ေနမာနဲ႔ႏႈိင္းယွဥ္ၿပီး ရီးရဲလ္အသင္းေဖာ္သစ္ဟာဇတ္ကို စိတ္ပ်က္ေစမယ့္စကားမ်ိဳးေျပာလိုက္တဲ့ မာဆယ္လို

ပီအက္စ္ဂ်ီမွာ မေပ်ာ္မရႊင္ျဖစ္ေနတဲ့ ေနမာသာ အသင္းကို ေရာက္လာမယ္ဆုိရင္ သူ႔အေနနဲ႔ ႀကိဳဆိုမွာျဖစ္ေၾကာင္း ရီးရဲလ္ေနာက္ခံၾကယ္ပြင့္မာဆယ္လိုက ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ ေနမာဟာ ၂၀၁၇ မွာ ဘာစီလုိနာကေန ပီအက္စ္ဂ်ီကိုေျပာင္းသြားေပမယ့္ အခုေတာ့ အဲဒီမွာ မေပ်ာ္ပိုက္ျဖစ္ေနၿပီး ဒီေႏြရာသီေစး်ကြက္မွာ အေျပာင္းအေရႊ႕သတင္းေတြ ဆက္တိုက္ထြက္ေပၚေနပါတယ္။ ရီးရဲလ္ကလည္း ဒီေႏြရာသီအေျပာင္းအေရႊ႕မွာ မီလီတာအို၊ဂ်ိဳဗစ္နဲ႔ မန္ဒီတို႔လို ကစားသမားသစ္ေခၚယူမႈေတြ ျပဳလုပ္ထားပါတယ္။

photo-gettyimages

ဒါေပမဲ့လည္း ဟာဇတ္ကသာ အခုေႏြရာသီအေျပာင္းအေရႊ႕မွာ ရီးရဲလ္ရဲ႕အႀကီးဆုံးေခၚယူမႈျဖစ္ေနၿပီး ယူရိုသန္း ၁၀၀ နဲ႔ ခ်ဲလ္ဆီးကေန ေခၚယူထားတာ ျဖစ္ပါတယ္။ လက္ရွိေျခစြမ္းကိုသာ ဆက္ထိန္းထားမယ္ဆုိရင္ ဟာဇတ္မွာ ကမာၻ႔အေကာင္းဆုံးေတြထဲတစ္ေယာက္ဆုိတဲ့ အသိအမွတ္ျပဳခံရမယ့္အရည္အေသြးရွိတယ္လို႔ မာဆယ္လိုက ေျပာပါတယ္။ ဒါေပမဲ့လည္း ေနမာကေတာ့ အဲဒီအဆင့္ကိုေရာက္ႏွင့္ေနၿပီလို႔ မာဆယ္ကိုက ဆိုခဲ့ၿပီး အခုခ်ိန္မွာ သူ႔ရဲ႕ဘရာဇီးအသင္းေဖာ္ကသာ ပိုေကာင္းတယ္လို႔ ေျပာလိုက္ပါတယ္။

photo-gettyimages

“ဟာဇတ္ဟာ ထိပ္တန္းကစားသမားတစ္ေယာက္ပါ။ ေနမာလို အရည္အေသြးျမင့္ကစားသမားတစ္ေယာက္ျဖစ္ၿပီး ကမာၻ႔အေကာင္းဆုံး ၅ ေယာက္ထဲမွာ ပါ၀င္ႏိုင္မယ့္ ေျခစြမ္းမ်ိဳးလည္း ရွိပါတယ္။ ဟာဇတ္ဟာ အထင္ႀကီးစရာေကာင္းေပမယ့္ ေနမာနဲ႔ ႏိႈင္းယွဥ္လို႔ မရႏိုင္ပါဘူး။ ကၽြန္ေတာ့္အတြက္ေတာ့ ေနမာကသာ ပိုေကာင္းတဲ့သူပါ”လို႔ မာဆယ္လိုက စပိန္နာမည္ႀကီးအားကစားသတင္းစာျဖစ္တဲ့မာကာကို ေျပာၾကားခ့တာပါ။

[Unicode]

ပီအက်စ်ဂျီမှာ မပျော်မရွှင်ဖြစ်နေတဲ့ နေမာသာ အသင်းကို ရောက်လာမယ်ဆိုရင် သူ့အနေနဲ့ ကြိုဆိုမှာဖြစ်ကြောင်း ရီးရဲလ်နောက်ခံကြယ်ပွင့်မာဆယ်လိုက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ နေမာဟာ ၂၀၁၇ မှာ ဘာစီလိုနာကနေ ပီအက်စ်ဂျီကိုပြောင်းသွားပေမယ့် အခုတော့ အဲဒီမှာ မပျော်ပိုက်ဖြစ်နေပြီး ဒီနွေရာသီစေးျကွက်မှာ အပြောင်းအရွှေ့သတင်းတွေ ဆက်တိုက်ထွက်ပေါ်နေပါတယ်။ ရီးရဲလ်ကလည်း ဒီနွေရာသီအပြောင်းအရွှေ့မှာ မီလီတာအို၊ဂျိုဗစ်နဲ့ မန်ဒီတို့လို ကစားသမားသစ်ခေါ်ယူမှုတွေ ပြုလုပ်ထားပါတယ်။

ဒါပေမဲ့လည်း ဟာဇတ်ကသာ အခုနွေရာသီအပြောင်းအရွှေ့မှာ ရီးရဲလ်ရဲ့အကြီးဆုံးခေါ်ယူမှုဖြစ်နေပြီး ယူရိုသန်း ၁၀၀ နဲ့ ချဲလ်ဆီးကနေ ခေါ်ယူထားတာ ဖြစ်ပါတယ်။ လက်ရှိခြေစွမ်းကိုသာ ဆက်ထိန်းထားမယ်ဆိုရင် ဟာဇတ်မှာ ကမ္ဘာ့အကောင်းဆုံးတွေထဲတစ်ယောက်ဆိုတဲ့ အသိအမှတ်ပြုခံရမယ့်အရည်အသွေးရှိတယ်လို့ မာဆယ်လိုက ပြောပါတယ်။ ဒါပေမဲ့လည်း နေမာကတော့ အဲဒီအဆင့်ကိုရောက်နှင့်နေပြီလို့ မာဆယ်ကိုက ဆိုခဲ့ပြီး အခုချိန်မှာ သူ့ရဲ့ဘရာဇီးအသင်းဖော်ကသာ ပိုကောင်းတယ်လို့ ပြောလိုက်ပါတယ်။

“ဟာဇတ်ဟာ ထိပ်တန်းကစားသမားတစ်ယောက်ပါ။ နေမာလို အရည်အသွေးမြင့်ကစားသမားတစ်ယောက်ဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး ၅ ယောက်ထဲမှာ ပါဝင်နိုင်မယ့် ခြေစွမ်းမျိုးလည်း ရှိပါတယ်။ ဟာဇတ်ဟာ အထင်ကြီးစရာကောင်းပေမယ့် နေမာနဲ့ နှိုင်းယှဉ်လို့ မရနိုင်ပါဘူး။ ကျွန်တော့်အတွက်တော့ နေမာကသာ ပိုကောင်းတဲ့သူပါ”လို့ မာဆယ်လိုက စပိန်နာမည်ကြီးအားကစားသတင်းစာဖြစ်တဲ့မာကာကို ပြောကြားခ့တာပါ။