အဲလ္ဗက္စ္ကို တစ္ပတ္လစာေပါင္ ၂၀၀၀၀၀ အာဆင္နယ္ေပးႏိုင္ပါ့မလား

ဘရာဇီးလက္ေရြးစင္ေနာက္ခံလူ ဒန္နီအဲလ္ဗက္စ္ဟာ အာဆင္နယ္ကိုေျပာင္းဖို႔အတြက္ လစာေလွ်ာ႔ယူမွာျဖစ္ေပမယ္႔ သူလိုျခင္တဲ႔ တစ္ပတ္လစာကေပါင္ ၂၀၀၀၀၀ ျဖစ္လို႔ ဒါကိုအာဆင္နယ္ဘက္ကေပးဖို႔ မေသခ်ာဘဲျဖစ္ေနတယ္လို႔ သတင္းတစ္ရပ္မွာေဖာ္ျပခဲ့ပါတယ္။

အသက္ ၃၆ ႏွစ္ရွိၿပီျဖစ္တဲ႔ အဲလ္ဗက္စ္ဟာၿပီးခဲ့တဲ႔ ဇြန္လကုန္က ပီအက္စ္ဂ်ီနဲ႔ စာခ်ဳပ္သက္တမ္းကုန္လို႔ လမ္းခြဲခဲ့ၿပီးေနာက္ ကလပ္လက္မဲ႔ျဖစ္ေနပါတယ္။ သူဟာမၾကာေသးခင္ကလည္း ကိုပါအေမရိကမွာဘရာဇီးအသင္းေခါင္းေဆာင္အျဖစ္တာ၀န္ယူၿပီး ဗိုလ္စြဲေအာင္ကူညီေပးႏိုင္ခဲ့သူျဖစ္ပါတယ္။

ေဘာလုံးသမိုင္းမွာ ဆုဖလား ၄၀ ရတဲ႔ပထမဆုံးကစားသမားျဖစ္ခဲ့တဲ႔ အဲလ္ဗက္စ္ကို မန္စီးတီးနဲ႔စပါးတို႔ကလည္းေခၚယူဖို႔ စိတ္၀င္စားေနေပမယ္႔ သူကေတာ႔ အာဆင္နယ္ကိုဘဲေျပာင္းေရႊ႕လိုေနၿပီး ဒီအတြက္လည္း လစာေလွ်ာ႔ယူေပးဖို႔ စီစဥ္ထားပါတယ္။ သူဟာ ပီအက္စ္ဂ်ီမွာတစ္ပတ္လစာေပါင္ ၃ သိန္းေက်ာ္ရရွိခဲ့သူျဖစ္ပါတယ္။

အခုလိုလစာေလွ်ာ႔ယူမွာျဖစ္ေပမယ္႔ သူ႔လိုျခင္တဲ႔အနည္းဆုံးတစ္ပတ္လစာကေပါင္ ၂၀၀၀၀၀ ျဖစ္လို႔ အာဆင္နယ္အသင္းဘက္ကေပးဖို႔အခက္အခဲေတြရွိေနတာပါ။ အာဆင္နယ္ဟာ ဒီေႏြရာသီမွာအသုံးစရိတ္ေပါင္ ၄၅ သန္းသာရွိထားလို႔ အဲလ္ဗက္စ္ရဲ႕လစာကိုေပးေခ်ႏိုင္ဖို႔လည္း မေသခ်ာပါဘူး။

အာဆင္နယ္ဟာ လာမယ္႔ရာသီအပါအ၀င္ ခ်န္ပီယံလိဂ္နဲ႔ ၃ ႏွစ္ဆက္လြဲေခ်ာ္ခဲ့လို႔ အသုံးစားရိတ္ကန္႔သတ္ေနရရုံသာမက လစာေပးေခ်မႈႏႈန္းထားကိုလည္း တတ္ႏိုင္သေလာက္နည္းပါးေအာင္ထိန္းခ်ဳပ္ေနရလို႔ ဘ႑ာေရးအရ အျခားထိပ္တန္းအသင္းေတြကို မယွဥ္ၿပိဳႏိုင္ဘဲျဖစ္ေနပါတယ္။

Unicode

အဲလ်ဗက်စ်ကို တစ်ပတ်လစာပေါင် ၂၀၀၀၀၀ အာဆင်နယ်ပေးနိုင်ပါ့မလား
ဘရာဇီးလက်ရွေးစင်နောက်ခံလူ ဒန်နီအဲလ်ဗက်စ်ဟာ အာဆင်နယ်ကိုပြောင်းဖို့အတွက် လစာလျှော့ယူမှာဖြစ်ပေမယ့် သူလိုခြင်တဲ့ တစ်ပတ်လစာကပေါင် ၂၀၀၀၀၀ ဖြစ်လို့ ဒါကိုအာဆင်နယ်ဘက်ကပေးဖို့ မသေချာဘဲဖြစ်နေတယ်လို့ သတင်းတစ်ရပ်မှာဖော်ပြခဲ့ပါတယ်။

အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ အဲလ်ဗက်စ်ဟာပြီးခဲ့တဲ့ ဇွန်လကုန်က ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းကုန်လို့ လမ်းခွဲခဲ့ပြီးနောက် ကလပ်လက်မဲ့ဖြစ်နေပါတယ်။ သူဟာမကြာသေးခင်ကလည်း ကိုပါအမေရိကမှာဘရာဇီးအသင်းခေါင်းဆောင်အဖြစ်တာဝန်ယူပြီး ဗိုလ်စွဲအောင်ကူညီပေးနိုင်ခဲ့သူဖြစ်ပါတယ်။

ဘောလုံးသမိုင်းမှာ ဆုဖလား ၄၀ ရတဲ့ပထမဆုံးကစားသမားဖြစ်ခဲ့တဲ့ အဲလ်ဗက်စ်ကို မန်စီးတီးနဲ့စပါးတို့ကလည်းခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် သူကတော့ အာဆင်နယ်ကိုဘဲပြောင်းရွှေ့လိုနေပြီး ဒီအတွက်လည်း လစာလျှော့ယူပေးဖို့ စီစဉ်ထားပါတယ်။ သူဟာ ပီအက်စ်ဂျီမှာတစ်ပတ်လစာပေါင် ၃ သိန်းကျော်ရရှိခဲ့သူဖြစ်ပါတယ်။

အခုလိုလစာလျှော့ယူမှာဖြစ်ပေမယ့် သူ့လိုခြင်တဲ့အနည်းဆုံးတစ်ပတ်လစာကပေါင် ၂၀၀၀၀၀ ဖြစ်လို့ အာဆင်နယ်အသင်းဘက်ကပေးဖို့အခက်အခဲတွေရှိနေတာပါ။ အာဆင်နယ်ဟာ ဒီနွေရာသီမှာအသုံးစရိတ်ပေါင် ၄၅ သန်းသာရှိထားလို့ အဲလ်ဗက်စ်ရဲ့လစာကိုပေးချေနိုင်ဖို့လည်း မသေချာပါဘူး။

အာဆင်နယ်ဟာ လာမယ့်ရာသီအပါအဝင် ချန်ပီယံလိဂ်နဲ့ ၃ နှစ်ဆက်လွဲချော်ခဲ့လို့ အသုံးစားရိတ်ကန့်သတ်နေရရုံသာမက လစာပေးချေမှုနှုန်းထားကိုလည်း တတ်နိုင်သလောက်နည်းပါးအောင်ထိန်းချုပ်နေရလို့ ဘဏ္ဍာရေးအရ အခြားထိပ်တန်းအသင်းတွေကို မယှဉ်ပြိုနိုင်ဘဲဖြစ်နေပါတယ်။