ေပါ့ဂ္ဘာကို ဆက္ထိန္းႏိုင္ရင္ေတာင္ ဖာနန္ဒက္စ္ကို ေခၚယူႏိုင္လိမ့္မယ္လုိ႔ ယူႏုိက္တက္ ယုံၾကည္

Photo Credit

Photo Credit ; Getty Images

ယူႏိုက္တက္ဟာ အဓိကကြင္းလယ္လူ ေပါ့ဂ္ဘာကို အသင္းမွာ ဆက္ထိန္းထားႏုိင္ရင္လည္း ကြင္းလယ္ပိုင္းအတြက္ အင္အားျဖည့္တင္းႏုိင္လိမ့္မယ္လုိ႔ ယုံၾကည္လ်က္ရွိပါတယ္။ ယူႏုိက္တက္ဟာ ယခုေႏြရာသီအတြင္း အသင္းရဲ႕အဓိကေနရာေတြအတြက္ အင္အားျဖည့္တင္းမႈေတြျပဳလုပ္ေနၿပီး ဗဟိုေနာက္ခံလူေနရာအတြက္ လက္စတာေနာက္ခံလူ မက္ဂြိဳင္းယားကို ေခၚယူႏိုင္ေတာ့မွာျဖစ္လုိ႔ အခုအခါဗဟိုကြင္းလယ္ေနရာအတြက္ အင္အားျဖည့္တင္းဖို႔ စီစဥ္ေနတာျဖစ္ပါတယ္။

Photo Credit ; Getty Images

Independent သတင္းစာရဲ႕ေဖာ္ျပခ်က္အရ ယူႏိုက္တက္ဟာ လာမယ့္ရက္သတၱပတ္ ၃ပတ္အတြင္း ေပါင္သန္း ၅၀တန္ေၾကးရွိ စပို႔တင္းလစၥဘြန္းကြင္းလယ္လူ ဘ႐ူႏုိဖာနန္ဒက္စ္ကို ေခၚယူႏိုင္လိမ့္မယ္လုိ႔ ယုံၾကည္ေနတာပါ။ ေပၚတူဂီလက္ေရြးစင္ ဖာနန္ဒက္စ္ဟာ ဥေရာပရဲ႕စိတ္လႈပ္ရွားအေကာင္းဆုံးလူငယ္ကစားသမားတစ္ဦးအျဖစ္ သတ္မွတ္ခံထားရၿပီး ေပၚတူဂီကလည္း သူ႕ကို ေျပာင္းေရႊ႕ေၾကးနည္းပါးစြာနဲ႔ အသင္းကေန ထြက္ခြာခြင့္ျပဳမွာမဟုတ္ပါဘူး။

Photo Credit

ၿပီးခဲ့တဲ့ရာသီက စပို႔တင္းလစၥဘြန္းအတြက္ ၃၁ဂိုးသြင္းယူေပးခဲ့တဲ့ ဖာနန္ဒက္စ္ကုိယ္တုိင္ကလည္း ပရီးမီးယားလိဂ္ကို ေျပာင္းေရႊ႕ကစားလုိေနၿပီး ယူႏုိက္တက္ရဲ႕အဓိကအားသာခ်က္က သူ႕ကို လုိခ်င္ေနတဲ့တျခားအသင္းအမ်ားစုက ဖာနန္ဒက္စ္ကို အရန္အေနနဲ႔ ေခၚယူခ်င္ေနတာျဖစ္ေပမယ့္ အုိးလ္ထရက္ဖို႔ဒ္အေျခစိုက္အသင္းကေတာ့ သူ႕ကို ပုံမွန္ပြဲထြက္ခြင့္ေပးႏုိင္တဲ့အခ်က္ျဖစ္ပါတယ္။ အထူးသျဖင့္ ရီးရဲလ္နဲ႔သတင္းေတြထြက္ေပၚေနတဲ့ ေပ့ါဂ္ဘာ အသင္းမွာ ဆက္ရွိမယ္ဆိုရင္ေတာင္ ယူႏုိက္တက္က ဖာနန္ဒက္စ္ကို ေခၚယူဖုိ႔ ႀကိဳးစားမယ္လုိ႔ သိရပါတယ္။

Photo Credit ; Getty Images

ျပင္သစ္လက္ေရြးစင္ ေပ့ါဂ္ဘာဟာ ယူႏုိက္တက္ရဲ႕ရာသီႀကိဳေျခစမ္းပြဲခရီးစဥ္အျဖစ္ ၾသစေၾတးလ်ႏိုင္ငံကို ေရာက္ရွိေနၿပီး စေနေန႔က ပါ့သ္ဂလုိရီကို အႏိုင္ရခဲ့တဲ့ပထမဆုံးေျခစမ္းပြဲမွာလည္း ပါ၀င္ကစားခဲ့ပါတယ္။ ေပ့ါဂ္ဘာဟာ ၂၀၁၆ ေႏြရာသီက ဂ်ဴဗင္တပ္စ္အသင္းကေန ကမၻာ့စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး(ထုိစဥ္က) ေပါင္ ၈၉သန္းနဲ႔ ယူႏုိက္တက္ကို ျပန္လည္ေရာက္ရွိလာၿပီးေနာက္ စိန္ေခၚမႈအသစ္ေတြနဲ႔ရင္ဆုိင္လုိေၾကာင္း ယခုေႏြရာသီအေစာပိုင္းက လူသိရွင္ၾကားအသိေပးခဲ့ပါတယ္။

Photo Credit 

Unicode

ပေါ့ဂ်ဘာကို ဆက်ထိန်းနိုင်ရင်တောင် ဖာနန်ဒက်စ်ကို ခေါ်ယူနိုင်လိမ့်မယ်လို့ ယူနိုက်တက် ယုံကြည်

ယူနိုက်တက်ဟာ အဓိကကွင်းလယ်လူ ပေါ့ဂ်ဘာကို အသင်းမှာ ဆက်ထိန်းထားနိုင်ရင်လည်း ကွင်းလယ်ပိုင်းအတွက် အင်အားဖြည့်တင်းနိုင်လိမ့်မယ်လို့ ယုံကြည်လျက်ရှိပါတယ်။ ယူနိုက်တက်ဟာ ယခုနွေရာသီအတွင်း အသင်းရဲ့အဓိကနေရာတွေအတွက် အင်အားဖြည့်တင်းမှုတွေပြုလုပ်နေပြီး ဗဟိုနောက်ခံလူနေရာအတွက် လက်စတာနောက်ခံလူ မက်ဂွိုင်းယားကို ခေါ်ယူနိုင်တော့မှာဖြစ်လို့ အခုအခါဗဟိုကွင်းလယ်နေရာအတွက် အင်အားဖြည့်တင်းဖို့ စီစဉ်နေတာဖြစ်ပါတယ်။
Independent သတင်းစာရဲ့ဖော်ပြချက်အရ ယူနိုက်တက်ဟာ လာမယ့်ရက်သတ္တပတ် ၃ပတ်အတွင်း ပေါင်သန်း ၅၀တန်ကြေးရှိ စပို့တင်းလစ္စဘွန်းကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေတာပါ။ ပေါ်တူဂီလက်ရွေးစင် ဖာနန်ဒက်စ်ဟာ ဥရောပရဲ့စိတ်လှုပ်ရှားအကောင်းဆုံးလူငယ်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး ပေါ်တူဂီကလည်း သူ့ကို ပြောင်းရွှေ့ကြေးနည်းပါးစွာနဲ့ အသင်းကနေ ထွက်ခွာခွင့်ပြုမှာမဟုတ်ပါဘူး။
ပြီးခဲ့တဲ့ရာသီက စပို့တင်းလစ္စဘွန်းအတွက် ၃၁ဂိုးသွင်းယူပေးခဲ့တဲ့ ဖာနန်ဒက်စ်ကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ကစားလိုနေပြီး ယူနိုက်တက်ရဲ့အဓိကအားသာချက်က သူ့ကို လိုချင်နေတဲ့တခြားအသင်းအများစုက ဖာနန်ဒက်စ်ကို အရန်အနေနဲ့ ခေါ်ယူချင်နေတာဖြစ်ပေမယ့် အိုးလ်ထရက်ဖို့ဒ်အခြေစိုက်အသင်းကတော့ သူ့ကို ပုံမှန်ပွဲထွက်ခွင့်ပေးနိုင်တဲ့အချက်ဖြစ်ပါတယ်။ အထူးသဖြင့် ရီးရဲလ်နဲ့သတင်းတွေထွက်ပေါ်နေတဲ့ ပေ့ါဂ်ဘာ အသင်းမှာ ဆက်ရှိမယ်ဆိုရင်တောင် ယူနိုက်တက်က ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ ကြိုးစားမယ်လို့ သိရပါတယ်။
ပြင်သစ်လက်ရွေးစင် ပေ့ါဂ်ဘာဟာ ယူနိုက်တက်ရဲ့ရာသီကြိုခြေစမ်းပွဲခရီးစဉ်အဖြစ် သြစတြေးလျနိုင်ငံကို ရောက်ရှိနေပြီး စနေနေ့က ပါ့သ်ဂလိုရီကို အနိုင်ရခဲ့တဲ့ပထမဆုံးခြေစမ်းပွဲမှာလည်း ပါဝင်ကစားခဲ့ပါတယ်။ ပေ့ါဂ်ဘာဟာ ၂၀၁၆ နွေရာသီက ဂျူဗင်တပ်စ်အသင်းကနေ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး(ထိုစဉ်က) ပေါင် ၈၉သန်းနဲ့ ယူနိုက်တက်ကို ပြန်လည်ရောက်ရှိလာပြီးနောက် စိန်ခေါ်မှုအသစ်တွေနဲ့ရင်ဆိုင်လိုကြောင်း ယခုနွေရာသီအစောပိုင်းက လူသိရှင်ကြားအသိပေးခဲ့ပါတယ်။