ေပါ့ဂ္ဘာကို ဆက္ထိန္းႏိုင္ဖို႔ အသင္းေခါင္းေဆာင္လက္ပတ္နဲ႔ ဆုိးလ္ရွား စည္း႐ုံးဖြယ္ရွိ

Photo Credit

Photo Credit ; Getty Images

ယူႏိုက္တက္အသင္းနည္းျပ ဆုိးလ္ရွားဟာ ကြင္းလယ္လူ ေပါ့ဂ္ဘာကို အသင္းမွာ ဆက္ထိန္းထားႏိုင္ေရးႀကိဳးစားမႈအျဖစ္ သူ႕ကို အသင္းေခါင္းေဆာင္ရာထူးေပးအပ္ဖြယ္ရွိေနေၾကာင္း သိရပါတယ္။ ဆုိးလ္ရွားက လက္ရွိအသင္းေခါင္းေဆာင္ အက္ရွ္ေလယန္းက ရာသီႀကိဳေျခစမ္းပဲြေတြအတြက္ပဲ အသင္းေခါင္းေဆာင္ခန္႔အပ္ထားတာျဖစ္ေၾကာင္း ပါ့သ္ၿမိဳ႕ေရာက္ခုိက္ ေျပာၾကားထားပါတယ္။

Photo Credit ; EPA

ဒါေပမဲ့ ရာသီသစ္အတြက္ အၿမဲတမ္းအသင္းေခါင္းေဆာင္ မခန္႔အပ္ရေသးရာ အသင္းေျပာင္းေရႊ႕လုိေနတဲ့ ေပါ့ဂ္ဘာလည္း အသင္းေခါင္းေဆာင္ျဖစ္လာႏိုင္ေၾကာင္း သိရပါတယ္။ ”အသင္းေခါင္းေဆာင္ရာထူးအတြက္ ျဖစ္ႏိုင္ေျခရွိသူေတြရွိေနၿပီး ရာသီသစ္စတင္တာနဲ႔ ကၽြန္ေတာ္တုိ႔ဘက္က ထုတ္ျပန္ေၾကညာသြားမွာပါ။ ကၽြန္ေေတာ္တုိ႔ဆုံးျဖတ္ခ်က္မခ်ခင္အထိ အက္ရွ္ေလယန္းက အသင္းေခါင္းေဆာင္အျဖစ္ တာ၀န္ယူသြားမွာပါ”လုိ႔ ဆုိးလ္ရွားက ေျပာပါတယ္။

Photo Credit

တကယ္လုိ႔ အသင္းေခါင္းေဆာင္အျဖစ္ ေပါ့ဂ္ဘာျဖစ္ႏိုင္လားဆုိတဲ့ေမးခြန္းကိုလည္း ဆုိးလ္ရွားက ”Yeah”လုိ႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။ ေပါ့ဂ္ဘာဟာ စေနေန႔က ပါ့သ္ဂလုိရီကို ၂-၀ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲအၿပီးမွာ သူ႕အနာဂတ္နဲ႔ပတ္သက္တဲ့ေမးခြန္းေတြကို ”ေျပာဖုိ႔ မလိုအပ္ပါဘူး။ ဘယ္သူ ေျပာဖို႔ လိုအပ္ေနတာလဲ”လုိ႔ ျပန္လည္တုံ႔ျပန္ခဲ့ပါတယ္။

Photo Credit

Unicode

ပေါ့ဂ်ဘာကို ဆက်ထိန်းနိုင်ဖို့ အသင်းခေါင်းဆောင်လက်ပတ်နဲ့ ဆိုးလ်ရှား စည်းရုံးဖွယ်ရှိ

ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားဟာ ကွင်းလယ်လူ ပေါ့ဂ်ဘာကို အသင်းမှာ ဆက်ထိန်းထားနိုင်ရေးကြိုးစားမှုအဖြစ် သူ့ကို အသင်းခေါင်းဆောင်ရာထူးပေးအပ်ဖွယ်ရှိနေကြောင်း သိရပါတယ်။ ဆိုးလ်ရှားက လက်ရှိအသင်းခေါင်းဆောင် အက်ရှ်လေယန်းက ရာသီကြိုခြေစမ်းပွဲတွေအတွက်ပဲ အသင်းခေါင်းဆောင်ခန့်အပ်ထားတာဖြစ်ကြောင်း ပါ့သ်မြို့ရောက်ခိုက် ပြောကြားထားပါတယ်။
ဒါပေမဲ့ ရာသီသစ်အတွက် အမြဲတမ်းအသင်းခေါင်းဆောင် မခန့်အပ်ရသေးရာ အသင်းပြောင်းရွှေ့လိုနေတဲ့ ပေါ့ဂ်ဘာလည်း အသင်းခေါင်းဆောင်ဖြစ်လာနိုင်ကြောင်း သိရပါတယ်။ ”အသင်းခေါင်းဆောင်ရာထူးအတွက် ဖြစ်နိုင်ခြေရှိသူတွေရှိနေပြီး ရာသီသစ်စတင်တာနဲ့ ကျွန်တော်တို့ဘက်က ထုတ်ပြန်ကြေညာသွားမှာပါ။ ကျွန်ေတော်တို့ဆုံးဖြတ်ချက်မချခင်အထိ အက်ရှ်လေယန်းက အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူသွားမှာပါ”လို့ ဆိုးလ်ရှားက ပြောပါတယ်။
တကယ်လို့ အသင်းခေါင်းဆောင်အဖြစ် ပေါ့ဂ်ဘာဖြစ်နိုင်လားဆိုတဲ့မေးခွန်းကိုလည်း ဆိုးလ်ရှားက ”Yeah”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ပေါ့ဂ်ဘာဟာ စနေနေ့က ပါ့သ်ဂလိုရီကို ၂-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ သူ့အနာဂတ်နဲ့ပတ်သက်တဲ့မေးခွန်းတွေကို ”ပြောဖို့ မလိုအပ်ပါဘူး။ ဘယ်သူ ပြောဖို့ လိုအပ်နေတာလဲ”လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။