ေဆးလိပ္ေသာက္တာကိုဘဲ ေမးေနတဲ႔သတင္းေထာက္တစ္ဦးကို ဆာရီေဒါသတႀကီးတုံ႔ျပန္

0
217

ဂ်ဴ ဗင္တပ္နည္းျပ ဆာရီဟာသူ႔ကိုေဆးလိပ္ေသာက္တဲ႔အေၾကာင္းဘဲေမးေနတဲ႔ တရုတ္သတင္းေထာက္ ေတြကို ေဒါသႀကီးနဲ႔တုံ႔ျပန္သြားခဲ့တယ္လို႔ သိရပါတယ္။ အသက္ ၆၀ ရွိၿပီျဖစ္တဲ႔ ဆာရီဟာခ်ဲလ္ဆီးနည္းျပေဟာင္းျဖစ္ၿပီး အသင္းနဲ႔ပတ္သက္တာကိုမေမးတဲ႔အတြက္ ေဒါသထြက္ခဲ့တာျဖစ္ပါတယ္။

ဆာရီဟာတစ္ေန႔ကို ေဆးလိပ္အေရအတြက္ ၆၀ အထိေသာက္သုံးသူလို႔နာမည္ေက်ာ္တဲ႔သူျဖစ္ပါတယ္။ သူဟာခ်ဲလ္ဆီးကို ကိုင္တြယ္တုန္းက အဂၤလန္ကေဘာလုံးကြင္းေတြထဲမွာေဆးလိပ္မေသာက္ရတဲ႔အတြက္ စီးကရက္ဖင္စီခံကို ၀ါးေနလို႔နာမည္ေက်ာ္ခဲ့ေသးသူျဖစ္ပါတယ္။

ေျခစမ္းပြဲအတြက္တရုတ္ျပည္ကိုေရာက္ရွိေနတုန္းမွာ ေဆးလိပ္ေသာက္တဲ႔အေၾကာင္းကိုဘဲမၾကာခဏေမးေနတဲ႔အတြက္ ေဆးလိပ္ျဖတ္လိုက္ၿပီ ဆိုၿပီးစကာကိုေဒါသတႀကီးအဆုံးသတ္လိုက္တာျဖစ္ပါတယ္။ သူက”ဒီကမီဒီယာေတြကသည္းခံတတ္တဲ႔အတြက္ က်ြန္ေတာ္လည္းအဆင္ေျပပါတယ္။ဒါေပမယ္႔ ဒီသတင္းေထာက္ေပ်ာ္ေအာင္ေျပာရရင္ေတာ႔ က်ြန္ေတာ္ဟာစင္ကာပူမွာေတာင္ ေဆးလိပ္ေသာက္ခဲ့ပါတယ္”လို႔ ေျဖၾကားသြားပါတယ္။

 

စင္ကာပူႏိုင္ငံဟာ ပီေက၀ါးျခင္းကိုတားျမစ္ထားသလို အမ်ားျပည္သူနဲ႔သက္ဆိုင္တဲ႔ေနရာေတြမွာ ေဆးလိပ္ေသာက္တာဟာလည္း ဥပေဒခ်ဳိးေဖာက္မႈအျဖစ္သတ္မွတ္ထားတာျဖစ္ပါတယ္။ သတင္းေထာက္ကဆက္ၿပီး ခင္ဗ်ားဟာ စီးကရက္ကိုအရမး္စြဲလန္းတယ္လို႔ က်ြန္ေတာ္တို႔သိထားလို႔ တရုတ္လုပ္စီးကရက္ကိုိေရာေသာက္မွာလား ဆိုၿပီးထပ္ေမးခဲ့ပါတယ္။

အဲဒီမွာတင္ ဆာရီကေဒါသထြက္ၿပီး”ေဆးလိပ္ျဖတ္လိုက္ၿပီဗာ်။ ဒီလိုဘဲေျပာပါရေစေတာ႔။ ဒီေလာက္ဆိုရၿပီမဟုတ္လား” လို႔တုံ႔ျပန္သြားပါတယ္။ ဂ်ဴ ဗင္တပ္ဟာ တရုတ္ႏိုင္ငံ နန္က်င္းၿမိဳ႕မွာ အင္တာနဲ႔ယွဥ္ၿပိဳင္ခဲ့ၿပီး ၁-၁ သေရက်ခဲ့ေပမယ္႔ ပင္နယ္တီအဆုံးအျဖတ္မွာ အႏိုင္ရသြားတယ္လို႔လည္းသိရပါတယ္။

Unicode

ဆေးလိပ်သောက်တာကိုဘဲ မေးနေတဲ့သတင်းထောက်တစ်ဦးကို ဆာရီဒေါသတကြီးတုံ့ပြန်
ဂျူ ဗင်တပ်နည်းပြ ဆာရီဟာသူ့ကိုဆေးလိပ်သောက်တဲ့အကြောင်းဘဲမေးနေတဲ့ တရုတ်သတင်းထောက် တွေကို ဒေါသကြီးနဲ့တုံ့ပြန်သွားခဲ့တယ်လို့ သိရပါတယ်။ အသက် ၆၀ ရှိပြီဖြစ်တဲ့ ဆာရီဟာချဲလ်ဆီးနည်းပြဟောင်းဖြစ်ပြီး အသင်းနဲ့ပတ်သက်တာကိုမမေးတဲ့အတွက် ဒေါသထွက်ခဲ့တာဖြစ်ပါတယ်။

ဆာရီဟာတစ်နေ့ကို ဆေးလိပ်အရေအတွက် ၆၀ အထိသောက်သုံးသူလို့နာမည်ကျော်တဲ့သူဖြစ်ပါတယ်။ သူဟာချဲလ်ဆီးကို ကိုင်တွယ်တုန်းက အင်္ဂလန်ကဘောလုံးကွင်းတွေထဲမှာဆေးလိပ်မသောက်ရတဲ့အတွက် စီးကရက်ဖင်စီခံကို ဝါးနေလို့နာမည်ကျော်ခဲ့သေးသူဖြစ်ပါတယ်။

ခြေစမ်းပွဲအတွက်တရုတ်ပြည်ကိုရောက်ရှိနေတုန်းမှာ ဆေးလိပ်သောက်တဲ့အကြောင်းကိုဘဲမကြာခဏမေးနေတဲ့အတွက် ဆေးလိပ်ဖြတ်လိုက်ပြီ ဆိုပြီးစကာကိုဒေါသတကြီးအဆုံးသတ်လိုက်တာဖြစ်ပါတယ်။ သူက”ဒီကမီဒီယာတွေကသည်းခံတတ်တဲ့အတွက် ကျွန်တော်လည်းအဆင်ပြေပါတယ်။ဒါပေမယ့် ဒီသတင်းထောက်ပျော်အောင်ပြောရရင်တော့ ကျွန်တော်ဟာစင်ကာပူမှာတောင် ဆေးလိပ်သောက်ခဲ့ပါတယ်”လို့ ဖြေကြားသွားပါတယ်။

စင်ကာပူနိုင်ငံဟာ ပီကေဝါးခြင်းကိုတားမြစ်ထားသလို အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာတွေမှာ ဆေးလိပ်သောက်တာဟာလည်း ဥပဒေချိုးဖောက်မှုအဖြစ်သတ်မှတ်ထားတာဖြစ်ပါတယ်။ သတင်းထောက်ကဆက်ပြီး ခင်ဗျားဟာ စီးကရက်ကိုအရမ်းစွဲလန်းတယ်လို့ ကျွန်တော်တို့သိထားလို့ တရုတ်လုပ်စီးကရက်ကိုရောသောက်မှာလား ဆိုပြီးထပ်မေးခဲ့ပါတယ်။

အဲဒီမှာတင် ဆာရီကဒေါသထွက်ပြီး”ဆေးလိပ်ဖြတ်လိုက်ပြီဗာျ။ ဒီလိုဘဲပြောပါရစေတော့။ ဒီလောက်ဆိုရပြီမဟုတ်လား” လို့တုံ့ပြန်သွားပါတယ်။ ဂျူ ဗင်တပ်ဟာ တရုတ်နိုင်ငံ နန်ကျင်းမြို့မှာ အင်တာနဲ့ယှဉ်ပြိုင်ခဲ့ပြီး ၁-၁ သရေကျခဲ့ပေမယ့် ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရသွားတယ်လို့လည်းသိရပါတယ်။