ေနာ္ေဝခရီးစဥ္မွာ ခ်န္လွပ္ခံခဲ့ရျခင္းက အင္တာမွာ လူကာကူကို ျမင္ေတြ႕ရေတာ့မယ့္ နိမိတ္လား

MANCHESTER, ENGLAND - MARCH 02: Romelu Lukaku of Manchester United acknowledges the fans following the Premier League match between Manchester United and Southampton FC at Old Trafford on March 02, 2019 in Manchester, United Kingdom. (Photo by Shaun Botterill/Getty Images)
Photo Credit

Photo Credit

အင္တာမီလန္အသင္းကုိ ေျပာင္းေရႊ႕ဖို႔ သတင္းႀကီးေနခဲ့တဲ့ ယူႏိုက္တက္ တိုက္စစ္မွဴး လူကာကူဟာ ေနာ္ေဝ ခရီးစဥ္ကို သြားေရာက္တဲ့ အသင္းလူစာရင္းမွာ ပါဝင္ျခင္း မရွိခဲ့ဘူးလို႕ သိရပါတယ္။ ယူႏိုက္တက္အသင္းဟာ အဆိုပါ တိုက္စစ္မွဴးအတြက္ အင္တာမီလန္အသင္းရဲ႕ ေပါင္ ၅၄ သန္းနဲ႔ ကနဦး ကမ္းလွမ္းမႈကို ပယ္ခ်ခဲ့ျပီး ေနာက္ နည္းျပဆိုးလ္ရွားက အသင္းရဲ႕ ေနာ္ေဝးခရီးစဥ္မွာ လူကာကူကို ခ်န္ရစ္ထားခဲ့တာဟာ အင္တာမီလန္ ကို ေျပာင္းေရႊ႕ေရးအတြက္ ေဆာင္ရြက္ႏိုင္ဖို႔ အခ်ိန္ ၄ရက္ေပးခဲ့တာျဖစ္ႏိုင္တယ္လုိ႔ သတင္းေတြက သုံးသပ္ေနပါတယ္။

Photo Credit ; EPA

ျပီးခဲ့တဲ့စေနေန႔က တုိက္စစ္မွဴးလူကာကူက သူနဲ႔ သူ႕ေအးဂ်င့္တို႕ရဲ႕ပံုတင္ၿပီး မၾကာခင္ဆက္ရန္ရွိသည္လုိ႔ စာသားတင္ခဲ့တာေၾကာင့္ လူကာကူရဲ႕ အေျပာင္းအေရႊ႕ျဖစ္ေျမာက္လုနီးပါးျဖစ္ေတာ့မယ္လုိ႔ ယူႏိုက္တက္ပရိ သတ္ေတြက ထင္မွတ္ခဲ့ရပါတယ္။ အင္တာအသင္းရဲ႕ေနာက္ထပ္ ကမ္းလွမ္းမႈတစ္စံုတရာကို လက္ခံရရွိလို႔ နညး္ျပ ဆိုးလ္ရွားက အဂၤါေန႔ ခရစ္တီယန္ဆန္အသင္းနဲ႔ပြဲစဥ္မွာ ကစားမယ့္ အသင္းလူစာရင္း ၂၆ ေယာက္မွာ ဘယ္လ္ဂ်ီယံ တိုက္စစ္မွဴးကို ခ်န္လွပ္ခဲ့တာလား ဆိုတာေတာ့ စဥ္းစားခ်င္စရာပါပဲ။

Photo Credit ; Getty Images

လက္ရွိအခ်ိန္အထိေတာ့ အဆိုပါ တိုက္စစ္မွဴးကို ေခၚယူလိုေနၾကတဲ့ အင္တာမီလန္နဲ႔ ဂ်ဴဗင္တပ္စ္ အသင္း ၂ သင္းထဲက ဘယ္အသင္းကို လူကာကူ ေ႐ြးခ်ယ္မယ္ဆိုတာေတာ့မသိရေသးပါဘူး။ ဆိုးလ္ရွားကေတာ့ ေနာက္ ၄ ရက္အၾကာခ်ိန္အထိ ဘယ္လ္ဂ်ီယံသားက အသင္းမွာ ဆက္ရွိေနဦးမယ္ဆိုရင္ေတာ့ ယူႏိုက္တက္ လူစာရင္းမွာ လူကာကူကို ျပန္လည္ထည့္သြင္းအသံုးျပဳဖို႔ ေမွ်ာ္လင့္ေနပါတယ္။

Photo Credit ; Getty Images

တိုက္စစ္မွဴး လူကာကူ ဦးစားေပး ေ႐ြးခ်ယ္လိုတဲ့အသင္းက နည္းျပ ကြန္တီရွိတဲ့ အင္တာမီလန္အသင္း ျဖစ္ျပီး ဂ်ဴဗင္တပ္စ္ကိုလည္း ေျပာင္းေ႐ႊ႕သြားႏိုင္ပါတယ္။ တိုက္စစ္မွဴးလူကာကူဟာ လြန္ခ့ဲတဲ့ ၂ ႏွစ္က အဲဗာတန္ အသင္းကေန ယူႏိုက္တက္ကို ေပါင္ ၇၅ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့တာျဖစ္ျပီး ယူႏိုက္တက္မွာ ၉၆ ပြဲ ပြဲထြက္ ကစားကာ သြင္းဂိုး ၄၂ ဂိုး သြင္းယူေပးထားပါတယ္။

Photo Credit ; Getty Images

Unicode

နော်ဝေခရီးစဉ်မှာ ချန်လှပ်ခံခဲ့ရခြင်းက အင်တာမှာ လူကာကူကို မြင်တွေ့ရတော့မယ့် နိမိတ်လား

အင်တာမီလန်အသင်းကို ပြောင်းရွှေ့ဖို့ သတင်းကြီးနေခဲ့တဲ့ ယူနိုက်တက် တိုက်စစ်မှူး လူကာကူဟာ နော်ဝေ ခရီးစဉ်ကို သွားရောက်တဲ့ အသင်းလူစာရင်းမှာ ပါဝင်ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။ ယူနိုက်တက်အသင်းဟာ အဆိုပါ တိုက်စစ်မှူးအတွက် အင်တာမီလန်အသင်းရဲ့ ပေါင် ၅၄ သန်းနဲ့ ကနဦး ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး နောက် နည်းပြဆိုးလ်ရှားက အသင်းရဲ့ နော်ဝေးခရီးစဉ်မှာ လူကာကူကို ချန်ရစ်ထားခဲ့တာဟာ အင်တာမီလန် ကို ပြောင်းရွှေ့ရေးအတွက် ဆောင်ရွက်နိုင်ဖို့ အချိန် ၄ရက်ပေးခဲ့တာဖြစ်နိုင်တယ်လို့ သတင်းတွေက သုံးသပ်နေ ပါတယ်။
ပြီးခဲ့တဲ့စနေနေ့က တိုက်စစ်မှူးလူကာကူက သူနဲ့ သူ့အေးဂျင့်တို့ရဲ့ပုံတင်ပြီး မကြာခင်ဆက်ရန်ရှိသည်လို့ စာသားတင်ခဲ့တာကြောင့် လူကာကူရဲ့ အပြောင်းအရွှေ့ဖြစ်မြောက်လုနီးပါးဖြစ်တော့မယ်လို့ ယူနိုက်တက်ပရိ သတ်တွေက ထင်မှတ်ခဲ့ရပါတယ်။ အင်တာအသင်းရဲ့နောက်ထပ် ကမ်းလှမ်းမှုတစ်စုံတရာကို လက်ခံရရှိလို့ နည်းပြ ဆိုးလ်ရှားက အင်္ဂါနေ့ ခရစ်တီယန်ဆန်အသင်းနဲ့ပွဲစဉ်မှာ ကစားမယ့် အသင်းလူစာရင်း ၂၆ ယောက်မှာ ဘယ်လ်ဂျီယံ တိုက်စစ်မှူးကို ချန်လှပ်ခဲ့တာလား ဆိုတာတော့ စဉ်းစားချင်စရာပါပဲ။
လက်ရှိအချိန်အထိတော့ အဆိုပါ တိုက်စစ်မှူးကို ခေါ်ယူလိုနေကြတဲ့ အင်တာမီလန်နဲ့ ဂျူဗင်တပ်စ် အသင်း ၂ သင်းထဲက ဘယ်အသင်းကို လူကာကူ ရွေးချယ်မယ်ဆိုတာတော့မသိရသေးပါဘူး။ ဆိုးလ်ရှားကတော့ နောက် ၄ ရက်အကြာချိန်အထိ ဘယ်လ်ဂျီယံသားက အသင်းမှာ ဆက်ရှိနေဦးမယ်ဆိုရင်တော့ ယူနိုက်တက် လူစာရင်းမှာ လူကာကူကို ပြန်လည်ထည့်သွင်းအသုံးပြုဖို့ မျှော်လင့်နေပါတယ်။
တိုက်စစ်မှူး လူကာကူ ဦးစားပေး ရွေးချယ်လိုတဲ့အသင်းက နည်းပြ ကွန်တီရှိတဲ့ အင်တာမီလန်အသင်း ဖြစ်ပြီး ဂျူဗင်တပ်စ်ကိုလည်း ပြောင်းရွှေ့သွားနိုင်ပါတယ်။ တိုက်စစ်မှူးလူကာကူဟာ လွန်ခဲ့တဲ့ ၂ နှစ်က အဲဗာတန် အသင်းကနေ ယူနိုက်တက်ကို ပေါင် ၇၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ယူနိုက်တက်မှာ ၉၆ ပွဲ ပွဲထွက် ကစားကာ သွင်းဂိုး ၄၂ ဂိုး သွင်းယူပေးထားပါတယ်။