ေဘးလ္ရဲ႕ေအးဂ်င့္စကားေၾကာင့္ အရွိန္ပိုျမင့္လာတဲ႔ ရီးရဲလ္ျပည္တြင္းစစ္

ရီးရဲလ္မက္ဒရစ္အသင္းနည္းျပ ဇီဒန္းနဲ႔ ေတာင္ပံကစားသမား ဂါရတ္ေဘးလ္တို႔အၾကား ကစားသမားရဲ႕အနာဂတ္နဲ႔ပတ္သက္ၿပီး တင္းမာမႈေတြရွိေနစဥ္မွာ ေဘးလ္ရဲ႕ေအးဂ်င့္စကားေၾကာင့္ သူတို႔ၾကားမွာျဖစ္ေနတဲ႔ ျပႆ     နာကပိုၿပီးဆိုးရြားလာၿပီလို႔သိရပါတယ္။

ဇီဒန္းက ေဘးလ္ကိုအသင္းကေနထြက္ခိုင္းထားတာကို ေအးဂ်င့္ ဂ်ဳိနသန္ဘားနက္ကမေက်မနပ္ျဖစ္ၿပီး ဇီဒန္းဟာက်က္သေရမရွိသူလို႔တုံ႔ျပန္ထားၿပီးပါၿပီ။ ဒါ႔အျပင္သူကဒီကေန႔မွာလည္း ဇီဒန္းကိုေဒါသထြက္ေစမယ္႔စကားထပ္ေျပာလိုက္ၿပီး ေဘးလ္ဟာစာခ်ဳပ္သက္တမ္းကုန္တဲ႔အထိအသင္းမွာဆက္ေနသြားမွာလို႔ ေျပာလိုက္ပါတယ္။

ဘားနက္က”ကလပ္ကေနေဘးလ္ထြက္ခြာဖို႔ သေဘာတူထားတာမရွိဘူး။ သူဟာကမၻာ႔အေကာင္းဆုံးကစားသမားေတြထဲကတစ္ဦးပါ။ သူ႔ကိုအငွားခ်ထားလို႔မရေစရဘူးလို႔ က်ြန္ေတာ္အာမခံတယ္။ သူဟာရီးရဲလ္မက္ဒရစ္ကစားသမားျဖစ္ၿပီး စာခ်ဳပ္သက္တမ္း ၃ ႏွစ္က်န္ေနေသးလို႔ စာခ်ဳပ္ကုန္တဲ႔အထိဆက္ေနသြားမယ္” လို႔ေျပာသြားတာပါ။

အသက္ ၃၀ ရွိၿပီျဖစ္တဲ႔ ေဘးလ္ဟာၿပီးခဲ့တဲ႔ ၆ ရာသီအတြင္းရီးရဲလ္မက္ဒရစ္ခ်န္ပီယံလိဂ္ဖလား ၄ ႀကိမ္ရရွိခဲ့ရာမွာ အနည္းဆုံး ၃ ႀကိမ္မွာအဓိက က်သူျဖစ္ခဲ့ပါတယ္။ ေဘးလ္ရဲ႕ေအးဂ်င့္ေျပာစကားဟာ ဇီဒန္းကိုေဒါသထြက္ေစမွာျဖစ္လို႔ ရီးရဲလ္ႀကံဳေတြ႔ေနရတဲ႔ ျပည္တြင္းစစ္ဟာ ပိုၿပီးဆိုးရြားလာတယ္လို႔လည္း ဆိုၾကပါတယ္။

ဇီဒန္းဟာေဘးလ္ကို အသင္းကေနထြက္ခိုင္းျခင္တာဟာ မေျပာသင့္တဲ႔စကားျဖစ္ၿပီး ေဘးလ္မွာစာခ်ဳပ္သက္တမ္းရွိထားတဲ႔အတြက္ ကလပ္နဲ႔သာပိုၿပီးသက္ဆိုင္တဲ႔ကိစၥျဖစ္တယ္လို႔လည္း သုံးသပ္ေနၾကပါတယ္။

Unicode

ဘေးလ်ရဲ့အေးဂျင့်စကားကြောင့် အရှိန်ပိုမြင့်လာတဲ့ ရီးရဲလ်ပြည်တွင်းစစ်
ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းနဲ့ တောင်ပံကစားသမား ဂါရတ်ဘေးလ်တို့အကြား ကစားသမားရဲ့အနာဂတ်နဲ့ပတ်သက်ပြီး တင်းမာမှုတွေရှိနေစဉ်မှာ ဘေးလ်ရဲ့အေးဂျင့်စကားကြောင့် သူတို့ကြားမှာဖြစ်နေတဲ့ ပြဿ     နာကပိုပြီးဆိုးရွားလာပြီလို့သိရပါတယ်။

ဇီဒန်းက ဘေးလ်ကိုအသင်းကနေထွက်ခိုင်းထားတာကို အေးဂျင့် ဂျိုနသန်ဘားနက်ကမကျေမနပ်ဖြစ်ပြီး ဇီဒန်းဟာကျက်သရေမရှိသူလို့တုံ့ပြန်ထားပြီးပါပြီ။ ဒါ့အပြင်သူကဒီကနေ့မှာလည်း ဇီဒန်းကိုဒေါသထွက်စေမယ့်စကားထပ်ပြောလိုက်ပြီး ဘေးလ်ဟာစာချုပ်သက်တမ်းကုန်တဲ့အထိအသင်းမှာဆက်နေသွားမှာလို့ ပြောလိုက်ပါတယ်။

ဘားနက်က”ကလပ်ကနေဘေးလ်ထွက်ခွာဖို့ သဘောတူထားတာမရှိဘူး။ သူဟာကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲကတစ်ဦးပါ။ သူ့ကိုအငှားချထားလို့မရစေရဘူးလို့ ကျွန်တော်အာမခံတယ်။ သူဟာရီးရဲလ်မက်ဒရစ်ကစားသမားဖြစ်ပြီး စာချုပ်သက်တမ်း ၃ နှစ်ကျန်နေသေးလို့ စာချုပ်ကုန်တဲ့အထိဆက်နေသွားမယ်” လို့ပြောသွားတာပါ။

အသက် ၃၀ ရှိပြီဖြစ်တဲ့ ဘေးလ်ဟာပြီးခဲ့တဲ့ ၆ ရာသီအတွင်းရီးရဲလ်မက်ဒရစ်ချန်ပီယံလိဂ်ဖလား ၄ ကြိမ်ရရှိခဲ့ရာမှာ အနည်းဆုံး ၃ ကြိမ်မှာအဓိက ကျသူဖြစ်ခဲ့ပါတယ်။ ဘေးလ်ရဲ့အေးဂျင့်ပြောစကားဟာ ဇီဒန်းကိုဒေါသထွက်စေမှာဖြစ်လို့ ရီးရဲလ်ကြုံတွေ့နေရတဲ့ ပြည်တွင်းစစ်ဟာ ပိုပြီးဆိုးရွားလာတယ်လို့လည်း ဆိုကြပါတယ်။

ဇီဒန်းဟာဘေးလ်ကို အသင်းကနေထွက်ခိုင်းခြင်တာဟာ မပြောသင့်တဲ့စကားဖြစ်ပြီး ဘေးလ်မှာစာချုပ်သက်တမ်းရှိထားတဲ့အတွက် ကလပ်နဲ့သာပိုပြီးသက်ဆိုင်တဲ့ကိစ္စဖြစ်တယ်လို့လည်း သုံးသပ်နေကြပါတယ်။