ေခ်ာကလက္တစ္ခုေၾကာင့္ အိပ္မက္ေတြအဆံုးသတ္မလုိျဖစ္ခဲ့ေသးတဲ့ အာဆင္နယ္လူသစ္ ပီပီ

Photo Credit: Getty Images

လုိင္လီအသင္းေတာင္ပံကစားသမား နီကိုလပ္စ္ပီပီကုိ အာဆင္နယ္က ေပါင္ 72 သန္းနဲ႔ေခၚယူဖုိ႔ သေဘာတူညီမႈရရွိခဲ့ၿပီး မၾကာခင္အခ်ိန္အတြင္းမွာပဲ အမ္းမရိတ္စ္ကိုေရာက္ရွိလာေတာ့မွာပါ။ ဒါေၾကာင့္လည္း အဂၤလိပ္မီဒီယာေတြထက္မွာ ပီပီနဲ႔ပတ္သက္တဲ့အေၾကာင္းအရာေတြက ဖံုးလႊမ္းသြားခဲ့ၿပီး အဲဒီထဲမွာ စိတ္၀င္စားစရာအတိတ္ျဖစ္ရပ္တစ္ခုလည္းပါ၀င္ခဲ့ပါတယ္။ ပီပီအတြက္ ပေရာ္ဖက္ရွင္နယ္ျဖစ္ေရးဆုိတဲ့ အိပ္မက္ေတြေတာင္မွ အဆံုးသတ္သြားရမလုိပါပဲ။

Photo Credit: Getty Images

ဒါဟာ ေခ်ာကလက္တစ္ခုကေန အစျပဳခဲ့တာပါ။ အကယ္ဒမီကစားသမားဘ၀ကို ျဖတ္သန္းေနရစဥ္အတြင္း ပီပီနဲ႔ သူ႕ရဲ႕သူငယ္ခ်င္းေတြဟာ ကုန္တုိက္ထဲကို၀င္ရင္းနဲ႔ ေခ်ာကလက္တစ္ခုကို ပိုက္ဆံမေပးဘဲ ခုိးစားမိခဲ့ပါတယ္။ အဲဒီျဖစ္ရပ္ကို လံုၿခံဳေရးကျမင္ေတြ႕သြားခဲ့တာေၾကာင့္ ပီပီတုိ႔လည္း သူခိုးလူမိျဖစ္သြားခဲ့ရတယ္။ ဒီျဖစ္ရပ္ကို အကယ္ဒမီနည္းျပေဟာင္း ဘူဟာဇာမာက ျပန္လည္ေျပာျပခဲ့တာျဖစ္ၿပီး အဲဒီလုပ္ရပ္ေၾကာင့္ ပီပီဟာ ကလပ္ကေနေမာင္းထုတ္ခံရၿပီး ပေရာ္ဖက္ရွင္နယ္ကစားသမားျဖစ္ေရးဆုိတဲ့ သူ႕ရဲ႕အိပ္မက္ကို လက္လႊတ္ဆံုးရႈံးရဖုိ႔ နီးစပ္ခဲ့ေသးတယ္လုိ႔ ဆုိပါတယ္။

Photo Credit: Getty Images

ပီပီဟာ ျပင္သစ္ကိုအေျခခ်လာတဲ့ အုိင္ဗရီကုိ႔စ္က ဒုကၡသည္မိသားစုကေန ေပါက္ဖြားလာခဲ့သူျဖစ္ၿပီး သူ႕ရဲ႕ဖခင္ျဖစ္သူဟာ အက်ဥ္းေထာင္လံုၿခံဳေရးတစ္ဦးျဖစ္ခဲ့တာပါ။ ဒါေၾကာင့္လည္း ငယ္စဥ္က ဆင္းရဲပင္ပန္းစြာနဲ႔ ဘ၀ကိုျဖတ္သန္းလာခဲ့တာျဖစ္ၿပီး ေဘာလံုးကသာ သူ႕ဘ၀ရဲ႕ထြက္ေပါက္ျဖစ္ခဲ့ပါတယ္။ အသက္ 6 ႏွစ္အရြယ္ေလာက္မွာ ဆရာမေတြက ႀကီးလာရင္ဘာလုပ္မလဲဆုိတဲ့ ပီပီရဲ႕ရည္မွန္းခ်က္ကိုေမးျမန္းခဲ့ေတာ့ ပေရာ္ဖက္ရွင္နယ္ေဘာလံုးသမားျဖစ္ခ်င္တယ္လုိ႔ ျပန္ေျဖခဲ့သူပါ။ ေဘာလံုးကို၀ါသနာႀကီးတဲ့ ဖခင္ရဲ႕ပ်ဳိးေထာင္ေပးမႈနဲ႔အတူ ပီပီဟာ ေျခစြမ္းေျခစရွိသူျဖစ္ခဲ့ေပမယ့္ ေနထုိင္မႈပံုစံေၾကာင့္ အျမင္မၾကည္မႈေတြနဲ႔ေတာ့ရင္ဆုိင္ခဲ့ရပါတယ္။

Photo Credit: Getty Images

အပ်င္းႀကီးၿပီး နာခံလုိစိတ္သိပ္မရွိတဲ့ ပီပီကုိ ကင္းေထာက္ေတြက သိပ္ၿပီးသေဘာမက်တဲ့အတြက္ တျခားျပင္သစ္ၾကယ္ပြင့္ေတြလုိ နာမည္ႀကီးအကယ္ဒမီေတြမွာ တက္ေရာက္ခြင့္မရခဲ့ပါဘူး။ ဒါေပမဲ့ ေခ်ာကလက္ခုိးစားမႈျဖစ္ရပ္က ပီပီကိုလႈပ္ႏိႈးလုိက္သလုိျဖစ္ခဲ့ၿပီး သူ႕ရင္ထဲမွာ ေၾကာက္စိတ္၀င္ေရာက္သြားေစခဲ့တယ္လုိ႔လည္း ဆုိပါတယ္။

(Unicode)

ချောကလက်တစ်ခုကြောင့် အိပ်မက်တွေအဆုံးသတ်မလိုဖြစ်ခဲ့သေးတဲ့ အာဆင်နယ်လူသစ် ပီပီ

လိုင်လီအသင်းတောင်ပံကစားသမား နီကိုလပ်စ်ပီပီကို အာဆင်နယ်က ပေါင် 72 သန်းနဲ့ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီး မကြာခင်အချိန်အတွင်းမှာပဲ အမ်းမရိတ်စ်ကိုရောက်ရှိလာတော့မှာပါ။ ဒါကြောင့်လည်း အင်္ဂလိပ်မီဒီယာတွေထက်မှာ ပီပီနဲ့ပတ်သက်တဲ့အကြောင်းအရာတွေက ဖုံးလွှမ်းသွားခဲ့ပြီး အဲဒီထဲမှာ စိတ်ဝင်စားစရာအတိတ်ဖြစ်ရပ်တစ်ခုလည်းပါဝင်ခဲ့ပါတယ်။ ပီပီအတွက် ပရော်ဖက်ရှင်နယ်ဖြစ်ရေးဆိုတဲ့ အိပ်မက်တွေတောင်မှ အဆုံးသတ်သွားရမလိုပါပဲ။

ဒါဟာ ချောကလက်တစ်ခုကနေ အစပြုခဲ့တာပါ။ အကယ်ဒမီကစားသမားဘဝကို ဖြတ်သန်းနေရစဉ်အတွင်း ပီပီနဲ့ သူ့ရဲ့သူငယ်ချင်းတွေဟာ ကုန်တိုက်ထဲကိုဝင်ရင်းနဲ့ ချောကလက်တစ်ခုကို ပိုက်ဆံမပေးဘဲ ခိုးစားမိခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ကို လုံခြုံရေးကမြင်တွေ့သွားခဲ့တာကြောင့် ပီပီတို့လည်း သူခိုးလူမိဖြစ်သွားခဲ့ရတယ်။ ဒီဖြစ်ရပ်ကို အကယ်ဒမီနည်းပြဟောင်း ဘူဟာဇာမာက ပြန်လည်ပြောပြခဲ့တာဖြစ်ပြီး အဲဒီလုပ်ရပ်ကြောင့် ပီပီဟာ ကလပ်ကနေမောင်းထုတ်ခံရပြီး ပရော်ဖက်ရှင်နယ်ကစားသမားဖြစ်ရေးဆိုတဲ့ သူ့ရဲ့အိပ်မက်ကို လက်လွှတ်ဆုံးရှုံးရဖို့ နီးစပ်ခဲ့သေးတယ်လို့ ဆိုပါတယ်။

ပီပီဟာ ပြင်သစ်ကိုအခြေချလာတဲ့ အိုင်ဗရီကို့စ်က ဒုက္ခသည်မိသားစုကနေ ပေါက်ဖွားလာခဲ့သူဖြစ်ပြီး သူ့ရဲ့ဖခင်ဖြစ်သူဟာ အကျဉ်းထောင်လုံခြုံရေးတစ်ဦးဖြစ်ခဲ့တာပါ။ ဒါကြောင့်လည်း ငယ်စဉ်က ဆင်းရဲပင်ပန်းစွာနဲ့ ဘဝကိုဖြတ်သန်းလာခဲ့တာဖြစ်ပြီး ဘောလုံးကသာ သူ့ဘဝရဲ့ထွက်ပေါက်ဖြစ်ခဲ့ပါတယ်။ အသက် 6 နှစ်အရွယ်လောက်မှာ ဆရာမတွေက ကြီးလာရင်ဘာလုပ်မလဲဆိုတဲ့ ပီပီရဲ့ရည်မှန်းချက်ကိုမေးမြန်းခဲ့တော့ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဖြစ်ချင်တယ်လို့ ပြန်ဖြေခဲ့သူပါ။ ဘောလုံးကိုဝါသနာကြီးတဲ့ ဖခင်ရဲ့ပျိုးထောင်ပေးမှုနဲ့အတူ ပီပီဟာ ခြေစွမ်းခြေစရှိသူဖြစ်ခဲ့ပေမယ့် နေထိုင်မှုပုံစံကြောင့် အမြင်မကြည်မှုတွေနဲ့တော့ရင်ဆိုင်ခဲ့ရပါတယ်။

အပျင်းကြီးပြီး နာခံလိုစိတ်သိပ်မရှိတဲ့ ပီပီကို ကင်းထောက်တွေက သိပ်ပြီးသဘောမကျတဲ့အတွက် တခြားပြင်သစ်ကြယ်ပွင့်တွေလို နာမည်ကြီးအကယ်ဒမီတွေမှာ တက်ရောက်ခွင့်မရခဲ့ပါဘူး။ ဒါပေမဲ့ ချောကလက်ခိုးစားမှုဖြစ်ရပ်က ပီပီကိုလှုပ်နှိုးလိုက်သလိုဖြစ်ခဲ့ပြီး သူ့ရင်ထဲမှာ ကြောက်စိတ်ဝင်ရောက်သွားစေခဲ့တယ်လို့လည်း ဆိုပါတယ်။