ေရာ္နယ္ဒိုနဲ႔ မက္ဆီ ဘယ္သူပိုေကာင္းလဲဆုိတဲ့ေမးခြန္းကို ေျဖဆုိသြားတဲ့ ကာဗာဂ်ယ္

0
600

Photo Credit

 

Photo Credit ; PA

ရီးရဲလ္ညာေနာက္ခံလူ ကာဗာဂ်ယ္ဟာ အသင္းသမုိင္းတစ္ေလွ်ာက္ ထာ၀ရအေကာင္းဆုံးကစားသမားေရြးခ်ယ္ရာမွာ တုိက္စစ္မွဴးေရာ္နယ္ဒိုကို ျငင္းဆန္ခဲ့သလို ဘာစီလုိနာတုိက္စစ္မွဴး မက္ဆီနဲ႔ ဘယ္သူပိုေကာင္းလဲဆိုတဲ့ေမးခြန္းနဲ႔ပတ္သက္လုိ႔လည္း သူ႕အသင္းေဖာ္ေဟာင္းဘက္ကေန မားမားမတ္မတ္မရပ္တည္ခဲ့ေၾကာင္း သိရပါတယ္။ ၂၀၁၈ ေႏြရာသီမွာ ရီးရဲလ္ကေန ဂ်ဴဗင္တပ္စ္ကို တုိက္စစ္မွဴး ေရာ္နယ္ဒို ေျပာင္းေရႊ႕သြားၿပီးေနာက္ ကာဗာဂ်ယ္ကို သတင္းေထာက္ေတြက ေဘာလုံးေလာကရဲ႕႐ိုးေပမယ့္ အျငင္းအခုန္ထြက္ေပၚစၿမဲျဖစ္တဲ့ ေမးခြန္း ေမးခ့ဲတာျဖစ္ပါတယ္။ စပိန္လက္ေရြးစင္ ကာဗာဂ်ယ္က Ballon d’Or ဆု ၅ႀကိမ္စီရရွိထားတဲ့ ကစားသမား ၂ဦးထဲက ပိုေကာင္းတဲ့ကစားသမားကို ေရြးထုတ္ခဲ့ရတာျဖစ္ၿပီး ေရာ္နယ္ဒိုက ရီးရဲလ္မွာ သူနဲ႔ ၅ရာသီၾကာလက္တြဲကစားခဲ့တာမွန္ေပမယ့္ ကာဗာဂ်ယ္ကေတာ့ ျပတ္သားတဲ့အေျဖမေပးခဲ့ပါဘူး။

 

Photo Credit

”မက္ဆီနဲ႔ေရာ္နယ္ဒိုက ႏိႈင္းယွဥ္ရခက္တယ္လုိ႔ ထင္ပါတယ္။ သူတုိ႔ႏွစ္ေယာက္က ေဘာလုံးသမုိင္းတစ္ေလွ်ာက္ အေကာင္းဆုံးကစားသမားေတြျဖစ္ေပမယ့္ အရမ္းကိုကြဲျပားျခားနားပါတယ္။ မက္ဆီက ေဘာလုံးနဲ႔ပတ္သက္လုိ႔ ပုိမုိမ်ားျပားတဲ့အရာေတြ ထုတ္ျပႏိုင္စြမ္းရွိၿပီး ေဘာလုံးေပးပို႔ဖို႔အတြက္လည္း ပိုေကာင္းတဲ့အျမင္ရွိပါတယ္။ မက္ဆီက ေျခေထာက္ထဲေဘာလုံးထားၿပီး ေနရာလြတ္ေတြအၿမဲတမ္းရွာေဖြတဲ့ကစားသမားမ်ိဳးပါ။ ေရာ္နယ္ဒိုကေတာ့ ဧရိယာထဲဆြဲ၀င္ၿပီး ဂိုးသြင္းဖုိ႔ပဲ အာ႐ုံစုိက္တဲ့ကစားသမားမ်ိဳးပါ။ သူက အျမစ္ျဖတ္ေခ်မႈန္းေရးသမားျဖစ္ပါတယ္။ သူတုိ႔ႏွစ္ေယာက္ ကြဲျပားျခားနားေပမယ့္ သိပ္ေကာင္းတာခ်င္းေတာ့ တူပါတယ္”လို႔ ကာဗာဂ်ယ္က သူ႕အျမင္ကို ေျပာပါတယ္။

Photo Credit

ကာဗာဂ်ယ္ဟာ ရီးရဲလ္အသင္းတစ္ေလွ်ာက္ ထာ၀ရအႀကီးက်ယ္ဆုံးကစားသမားေရြးခ်ယ္ရာမွာလည္း ေရာ္နယ္ဒိုကို ခ်န္လွပ္ကာ ဂႏၳ၀င္တုိက္စစ္မွဴးရာအူးလ္ကုိပဲ ေရြးခ်ယ္ခဲ့ပါတယ္။ ”သူက ရီးရဲလ္အကယ္ဒမီကေန ထြက္ေပၚလာသူျဖစ္သလို သူ႕အလုပ္နဲ႔ႀကိဳးစားမႈေတြရဲ႕အသီးအပြင့္ေတြအားလုံးရယူႏိုင္ခဲ့ပါတယ္။ ရာအူးလ္က အျမန္ဆုံး၊ ေဘာလုံးထိန္းတာအေကာင္းဆုံး၊ ေခါင္းတုိက္အေကာင္းဆုံး စတဲ့ကၽြမ္းက်င္မႈေတြပိုင္ဆိုင္ထားတယ္လုိ႔ မထင္ေပမယ့္ သူလုပ္ေဆာင္ခဲ့သမွ်က မွန္ကန္ပါတယ္”လုိ႔ ကာဗာဂ်ယ္က ဆက္ေျပာပါတယ္။

Photo Credit

Unicode

ရော်နယ်ဒိုနဲ့ မက်ဆီ ဘယ်သူပိုကောင်းလဲဆိုတဲ့မေးခွန်းကို ဖြေဆိုသွားတဲ့ ကာဗာဂျယ်

ရီးရဲလ်ညာနောက်ခံလူ ကာဗာဂျယ်ဟာ အသင်းသမိုင်းတစ်လျှောက် ထာဝရအကောင်းဆုံးကစားသမားရွေးချယ်ရာမှာ တိုက်စစ်မှူးရော်နယ်ဒိုကို ငြင်းဆန်ခဲ့သလို ဘာစီလိုနာတိုက်စစ်မှူး မက်ဆီနဲ့ ဘယ်သူပိုကောင်းလဲဆိုတဲ့မေးခွန်းနဲ့ပတ်သက်လို့လည်း သူ့အသင်းဖော်ဟောင်းဘက်ကနေ မားမားမတ်မတ်မရပ်တည်ခဲ့ကြောင်း သိရပါတယ်။ ၂၀၁၈ နွေရာသီမှာ ရီးရဲလ်ကနေ ဂျူဗင်တပ်စ်ကို တိုက်စစ်မှူး ရော်နယ်ဒို ပြောင်းရွှေ့သွားပြီးနောက် ကာဗာဂျယ်ကို သတင်းထောက်တွေက ဘောလုံးလောကရဲ့ရိုးပေမယ့် အငြင်းအခုန်ထွက်ပေါ်စမြဲဖြစ်တဲ့ မေးခွန်း မေးခဲ့တာဖြစ်ပါတယ်။ စပိန်လက်ရွေးစင် ကာဗာဂျယ်က Ballon d’Or ဆု ၅ကြိမ်စီရရှိထားတဲ့ ကစားသမား ၂ဦးထဲက ပိုကောင်းတဲ့ကစားသမားကို ရွေးထုတ်ခဲ့ရတာဖြစ်ပြီး ရော်နယ်ဒိုက ရီးရဲလ်မှာ သူနဲ့ ၅ရာသီကြာလက်တွဲကစားခဲ့တာမှန်ပေမယ့် ကာဗာဂျယ်ကတော့ ပြတ်သားတဲ့အဖြေမပေးခဲ့ပါဘူး။
”မက်ဆီနဲ့ရော်နယ်ဒိုက နှိုင်းယှဉ်ရခက်တယ်လို့ ထင်ပါတယ်။ သူတို့နှစ်ယောက်က ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားတွေဖြစ်ပေမယ့် အရမ်းကိုကွဲပြားခြားနားပါတယ်။ မက်ဆီက ဘောလုံးနဲ့ပတ်သက်လို့ ပိုမိုများပြားတဲ့အရာတွေ ထုတ်ပြနိုင်စွမ်းရှိပြီး ဘောလုံးပေးပို့ဖို့အတွက်လည်း ပိုကောင်းတဲ့အမြင်ရှိပါတယ်။ မက်ဆီက ခြေထောက်ထဲဘောလုံးထားပြီး နေရာလွတ်တွေအမြဲတမ်းရှာဖွေတဲ့ကစားသမားမျိုးပါ။ ရော်နယ်ဒိုကတော့ ဧရိယာထဲဆွဲဝင်ပြီး ဂိုးသွင်းဖို့ပဲ အာရုံစိုက်တဲ့ကစားသမားမျိုးပါ။ သူက အမြစ်ဖြတ်ချေမှုန်းရေးသမားဖြစ်ပါတယ်။ သူတို့နှစ်ယောက် ကွဲပြားခြားနားပေမယ့် သိပ်ကောင်းတာချင်းတော့ တူပါတယ်”လို့ ကာဗာဂျယ်က သူ့အမြင်ကို ပြောပါတယ်။
ကာဗာဂျယ်ဟာ ရီးရဲလ်အသင်းတစ်လျှောက် ထာဝရအကြီးကျယ်ဆုံးကစားသမားရွေးချယ်ရာမှာလည်း ရော်နယ်ဒိုကို ချန်လှပ်ကာ ဂန္ထဝင်တိုက်စစ်မှူးရာအူးလ်ကိုပဲ ရွေးချယ်ခဲ့ပါတယ်။ ”သူက ရီးရဲလ်အကယ်ဒမီကနေ ထွက်ပေါ်လာသူဖြစ်သလို သူ့အလုပ်နဲ့ကြိုးစားမှုတွေရဲ့အသီးအပွင့်တွေအားလုံးရယူနိုင်ခဲ့ပါတယ်။ ရာအူးလ်က အမြန်ဆုံး၊ ဘောလုံးထိန်းတာအကောင်းဆုံး၊ ခေါင်းတိုက်အကောင်းဆုံး စတဲ့ကျွမ်းကျင်မှုတွေပိုင်ဆိုင်ထားတယ်လို့ မထင်ပေမယ့် သူလုပ်ဆောင်ခဲ့သမျှက မှန်ကန်ပါတယ်”လို့ ကာဗာဂျယ်က ဆက်ပြောပါတယ်။