ေပၚတူဂီစူပါဖလားပြဲၿပီးရင္ မန္ယူကိုေပါင္ ၅၆ သန္းနဲ႔ေျပာင္းေရႊ႕မယ္႔ ဘရူႏိုဖာနန္ဒက္စ္

စပို႔တင္းလစၥဘြန္းကြင္းလယ္လူ ဘရူႏိုဖာနန္ဒက္စ္ဟာ တနဂၤေႏြေန႔မွာ ဘင္ဖီကာနဲ႔ယွဥ္ၿပိဳင္ရမယ္႔ ေပၚတူဂီစူပါဖလားပြဲစဥ္ၿပီးရင္ မန္ယူကိုေပါင္ ၅၆ သန္းနဲ႔ေျပာင္းေရႊ႕ေတာ႔မယ္လို႔ သိရပါတယ္။ သူ႔အတြက္ မန္ယူနဲ႔စပို႔တင္းအၾကားသေဘာတူညီခ်က္ရထားၿပီးသားလို႔လည္းဆိုပါတယ္။

ေပၚတူဂီသတင္းစာေတြျဖစ္တဲ႔ A Bola and Record တို႔ကအသက္ ၂၄ ႏွစ္ရွိတဲ႔ ဖာနန္ဒက္စ္ဟာ သူ႔အသင္းစပို႔တင္းအတြက္ ေနာက္တစ္ပြဲထပ္ကစားဦးမွာျဖစ္ၿပီး ဒီပြဲကေတာ႔ သူ႔တို႔ရဲ႕မဟာၿပိဳင္ဘက္ျဖစ္တဲ႔ ဘင္ဖီကာနဲ႔ယဥ္ၿပိဳင္မယ္႔ ေပၚတူဂီစူပါဖလားပြဲျဖစ္တယ္လို႔ ေဖာ္ျပသြားပါတယ္။

 

စပို႔တင္းလစၥဘြန္းအသင္းနည္းျပ မာဆယ္ကိုင္ဇာ ကဖာနန္ဒက္စ္ကိုေပၚတူဂီစူပါဖလားပြဲမွာအသုံးျပဳဖို႔ အရင္ကတည္းကစီစဥ္ထားၿပီးျဖစ္လို႔ အခုခ်ိန္မွာမွ မသုံးဖို႔ဆုံးျဖတ္မယ္ဆိုရင္ပေရာ္ဖက္ရွင္နယ္မဆန္ရာက်မယ္လို႔ ယူဆၿပီး အဲဒီပြဲမွာသုံးၿပီးမွလက္လႊတ္ခံဖို႔ ဆုံးျဖတ္ထားတာျဖစ္ပါတယ္။

ဖာနန္ဒက္စ္ဟာ ၿပီးခဲ့တဲ႔ စေနေန႔က ဗလင္စီယာနဲ႔ေျခစမ္းပြဲမွာ အသင္းကိုမ်က္ရည္ေတြနဲ႔ ႏႈတ္ဆက္ခဲ့ေပမယ္႔ ေနာက္တစ္ပြဲထပ္ကစားမယ္ဆိုတာကို အသင္းေဖာ္ေတြကသိထားၿပီးသားျဖစ္ပါတယ္။ ဒီပြဲမွာ ဖာနန္ဒက္စ္ဟာအသင္းေခါင္းေဆာင္အျဖစ္တာ၀န္ယူဦးမယ္လို႔လည္း သိရပါတယ္။

ဖာနန္ဒက္စ္ဟာၿပီးခဲ့တဲ႔ ရာသီကစပို႔တင္းလစၥဘြန္းအတြက္ ၿပိဳင္ပြဲအရပ္ရပ္ ၃၂ ဂိုးသြင္းယူၿပီး ၁၈ ဂိုးဖန္တီးေပးခဲ့သူျဖစ္လို႔ သူ႔စြမ္းေဆာင္ရည္ကျမင့္မားၿပီး ဥေရာပရဲ႕ထိပ္တန္းအဆင့္ကြင္းလယ္လူတစ္ဦးအျဖစ္သတ္မွတ္ခံထားရပါတယ္။

Unicode

ပေါ်တူဂီစူပါဖလားပွဲပြီးရင် မန်ယူကိုပေါင် ၅၆ သန်းနဲ့ပြောင်းရွှေ့မယ့် ဘရူနိုဖာနန်ဒက်စ်
စပို့တင်းလစ္စဘွန်းကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ဟာ တနင်္ဂနွေနေ့မှာ ဘင်ဖီကာနဲ့ယှဉ်ပြိုင်ရမယ့် ပေါ်တူဂီစူပါဖလားပွဲစဉ်ပြီးရင် မန်ယူကိုပေါင် ၅၆ သန်းနဲ့ပြောင်းရွှေ့တော့မယ်လို့ သိရပါတယ်။ သူ့အတွက် မန်ယူနဲ့စပို့တင်းအကြားသဘောတူညီချက်ရထားပြီးသားလို့လည်းဆိုပါတယ်။

ပေါ်တူဂီသတင်းစာတွေဖြစ်တဲ့ A Bola and Record တို့ကအသက် ၂၄ နှစ်ရှိတဲ့ ဖာနန်ဒက်စ်ဟာ သူ့အသင်းစပို့တင်းအတွက် နောက်တစ်ပွဲထပ်ကစားဦးမှာဖြစ်ပြီး ဒီပွဲကတော့ သူ့တို့ရဲ့မဟာပြိုင်ဘက်ဖြစ်တဲ့ ဘင်ဖီကာနဲ့ယဉ်ပြိုင်မယ့် ပေါ်တူဂီစူပါဖလားပွဲဖြစ်တယ်လို့ ဖော်ပြသွားပါတယ်။

စပို့တင်းလစ္စဘွန်းအသင်းနည်းပြ မာဆယ်ကိုင်ဇာ ကဖာနန်ဒက်စ်ကိုပေါ်တူဂီစူပါဖလားပွဲမှာအသုံးပြုဖို့ အရင်ကတည်းကစီစဉ်ထားပြီးဖြစ်လို့ အခုချိန်မှာမှ မသုံးဖို့ဆုံးဖြတ်မယ်ဆိုရင်ပရော်ဖက်ရှင်နယ်မဆန်ရာကျမယ်လို့ ယူဆပြီး အဲဒီပွဲမှာသုံးပြီးမှလက်လွှတ်ခံဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။

ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ စနေနေ့က ဗလင်စီယာနဲ့ခြေစမ်းပွဲမှာ အသင်းကိုမျက်ရည်တွေနဲ့ နှုတ်ဆက်ခဲ့ပေမယ့် နောက်တစ်ပွဲထပ်ကစားမယ်ဆိုတာကို အသင်းဖော်တွေကသိထားပြီးသားဖြစ်ပါတယ်။ ဒီပွဲမှာ ဖာနန်ဒက်စ်ဟာအသင်းခေါင်းဆောင်အဖြစ်တာဝန်ယူဦးမယ်လို့လည်း သိရပါတယ်။

ဖာနန်ဒက်စ်ဟာပြီးခဲ့တဲ့ ရာသီကစပို့တင်းလစ္စဘွန်းအတွက် ပြိုင်ပွဲအရပ်ရပ် ၃၂ ဂိုးသွင်းယူပြီး ၁၈ ဂိုးဖန်တီးပေးခဲ့သူဖြစ်လို့ သူ့စွမ်းဆောင်ရည်ကမြင့်မားပြီး ဥရောပရဲ့ထိပ်တန်းအဆင့်ကွင်းလယ်လူတစ်ဦးအဖြစ်သတ်မှတ်ခံထားရပါတယ်။