ေပါင္သန္း ၉၀ အျပင္ကစားသမားႏွစ္ဦးကိုအလိုက္ေပးၿပီး ေနမာကိုေခၚယူဖို႔ကမး္လွမ္းခဲ့တဲ႔တဲ႔ ဘာစီလိုနာ

ဘာစီလိုနာအသင္းဟာ ပီအက္စ္ဂ်ီတိုက္စစ္မွဴ း ေနမာကိုေခၚယူႏိုင္ဖို႔အတြက္ ေျပာင္းေရႊ႕ေၾကးေပါင္သန္း ၉၀ အျပင္ကစားသမား ႏွစ္ဦးအလိုက္ေပးၿပီးကမ္းလွမ္းခဲ့တယ္လို႔ သိရပါတယ္။ ပီအက္စ္ဂ်ီဟာ ေနမာအတြက္အားလုံးအဆင္ေျပတဲ႔ ကမး္လွမး္မႈမ်ဳိးရခဲ့ရင္ေရာင္းခ်မယ္လို႔ အတည္ျပဳထားၿပီးသားပါ။

ဘာစီလိုနာဟာ သူတို႔အလိုက္ေပးရမယ္႔ ကစားသမားႏွစ္ဦးအတြက္ အသင္းမွာရွိတဲ႔သူေတြထဲက ၆ ဦးကိုေရြးထုတ္ေပးခဲ့ၿပီး ႀကိဳက္တဲ႔ႏွစ္ဦးကိုေခၚဆိုႏိုင္တယ္လို႔ ပီအက္စ္ဂ်ီကိုကမး္လွမ္းခဲ့တာျဖစ္ပါတယ္။ ဒီ ၆ ဦးကေတာ႔ ေကာ္တင္ဟို၊ ဒမ္ဘီလီ၊ ရာကီတစ္၊ နယ္လ္ဆင္ဆီမီဒိုနဲ႔ မယ္လ္ကြန္တို႔ ျဖစ္ၾကပါတယ္။ ဒါေပမယ္႔လည္း ၆ ဦးေျမာက္ေရြးခ်ယ္ထားတဲ႔သူကိုေတာ႔ မသိရေသးပါဘူး။

ေနမာဟာ ဘာစီလိုနာကစားသမားေဟာင္းျဖစ္ၿပီး သူေျပာင္းေရႊ႕ခ်ိန္က ပီအက္စ္ဂ်ီဟာကမၻာ႔စံခ်ိန္တင္ေၾကးယူရို ၂၂၂ သန္းေပးေခ်ခဲ့ရတာပါ။ ဒါေပမယ္႔ ကလပ္နဲ႔ေရာ ကစားေဖာ္အခ်ဳိ႕နဲ႔ပါအဆင္မေျပျဖစ္ၿပီးေနာက္ သူ႔ကိုပီအက္စ္ဂ်ီကေရာင္းထုတ္ဖို႔ စီစဥ္လိုက္တာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအားကစားဒါရိုက္တာ လီယိုနာဒိုဟာေနမာကိုေရာင္းခ်မယ္႔အေၾကာင္း အရင္တစ္ပတ္ကတည္းျပအတည္ျပဳထားၿပီး ၀ယ္ယူစဥ္ကတန္ေၾကးမ်ဳိးအလိုရွိတယ္လို႔ ေျပာထားၿပီးသားပါ။ ဘာစီလိုနာဟာ ေနမာကိုျပန္လည္ေခၚယူျခင္ေပမယ္႔ အသုံးစားရိတ္မရွိေတာ႔တာေၾကာင့္ ကစားသမားေတြကိုအလိုက္ေပးခဲ့တာျဖစ္ပါတယ္။

သူတို႔ေပးမယ္႔ေပါင္သန္း ၉၀ ဟာလည္းဒီေစ်းကြက္ထဲမွာေပးႏိုင္မွာမဟုတ္ဘဲ လာမယ္႔ ၂၀၂၀ ဇူလိုင္လေရာက္မွစတင္ေပးေခ်ႏိုင္မွာျဖစ္ပါတယ္။ ဘာစီလိုနာဟာ ဂရစ္ဇ္မန္းကိုေပါင္ ၁၀၈ သန္းနဲ႔ေခၚယူၿပီးတဲ႔ေနာက္ အသုံးစားရိတ္လက္က်န္မရွိေတာ႔ဘဲ အက္သလက္တီကိုဆီေငြေပးေခ်ဖို႔ ဘဏ္ကေနေတာင္ေခ်းငွားခဲ့ရပါေသးတယ္။

Unicode

ပေါင်သန်း ၉၀ အပြင်ကစားသမားနှစ်ဦးကိုအလိုက်ပေးပြီး နေမာကိုခေါ်ယူဖို့ကမ်းလှမ်းခဲ့တဲ့တဲ့ ဘာစီလိုနာ
ဘာစီလိုနာအသင်းဟာ ပီအက်စ်ဂျီတိုက်စစ်မှူ း နေမာကိုခေါ်ယူနိုင်ဖို့အတွက် ပြောင်းရွှေ့ကြေးပေါင်သန်း ၉၀ အပြင်ကစားသမား နှစ်ဦးအလိုက်ပေးပြီးကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ပီအက်စ်ဂျီဟာ နေမာအတွက်အားလုံးအဆင်ပြေတဲ့ ကမ်းလှမ်းမှုမျိုးရခဲ့ရင်ရောင်းချမယ်လို့ အတည်ပြုထားပြီးသားပါ။

ဘာစီလိုနာဟာ သူတို့အလိုက်ပေးရမယ့် ကစားသမားနှစ်ဦးအတွက် အသင်းမှာရှိတဲ့သူတွေထဲက ၆ ဦးကိုရွေးထုတ်ပေးခဲ့ပြီး ကြိုက်တဲ့နှစ်ဦးကိုခေါ်ဆိုနိုင်တယ်လို့ ပီအက်စ်ဂျီကိုကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ ဒီ ၆ ဦးကတော့ ကော်တင်ဟို၊ ဒမ်ဘီလီ၊ ရာကီတစ်၊ နယ်လ်ဆင်ဆီမီဒိုနဲ့ မယ်လ်ကွန်တို့ ဖြစ်ကြပါတယ်။ ဒါပေမယ့်လည်း ၆ ဦးမြောက်ရွေးချယ်ထားတဲ့သူကိုတော့ မသိရသေးပါဘူး။

နေမာဟာ ဘာစီလိုနာကစားသမားဟောင်းဖြစ်ပြီး သူပြောင်းရွှေ့ချိန်က ပီအက်စ်ဂျီဟာကမ္ဘာ့စံချိန်တင်ကြေးယူရို ၂၂၂ သန်းပေးချေခဲ့ရတာပါ။ ဒါပေမယ့် ကလပ်နဲ့ရော ကစားဖော်အချို့နဲ့ပါအဆင်မပြေဖြစ်ပြီးနောက် သူ့ကိုပီအက်စ်ဂျီကရောင်းထုတ်ဖို့ စီစဉ်လိုက်တာဖြစ်ပါတယ်။

ပီအက်စ်ဂျီအားကစားဒါရိုက်တာ လီယိုနာဒိုဟာနေမာကိုရောင်းချမယ့်အကြောင်း အရင်တစ်ပတ်ကတည်းပြအတည်ပြုထားပြီး ဝယ်ယူစဉ်ကတန်ကြေးမျိုးအလိုရှိတယ်လို့ ပြောထားပြီးသားပါ။ ဘာစီလိုနာဟာ နေမာကိုပြန်လည်ခေါ်ယူခြင်ပေမယ့် အသုံးစားရိတ်မရှိတော့တာကြောင့် ကစားသမားတွေကိုအလိုက်ပေးခဲ့တာဖြစ်ပါတယ်။

သူတို့ပေးမယ့်ပေါင်သန်း ၉၀ ဟာလည်းဒီဈေးကွက်ထဲမှာပေးနိုင်မှာမဟုတ်ဘဲ လာမယ့် ၂၀၂၀ ဇူလိုင်လရောက်မှစတင်ပေးချေနိုင်မှာဖြစ်ပါတယ်။ ဘာစီလိုနာဟာ ဂရစ်ဇ်မန်းကိုပေါင် ၁၀၈ သန်းနဲ့ခေါ်ယူပြီးတဲ့နောက် အသုံးစားရိတ်လက်ကျန်မရှိတော့ဘဲ အက်သလက်တီကိုဆီငွေပေးချေဖို့ ဘဏ်ကနေတောင်ချေးငှားခဲ့ရပါသေးတယ်။