အျငင္းပြားဖြယ္မရွိနံပါတ္ ၁ဂိုးသမားအျဖစ္ သူ႕ကိုယ္သူ သတ္မွတ္လုိက္ၿပီးေနာက္ ၄၅မိနစ္အတြင္း ၅ဂိုးေပးလုိက္ရလုိ႔ ေကာ္တြိဳက္စ္ကို ပရိသတ္ေတြ ေလွာင္ေျပာင္

Photo Credit ; AFP / Getty Images

Photo Credit ;Getty Images

ရီးရဲလ္ဂိုးသမား ေကာ္တြိဳက္စ္ဟာ သူ႕ကိုယ္သူ အသင္းရဲ႕အျငင္းပြားဖြယ္မရွိ ဦးစားေပးဂိုးသမားအျဖစ္ သတ္မွတ္ခဲ့ၿပီးေနာက္ ၿမိဳ႕ခံၿပိဳင္ဘက္ အက္သလက္တီကိုနဲ႔ပြဲမွာ ပထမပိုင္းအတြင္း ၅ဂိုးေပးလုိက္ရလုိ႔ ပရိသတ္ေတြရဲ႕ေလွာင္ေျပာင္ျခင္းခံေနရေၾကာင္း သိရပါတယ္။ ၿပီးေတာ့ ခ်ဲလ္ဆီးဂိုးသမားေဟာင္းရဲ႕ျပႆနာက အသင္းရဲ႕ေျမာက္အေမရိကရာသီႀကိဳေျခစမ္းပြဲခရီးစဥ္အတြင္း အသင္းရဲ႕ တစ္ခုတည္းေသာျပႆနာမဟုတ္ဘဲ နယူးဂ်ာစီမွာ အက္သလက္တီကိုအသင္းကို ၇-၃ဂိုးနဲ႔ အရွက္တကြဲအေရးနိမ့္ခဲ့ရပါတယ္။

Photo Credit ; AFP / Getty Images

စပိန္သတင္းစာ ေအအက္စ္က ”ေကာ္တြိဳက္စ္ဟာ အဲဒီပြဲမတုိင္ခင္ နာရီပိုင္းအလုိမွာပဲ ေျပာခဲ့တာတစ္ခုရွိပါတယ္။ သူ႕ႏိုင္ငံ ဘယ္လ္ဂ်ီယံမီဒီယာတစ္ခုနဲ႔ ေတြ႕ဆုံခန္းမွာ အခုေတာ့ သူက ရီးရဲလ္ရဲ႕အျငင္းပြားဖြယ္မရွိ ဦးစားေပးဂိုးသမားအျဖစ္ ရွင္းလင္းစြာရပ္တည္ေနၿပီလုိ႔ ေျပာခဲ့တာပါ။ အဲဒီနံပါတ္ ၁ဂိုးသမားက အက္သလက္တီကိုနဲ႔ပြဲမွာ ပထမပိုင္း ၄၅ မိနစ္အတြင္း ၅ဂိုးေေတာင္ ေပးခဲ့ပါတယ္။ ကာဆီးလက္စ္ ဒါမွမဟုတ္ ေကလာနာဗက္စ္တို႔ဆီက အဲဒီလုိေျပာတာမ်ိဳး တစ္ခါမွမၾကားဖူးပါဘူး။ သူတုိ႔ႏွစ္ေယာက္ေပါင္း ခ်န္ပီယံလိဂ္ဖလား ၆ႀကိမ္ရရိွထားပါတယ္”လုိ႔ ေရးသားေဖာ္ျပခဲ့ပါတယ္။

Photo Credit ; Getty Images

ရီးရဲလ္နည္းျပဇီဒန္းက ရာသီသစ္မွာ အသင္းရဲ႕ဦးစားေပးဂိုးသမားကို ရွင္းရွင္းလင္းလင္းျဖစ္ေနရမယ္လုိ႔ ၿပီးခဲ့တဲ့ရာသီက ေျပာၾကားခဲ့ေပမယ့္ လက္ရွိအေနအထားအရေတာ့ မေသမခ်ာျဖစ္လာႏိုင္ပါတယ္။ နာဗက္စ္ဟာ အက္သလက္တီကိုနဲ႔ပြဲမွာ ဒုတိယပိုင္းအေရာက္ ေကာ္တြိဳက္စ္အစား ပါ၀င္ကစားခဲ့ၿပီး အသင္းရဲ႕စြမ္းေဆာင္ရည္တုိးတက္လာလုိ႔ ပရိသတ္အမ်ားစုက ေကာ္စတာရီကာကစားသမား နာဗက္စ္ကို ဦးစားေပးဂုိးသမားအျဖစ္ ရွိေစခ်င္သလုိ ေကာ္တြိဳက္စ္ကို ဖလားလုပြဲေတြမွာ ထုတ္သုံးခ်င္သုံး မသုံးခ်င္ရင္လည္း ေရာင္းခ်ဖို႔ တိုက္တြန္းေနပါတယ္။

Photo Credit ; Getty Images

ဇီဒန္းကလည္း နာဗက္စ္ကို ဦးစားေပးဂိုးသမားအျဖစ္ အသုံးျပဳလုိေပမယ့္ တျခားေတာင္းဆုိခ်င္တာေတြ ျပည့္ေျမာက္လာေစေရးအတြက္ အသင္းတာ၀န္ရွိသူေတြက ေတာင္းဆုိတဲ့အတုိင္း ေကာ္တြိဳက္စ္ကို ဦးစားေပးထုတ္သုံးရဖုိ႔ရွိေနပါတယ္။ ဇီဒန္းဟာ ယူႏုိက္တက္ကြင္းလယ္လူ ေပါ့ဂ္ဘာကို ေခၚယူႏုိင္ေရးအတြက္ အသင္းတာ၀န္ရွိသူေတြရဲ႕ဆႏၵကို မဆန္႔က်င္တာျဖစ္ၿပီး အသင္းက အေျပာင္းအလဲေတြအမ်ားအျပားျပဳလုပ္ထားေပမယ့္ ကစားပုံကေတာ့ ေျပာင္းလဲမလာေသးဘဲ အက္သလက္တီကိုနဲ႔ပြဲမွာလည္း ကစားသမားသစ္ေတြထဲက ဟာဇက္နဲ႔ ဂ်ိဳဗစ္တုိ႔ပဲ ဦးစားေပးစာရင္းမွာ ပါ၀င္ခဲ့ပါတယ္။

Photo Credit ; EPA

Unicode

အငြင်းပွားဖွယ်မရှိနံပါတ် ၁ဂိုးသမားအဖြစ် သူ့ကိုယ်သူ သတ်မှတ်လိုက်ပြီးနောက် ၄၅မိနစ်အတွင်း ၅ဂိုးပေးလိုက်ရလို့ ကော်တွိုက်စ်ကို ပရိသတ်တွေ လှောင်ပြောင်

ရီးရဲလ်ဂိုးသမား ကော်တွိုက်စ်ဟာ သူ့ကိုယ်သူ အသင်းရဲ့အငြင်းပွားဖွယ်မရှိ ဦးစားပေးဂိုးသမားအဖြစ် သတ်မှတ်ခဲ့ပြီးနောက် မြို့ခံပြိုင်ဘက် အက်သလက်တီကိုနဲ့ပွဲမှာ ပထမပိုင်းအတွင်း ၅ဂိုးပေးလိုက်ရလို့ ပရိသတ်တွေရဲ့လှောင်ပြောင်ခြင်းခံနေရကြောင်း သိရပါတယ်။ ပြီးတော့ ချဲလ်ဆီးဂိုးသမားဟောင်းရဲ့ပြဿနာက အသင်းရဲ့မြောက်အမေရိကရာသီကြိုခြေစမ်းပွဲခရီးစဉ်အတွင်း အသင်းရဲ့ တစ်ခုတည်းသောပြဿနာမဟုတ်ဘဲ နယူးဂျာစီမှာ အက်သလက်တီကိုအသင်းကို ၇-၃ဂိုးနဲ့ အရှက်တကွဲအရေးနိမ့်ခဲ့ရပါတယ်။
စပိန်သတင်းစာ အေအက်စ်က ”ကော်တွိုက်စ်ဟာ အဲဒီပွဲမတိုင်ခင် နာရီပိုင်းအလိုမှာပဲ ပြောခဲ့တာတစ်ခုရှိပါတယ်။ သူ့နိုင်ငံ ဘယ်လ်ဂျီယံမီဒီယာတစ်ခုနဲ့ တွေ့ဆုံခန်းမှာ အခုတော့ သူက ရီးရဲလ်ရဲ့အငြင်းပွားဖွယ်မရှိ ဦးစားပေးဂိုးသမားအဖြစ် ရှင်းလင်းစွာရပ်တည်နေပြီလို့ ပြောခဲ့တာပါ။ အဲဒီနံပါတ် ၁ဂိုးသမားက အက်သလက်တီကိုနဲ့ပွဲမှာ ပထမပိုင်း ၄၅ မိနစ်အတွင်း ၅ဂိုးေတောင် ပေးခဲ့ပါတယ်။ ကာဆီးလက်စ် ဒါမှမဟုတ် ကေလာနာဗက်စ်တို့ဆီက အဲဒီလိုပြောတာမျိုး တစ်ခါမှမကြားဖူးပါဘူး။ သူတို့နှစ်ယောက်ပေါင်း ချန်ပီယံလိဂ်ဖလား ၆ကြိမ်ရရှိထားပါတယ်”လို့ ရေးသားဖော်ပြခဲ့ပါတယ်။
ရီးရဲလ်နည်းပြဇီဒန်းက ရာသီသစ်မှာ အသင်းရဲ့ဦးစားပေးဂိုးသမားကို ရှင်းရှင်းလင်းလင်းဖြစ်နေရမယ်လို့ ပြီးခဲ့တဲ့ရာသီက ပြောကြားခဲ့ပေမယ့် လက်ရှိအနေအထားအရတော့ မသေမချာဖြစ်လာနိုင်ပါတယ်။ နာဗက်စ်ဟာ အက်သလက်တီကိုနဲ့ပွဲမှာ ဒုတိယပိုင်းအရောက် ကော်တွိုက်စ်အစား ပါဝင်ကစားခဲ့ပြီး အသင်းရဲ့စွမ်းဆောင်ရည်တိုးတက်လာလို့ ပရိသတ်အများစုက ကော်စတာရီကာကစားသမား နာဗက်စ်ကို ဦးစားပေးဂိုးသမားအဖြစ် ရှိစေချင်သလို ကော်တွိုက်စ်ကို ဖလားလုပွဲတွေမှာ ထုတ်သုံးချင်သုံး မသုံးချင်ရင်လည်း ရောင်းချဖို့ တိုက်တွန်းနေပါတယ်။
ဇီဒန်းကလည်း နာဗက်စ်ကို ဦးစားပေးဂိုးသမားအဖြစ် အသုံးပြုလိုပေမယ့် တခြားတောင်းဆိုချင်တာတွေ ပြည့်မြောက်လာစေရေးအတွက် အသင်းတာဝန်ရှိသူတွေက တောင်းဆိုတဲ့အတိုင်း ကော်တွိုက်စ်ကို ဦးစားပေးထုတ်သုံးရဖို့ရှိနေပါတယ်။ ဇီဒန်းဟာ ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဂ်ဘာကို ခေါ်ယူနိုင်ရေးအတွက် အသင်းတာဝန်ရှိသူတွေရဲ့ဆန္ဒကို မဆန့်ကျင်တာဖြစ်ပြီး အသင်းက အပြောင်းအလဲတွေအများအပြားပြုလုပ်ထားပေမယ့် ကစားပုံကတော့ ပြောင်းလဲမလာသေးဘဲ အက်သလက်တီကိုနဲ့ပွဲမှာလည်း ကစားသမားသစ်တွေထဲက ဟာဇက်နဲ့ ဂျိုဗစ်တို့ပဲ ဦးစားပေးစာရင်းမှာ ပါဝင်ခဲ့ပါတယ်။