ေရာ္နယ္ဒိုရဲ႕ေျခရာအတုိင္း လုိက္နင္းႏိုင္ဖို႔ ဖီးလစ္ စိတ္ပုိင္းျဖတ္ထား

0
236

Photo Credit ; Getty Images / Goal

Photo Credit ; BPI/REX

ေပၚတူဂီလူငယ္ၾကယ္ပြင့္ ဂ်ာအိုဖီးလစ္ဟာ ဒီေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာ နည္းျပဒီေယဂိုဆီျမြန္နီရဲ႕အက္သလက္တီကိုအသင္းကို စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးယူ႐ို၁၂၆သန္းနဲ႔ ဘင္ဖီကာအသင္းကေန ေျပာင္းေရႊလာခဲ့တာျဖစ္ပါတယ္။ အက္သလက္ကိုမေရာက္ရွိခင္ အဆိုပါ၁၉ႏွစ္သားကို ဥေရာပထိပ္သီးကလပ္ေတ္ာေတာ္မ်ားမ်ားကေခၚယူဖို႔ ခ်ိတ္ဆက္ခဲ့ၾကတာျဖစ္ပါတယ္။

Photo Credit ; Daily Mail

အက္သလက္တီကိုနည္းျပဆီျမြန္နီက ဒီေႏြရာသီမွာ ဘာစီလိုနာအသင္းကို ယူ႐ိုသန္း၁၂၀နဲ႔ ေျပာင္းေရႊ႕သြားခဲ့တဲ့ဂရစ္ဇ္မန္းရဲ႕ေနရာမွာ အစားထုိးဖို႔ ေပၚတူဂီသားကို ေခၚယူခဲ့တာပါ။ အဆိုပါလူငယ္တိုက္စစ္ကစားသမားေလးဟာ ၿပီးခဲ့တဲ့ဇြန္လကေရာ္နယ္ဒိုနဲ႔အတူ ယူအီးအက္ဖ္ေအေနးရွင္းလိဂ္ဖလားကို ေပၚတူဂီအသင္းသားအျဖစ္ အတူတကြ ကိုင္ေျမႇာက္ႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။

Photo Credit

ဂ်ာအိုဖီးလစ္က ေဘာလုံးသမုိင္းတစ္ေလွ်ာက္ အႀကီးက်ယ္ဆုံးကစားသမားတစ္ဦးအျဖစ္ သတ္မွတ္ခံထားရတဲ့ ေရာ္နယ္ဒိုရဲ႕ကစားသမားဘ၀အတုိင္းျဖစ္လာဖုိ႔က သူ႕ရဲ႕အိပ္မက္ျဖစ္ေၾကာင္း ၀န္ခံပါတယ္။ ဂ်ာအိုဖီးလစ္က ”ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ Ballon d’Or ဆု ၅ႀကိမ္ရရွိထားၿပီး ဒါက ကစားသမားတုိင္းရဲ႕အိပ္မက္ျဖစ္ပါတယ္။ ကၽြန္ေတာ္လည္း သူ႕လုိျဖစ္ခ်င္ပါတယ္”လို႔ ေျပာပါတယ္။

Photo Credit ; EPA

အက္သလက္ကိုအသင္းကို ေရြးခ်ယ္ခဲ့ရတ့ဲအေၾကာင္းရင္းနဲ႔ပတ္သက္လုိ႔ ဖီးလစ္က ”အက္သလက္တီကိုအသင္းတုိက္စစ္မွဴးေတြအေၾကာင္း သိထားပါတယ္။ သူတု႔ိဟာ ႀကီးက်ယ္တဲ့တုိက္စစ္မွဴးေတြျဖစ္ၿပီး ကၽြန္ေတာ္လည္း အဲဒီစာရင္းမွာ ေနာက္ျဖစ္လာမယ့္တုိက္စစ္မွဴးအျဖစ္ စာရင္းပါခ်င္ပါတယ္။ ဒီအတြက္ေၾကာင့္ပဲ အက္သလက္တီကိုအသင္းကို ေရြးခ်ယ္ခဲ့တာပါ”လု႔ိ ေျပာၾကားခဲ့ပါတယ္။

Photo Credit ; Getty Images

ဇူလိုင္လအေစာပိုင္း ႏူမန္စီယာအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားတဲ့ပြဲဦးထြက္ပြဲစဥ္မွာ ဖီးလစ္ဟာ ဒဏ္ရာအနည္းငယ္ရရွိခဲ့ေပမယ့္ သူ႕ရဲ႕ဒဏ္ရာက မျပင္းထန္ခဲ့ဘဲ ၿပီးခဲ့တဲ့ရက္သတၱပတ္က ရီးရဲလ္အသင္းကို ၇-၃ဂိုးနဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ၁ဂိုးသြင္းယူခဲ့ၿပီး ဂိုးဖန္တီးမႈ ၂ႀကိမ္ျပဳလုပ္ႏိုင္ခဲ့ပါတယ္။ အဆိုပါသြင္းဂိုးဟာ အက္သလက္တီကိုအသင္းမွာ ဖီးလစ္ရဲ႕ပထမဆံုးသြင္းဂိုးပဲျဖစ္ပါတယ္။

Photo Credit ; PA

အက္သလက္တီကိုအသင္းဟာ ၾသဂုတ္၁၈ရက္ေန႔မွာ ဂီတာေဖးအသင္းနဲ႔လိဂ္အဖြင့္ပြဲယွဥ္ၿပိဳင္မကစားမီ ေမဂ်ာလိဂ္ေအာစတား၊ ဆန္လူး၀စ္၊ ဂ်ဴဗင္တပ္စ္အသင္းတို႔နဲ႔ ခ်စ္ၾကည္ေရးေျခစမ္းပြဲစဥ္ ၃ပြဲကစားဦးမွာျဖစ္ပါတယ္။ အက္သလက္တီကိုဟာ ဒီေႏြရာသီမွာ အသင္းကို အႀကီးအက်ယ္ေျပာင္းလဲထားၿပီး ဖီးလစ္အပါအ၀င္ ကစားသမားသစ္ ၉ဦးအထိ ေခၚယူထားသလို ဂရစ္ဇ္မန္းအပါအ၀င္ ဟြမ္ဖရန္၊ ဂိုဒင္၊ လူးကပ္စ္ဟာနန္ဒက္ဇ္နဲ႔ ႐ိုဒရီတုိ႔လိုကစားသမားေတြနဲ႔ လမ္းခြဲခဲ့ပါတယ္။

Photo Credit 

Unicode

ရော်နယ်ဒိုရဲ့ခြေရာအတိုင်း လိုက်နင်းနိုင်ဖို့ ဖီးလစ် စိတ်ပိုင်းဖြတ်ထား

ပေါ်တူဂီလူငယ်ကြယ်ပွင့် ဂျာအိုဖီးလစ်ဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ နည်းပြဒီယေဂိုဆီမြွန်နီရဲ့အက်သလက်တီကိုအသင်းကို စံချိန်တင်ပြောင်းရွှေ့ကြေးယူရို၁၂၆သန်းနဲ့ ဘင်ဖီကာအသင်းကနေ ပြောင်းရွှေလာခဲ့တာဖြစ်ပါတယ်။ အက်သလက်ကိုမရောက်ရှိခင် အဆိုပါ၁၉နှစ်သားကို ဥရောပထိပ်သီးကလပ်တေ်ာတော်များများကခေါ်ယူဖို့ ချိတ်ဆက်ခဲ့ကြတာဖြစ်ပါတယ်။
အက်သလက်တီကိုနည်းပြဆီမြွန်နီက ဒီနွေရာသီမှာ ဘာစီလိုနာအသင်းကို ယူရိုသန်း၁၂၀နဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ဂရစ်ဇ်မန်းရဲ့နေရာမှာ အစားထိုးဖို့ ပေါ်တူဂီသားကို ခေါ်ယူခဲ့တာပါ။ အဆိုပါလူငယ်တိုက်စစ်ကစားသမားလေးဟာ ပြီးခဲ့တဲ့ဇွန်လကရော်နယ်ဒိုနဲ့အတူ ယူအီးအက်ဖ်အေနေးရှင်းလိဂ်ဖလားကို ပေါ်တူဂီအသင်းသားအဖြစ် အတူတကွ ကိုင်မြှောက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဂျာအိုဖီးလစ်က ဘောလုံးသမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ ရော်နယ်ဒိုရဲ့ကစားသမားဘဝအတိုင်းဖြစ်လာဖို့က သူ့ရဲ့အိပ်မက်ဖြစ်ကြောင်း ဝန်ခံပါတယ်။ ဂျာအိုဖီးလစ်က ”ခရစ္စတီယာနိုရော်နယ်ဒိုဟာ Ballon d’Or ဆု ၅ကြိမ်ရရှိထားပြီး ဒါက ကစားသမားတိုင်းရဲ့အိပ်မက်ဖြစ်ပါတယ်။ ကျွန်တော်လည်း သူ့လိုဖြစ်ချင်ပါတယ်“လို့ ပြောပါတယ်။
အက်သလက်ကိုအသင်းကို ရွေးချယ်ခဲ့ရတဲ့အကြောင်းရင်းနဲ့ပတ်သက်လို့ ဖီးလစ်က ”အက်သလက်တီကိုအသင်းတိုက်စစ်မှူးတွေအကြောင်း သိထားပါတယ်။ သူတု့ိဟာ ကြီးကျယ်တဲ့တိုက်စစ်မှူးတွေဖြစ်ပြီး ကျွန်တော်လည်း အဲဒီစာရင်းမှာ နောက်ဖြစ်လာမယ့်တိုက်စစ်မှူးအဖြစ် စာရင်းပါချင်ပါတယ်။ ဒီအတွက်ကြောင့်ပဲ အက်သလက်တီကိုအသင်းကို ရွေးချယ်ခဲ့တာပါ”လု့ိ ပြောကြားခဲ့ပါတယ်။
ဇူလိုင်လအစောပိုင်း နူမန်စီယာအသင်းနဲ့ ယှဉ်ပြိုင်ကစားတဲ့ပွဲဦးထွက်ပွဲစဉ်မှာ ဖီးလစ်ဟာ ဒဏ်ရာအနည်းငယ်ရရှိခဲ့ပေမယ့် သူ့ရဲ့ဒဏ်ရာက မပြင်းထန်ခဲ့ဘဲ ပြီးခဲ့တဲ့ရက်သတ္တပတ်က ရီးရဲလ်အသင်းကို ၇-၃ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ၁ဂိုးသွင်းယူခဲ့ပြီး ဂိုးဖန်တီးမှု ၂ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။ အဆိုပါသွင်းဂိုးဟာ အက်သလက်တီကိုအသင်းမှာ ဖီးလစ်ရဲ့ပထမဆုံးသွင်းဂိုးပဲဖြစ်ပါတယ်။
အက်သလက်တီကိုအသင်းဟာ သြဂုတ်၁၈ရက်နေ့မှာ ဂီတာဖေးအသင်းနဲ့လိဂ်အဖွင့်ပွဲယှဉ်ပြိုင်မကစားမီ မေဂျာလိဂ်အောစတား၊ ဆန်လူးဝစ်၊ ဂျူဗင်တပ်စ်အသင်းတို့နဲ့ ချစ်ကြည်ရေးခြေစမ်းပွဲစဉ် ၃ပွဲကစားဦးမှာဖြစ်ပါတယ်။ အက်သလက်တီကိုဟာ ဒီနွေရာသီမှာ အသင်းကို အကြီးအကျယ်ပြောင်းလဲထားပြီး ဖီးလစ်အပါအဝင် ကစားသမားသစ် ၉ဦးအထိ ခေါ်ယူထားသလို ဂရစ်ဇ်မန်းအပါအဝင် ဟွမ်ဖရန်၊ ဂိုဒင်၊ လူးကပ်စ်ဟာနန်ဒက်ဇ်နဲ့ ရိုဒရီတို့လိုကစားသမားတွေနဲ့ လမ်းခွဲခဲ့ပါတယ်။