အေကာင္းဆုံးဆုေတြရဖို႔အတြက္ ရီးရဲလ္လိုအသင္းကို ဟာဇတ္လိုအပ္တယ္လို႔ ဇီဒန္းေျပာ

ရီးရဲလ္မက္ဒရစ္အသင္းနည္းျပ ဇီဒန္းက ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ခမ္းနားထည္၀ါမႈက ေတာင္ပံကစားသမား ဟဇတ္ရဲ႕အဆင့္အတန္းကိုေနာက္တစ္ဆင့္ျမင့္လာေစလိမ့္မယ္လို႔ ေျပာလိုက္ပါတယ္။ ဟာဇတ္ဟာၿပီးခဲ့တဲ႔ဇြန္လတုန္းက ခ်ဲလ္ဆီးကေနေပါင္သန္း ၁၅၀ နဲ႔ရီးရဲလ္ကိုေျပာင္းလာတဲ႔သူျဖစ္ပါတယ္။

ခ်ဲလ္ဆီးနဲ႔အတူေအာင္ျမင္မႈေတြရရွိခဲ့ၿပီး ကမၻာ႔အေကာင္းဆုံးကစားသမားတစ္ဦးအျဖစ္လည္းသတ္မွတ္ခံထားရတဲ႔ ဟာဇတ္ဟာၿပီးခဲ့တဲ႔ေႏြရာသီကတည္းက ရီးရဲလ္ကိုေျပာင္းလာဖို႔ရွိခဲ့ေပမယ္႔ ခ်ဲလ္ဆီးပရိသတ္ေတြေက်နပ္ေအာင္တစ္ႏွစ္ဆက္ေနခဲ့ၿပီး အခုေႏြရာသီေရာက္မွေျပာငး္လာခဲ့တာျဖစ္ပါတယ္။

အသက္ ၂၈ ႏွစ္ရွိတဲ႔ ဟာဇတ္ဟာအခုဆိုရင္ ရီးရဲလ္ကိုေရာက္လာလို႔ Ballon d’ Or လိုမ်ဳိးတစ္ဦးခ်င္းအေကာင္းဆုံးဆုေတြရဖို႔ ပိုၿပီးနီးစပ္သြားၿပီလို႔ ဇီဒန္းကဆိုခဲ့ပါတယ္။ ဒါဟာ ဟာဇတ္ရဲ႕အသငး္ေဟာင္းခ်ဲလ္ဆီးကို ထိုးႏွက္လိုက္သလိုလည္းျဖစ္ခဲ့လို႔ ဇီဒန္းကိုျပန္လည္ေ ၀ဖန္မႈေတြရွိလာႏိုင္တယ္လို႔လည္း ယူဆေနၾကပါတယ္။

ဘိုင္ယန္ျမဴ းနစ္နဲ႔ကစားခဲ့တဲ႔ ICC ဖလားမတိုင္ခင္မွာ ဇီဒန္းက”ဟာဇတ္ဟာ အဆုံးအျဖတ္ေပးနိုင္တဲ႔ သူပါ။သူဟာဂိုးေတြသြင္းၿပီး ကြဲျပားျခားနားမႈေတြကိုလည္း ေပးစြမ္းႏိုင္သူျဖစ္ပါတယ္။ ဒါကိုသူ႔ကစားသမားဘ၀တစ္ေလွ်ာက္ျပသခဲ့ၿပီးပါၿပီ။ အခုေတာ႔သူ႔ကိုက်ြန္ေတာ္တို႔ ရရွိထားၿပီးပါၿပီ။

သူ႔စြမ္းေဆာင္ရည္ေၾကာင့္ ရီးရဲလ္ဟာအမ်ားႀကီးအက်ဳိးရွိလာမွာပါ။ ရီးရဲလ္ဆိုတာခမ္းနာထည္၀ါတဲ႔အသင္းျဖစ္လို႔ ဟာဇတ္ရဲ႕အဆင့္အတန္းကပိုျမင့္လာမွာပါ။ အေကာင္းဆုံးဆုေတြရဖို႔အတြက္ ရီးရဲလ္လိုအသင္းကို သူလိုအပ္ပါတယ္။ က်ြန္ေတာ္ဆိုကစားသမားဘ၀တုန္းက ဒီကိုေရာက္လာေတာ႔ အသက္ ၂၉ ႏွစ္ရွိၿပီျဖစ္ေပမယ္႔ အမ်ားႀကီးတိုးတက္ခဲ့ပါတယ္။ဟာဇတ္လည္း က်ြန္ေတာ္႔လိုတိုးတက္လာမွာပါ” လို႔ေျပာသြားပါတယ္။

Unicode

အကောင်းဆုံးဆုတွေရဖို့အတွက် ရီးရဲလ်လိုအသင်းကို ဟာဇတ်လိုအပ်တယ်လို့ ဇီဒန်းပြော
ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းက ရီးရဲလ်မက်ဒရစ်အသင်းရဲ့ခမ်းနားထည်ဝါမှုက တောင်ပံကစားသမား ဟဇတ်ရဲ့အဆင့်အတန်းကိုနောက်တစ်ဆင့်မြင့်လာစေလိမ့်မယ်လို့ ပြောလိုက်ပါတယ်။ ဟာဇတ်ဟာပြီးခဲ့တဲ့ဇွန်လတုန်းက ချဲလ်ဆီးကနေပေါင်သန်း ၁၅၀ နဲ့ရီးရဲလ်ကိုပြောင်းလာတဲ့သူဖြစ်ပါတယ်။

ချဲလ်ဆီးနဲ့အတူအောင်မြင်မှုတွေရရှိခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးအဖြစ်လည်းသတ်မှတ်ခံထားရတဲ့ ဟာဇတ်ဟာပြီးခဲ့တဲ့နွေရာသီကတည်းက ရီးရဲလ်ကိုပြောင်းလာဖို့ရှိခဲ့ပေမယ့် ချဲလ်ဆီးပရိသတ်တွေကျေနပ်အောင်တစ်နှစ်ဆက်နေခဲ့ပြီး အခုနွေရာသီရောက်မှပြောင်းလာခဲ့တာဖြစ်ပါတယ်။

အသက် ၂၈ နှစ်ရှိတဲ့ ဟာဇတ်ဟာအခုဆိုရင် ရီးရဲလ်ကိုရောက်လာလို့ Ballon d’ Or လိုမျိုးတစ်ဦးချင်းအကောင်းဆုံးဆုတွေရဖို့ ပိုပြီးနီးစပ်သွားပြီလို့ ဇီဒန်းကဆိုခဲ့ပါတယ်။ ဒါဟာ ဟာဇတ်ရဲ့အသင်းဟောင်းချဲလ်ဆီးကို ထိုးနှက်လိုက်သလိုလည်းဖြစ်ခဲ့လို့ ဇီဒန်းကိုပြန်လည်ေ ဝဖန်မှုတွေရှိလာနိုင်တယ်လို့လည်း ယူဆနေကြပါတယ်။

ဘိုင်ယန်မြူ းနစ်နဲ့ကစားခဲ့တဲ့ ICC ဖလားမတိုင်ခင်မှာ ဇီဒန်းက”ဟာဇတ်ဟာ အဆုံးအဖြတ်ပေးနိုင်တဲ့ သူပါ။သူဟာဂိုးတွေသွင်းပြီး ကွဲပြားခြားနားမှုတွေကိုလည်း ပေးစွမ်းနိုင်သူဖြစ်ပါတယ်။ ဒါကိုသူ့ကစားသမားဘဝတစ်လျှောက်ပြသခဲ့ပြီးပါပြီ။ အခုတော့သူ့ကိုကျွန်တော်တို့ ရရှိထားပြီးပါပြီ။

သူ့စွမ်းဆောင်ရည်ကြောင့် ရီးရဲလ်ဟာအများကြီးအကျိုးရှိလာမှာပါ။ ရီးရဲလ်ဆိုတာခမ်းနာထည်ဝါတဲ့အသင်းဖြစ်လို့ ဟာဇတ်ရဲ့အဆင့်အတန်းကပိုမြင့်လာမှာပါ။ အကောင်းဆုံးဆုတွေရဖို့အတွက် ရီးရဲလ်လိုအသင်းကို သူလိုအပ်ပါတယ်။ ကျွန်တော်ဆိုကစားသမားဘဝတုန်းက ဒီကိုရောက်လာတော့ အသက် ၂၉ နှစ်ရှိပြီဖြစ်ပေမယ့် အများကြီးတိုးတက်ခဲ့ပါတယ်။ဟာဇတ်လည်း ကျွန်တော့်လိုတိုးတက်လာမှာပါ” လို့ပြောသွားပါတယ်။