတီးအသင္းမွာ ကစားသမား ၂၆ ဦးလိုက္ပါသြားခဲ့ၿပီး ပရီးမီးယားလိဂ္အာရွဖလားအျဖစ္ တရုတ္ျပည္မွာယွဥ္ၿပိဳင္ကစားမွာျဖစ္ၿပီး လာမယ္႔ ဗုဒၵဟူးေန႔မွာ ၀က္စ္ဟမ္းနဲ႔ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး စေနေန႔မွာ ဗိုလ္လုပြဲသို႔မဟုတ္ တတိယေနရာလုပြဲကစားရမွာျဖစ္ပါတယ္။

 

 

အဲဒီၿပိဳင္ပြဲၿပီး ရင္မန္စီးတီးဟာ ေဟာင္ေကာင္ကိုသြားၿပီး ကစ္ခ်ီအသင္းနဲ႔ေျခစမ္းဦးမွာျဖစ္ပါတယ္။ မန္စီးတီးအသင္းသားေတြဟာ အခုျဖစ္ရပ္ႀကံဳခဲ့ရလို႔ စိတ္ပ်က္ေနၾကတယ္လို႔လည္း သိရပါတယ္။

Unicode

လေပိုင်နက်အသုံးပြုခွင့်မရလို့ မန်စီးတီးအသင်း မန်ချက်စတာလေဆိပ်မှာသောင်တင်
မန်စီးတီးအသင်း ဟာပရီးမီးယားလိဂ်အာရှဖလားအတွက် ခရီးထွက်ခွာဖို့ပြင်ဆင်ခဲ့ပေမယ့် လေပိုင်နက်အသုံးပြုခွင့် မရခဲ့လို့ မန်ချက်စတာလေဆိပ်မှာသောင်တင်ပြီး သူတို့ရဲ့ခရီးစဉ်ကိုအနှောင့်အယှက်ဖြစ်စေခဲ့တယ်လို့ သိရပါတယ်။

နည်းပြဂွာဒီယိလာရဲ့အသင်းဟာ ဒေသစံတော်ချိန်ညနေ ၆ နာရီမှာ လေယာဉ်နဲ့ထွက်ခွာဖို့စီစဉ်ထားပေမယ့် တရုတ်လေပိုင်နက်ကိုအသုံးပြုခွင့် မရခဲ့တာကြောင့်သူတို့အသုံးပြုမယ့် Thomas Cook လေကြောင်းလိုင်းကလေယာဉ်ဟာထွက်ခွာခွင့်မရခဲ့ဘဲ လေဆိပ်မှာသောင်တင်နေခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ တနင်္ဂနွေမှာထွက်ခွာနိုင်မှာဖြစ်ပေမယ့် သူတို့ရဲ့ပြင်ဆင်မှုကိုတော့ တစ်ရက်နောက်ကျစေခဲ့လို့ ထိခိုက်မှုတွေရှိလာပါတယ်။ လက်ရှိမှာသူတို့စီးမယ့်လေယာဉ်ဟာလည်း လေဆိပ်မှာတင်ရှိနေပါတယ်။ မန်စီးတီးအသင်းရဲ့ထုတ်ပြန်ချက်ထဲမှာ သူတို့ဘာမှမတတ်နိုင်တဲ့ ပြဿ     နာတစ်ရပ်ကြုံတွေ့ခဲ့ပေမယ့် တနင်္ဂနွေမှာခရီးထွက်ဖို့တော့ အဆင်ပြေလိမ့်မယ်လို့ ဖော်ပြသွားပါတယ်။

မန်စီးတီးအသင်းမှာ ကစားသမား ၂၆ ဦးလိုက်ပါသွားခဲ့ပြီး ပရီးမီးယားလိဂ်အာရှဖလားအဖြစ် တရုတ်ပြည်မှာယှဉ်ပြိုင်ကစားမှာဖြစ်ပြီး လာမယ့် ဗုဒ္ဒဟူးနေ့မှာ ဝက်စ်ဟမ်းနဲ့ယှဉ်ပြိုင်ရမှာဖြစ်ပြီး စနေနေ့မှာ ဗိုလ်လုပွဲသို့မဟုတ် တတိယနေရာလုပွဲကစားရမှာဖြစ်ပါတယ်။

အဲဒီပြိုင်ပွဲပြီး ရင်မန်စီးတီးဟာ ဟောင်ကောင်ကိုသွားပြီး ကစ်ချီအသင်းနဲ့ခြေစမ်းဦးမှာဖြစ်ပါတယ်။ မန်စီးတီးအသင်းသားတွေဟာ အခုဖြစ်ရပ်ကြုံခဲ့ရလို့ စိတ်ပျက်နေကြတယ်လို့လည်း သိရပါတယ်။