အိုဒြိဳင္းကို ဘိုင္ယန္လက္မေလွ်ာ႔ေသးဘဲ ေပါင္ ၄၅ သန္းနဲ႔ထပ္ကမ္းလွမ္းဖို႔ ျပင္ဆင္

ဘိုင္ယန္ျမဴ းနစ္အသင္းဟာ ခ်ဲလ္ဆီးေတာင္ပံကစားသမား အိုဒိြဳင္း ကိုေခၚယူဖို႔လက္မေလွ်ာ႔ေသးဘဲ လာမယ္႔သီတင္းပတ္အတြင္းမွာေပါင္ ၄၅ သန္းနဲ႔ထပ္မံကမ္းလွမ္းသြားမယ္လို႔ သိရပါတယ္။ ဒီေစ်းဟာၿပီးခဲ့တဲ႔ ဇန္န၀ါရီေစ်းကြက္ေနာက္ဆုံးရက္တုန္းက ဘုိင္ယန္ကမ္းလွမ္းခဲ့တဲ႔ေစ်းထက္ ေပါင္ ၁၀ သန္းပိုတယ္လို႔လည္းဆိုပါတယ္။

ဘိုင္ယန္ျမဴ းနစ္အသင္း အားကစားဒါရိုက္တာ ဆာလီဟာမစ္ဇစ္ကလည္း အိုဒိြဳင္းကိုေခၚယူဖို႔ဆက္လက္စိတ္၀င္စားေနဆဲျဖစ္ၿပီး လက္မေလွ်ာ႔ေသးဘူးလို႔ ဂ်ာမနီမီဒီယာေတြကို မၾကာေသးခင္ကတင္ေျပာၾကားခဲ့ပါေသးတယ္။

ခ်ဲလ္ဆီးနည္းျပ ဖရန္႔လမ္းပတ္ကေတာ႔ အိုဒိြဳင္း ဟာသူ႔ရဲ႕အနာဂတ္စီမံကိန္းထဲမွာအဓိကက်သူျဖစ္လို႔ ေရာင္းခ်ဖို႔ဆႏၵမရွိ သလိုကလပ္ဘက္ကလည္း ဘိုင္ယန္ရဲ႕အရင္ကမ္းလွမ္းမႈအခ်ဳိ႕ကိုပယ္ခ်ထားၿပီးျဖစ္ပါတယ္။ ဘိုင္ယန္ဟာ ေရာ္ဘင္နဲ႔ ရစ္ဘာရီ တို႔လို၀ါရင့္ေတာင္ပံကစားသမားေတြထြက္သြားၿပီးတဲ႔ေနာက္ ငယ္ရြယ္ၿပီးေျခစြမ္းေကာင္းမြန္တဲ႔ လူငယ္ေတြကိုပစ္မွတ္ထားေနတာပါ။

ဒါေၾကာင့္ သူတို႔ဟာၿပီးခဲ့တဲ႔ ဇန္န၀ါရီေစ်းကြက္ထဲက အိုဒိြဳင္း ကိုကမ္းလွမ္းမႈေတြလုပ္ခဲ့တာျဖစ္ပါတယ္။ ဒီအေျခအေနေၾကာင့္ လမ္းပတ္ဟာ အိုဒိြဳင္းကိုအသင္းမွေရရွည္ဆက္ရွိေစေရး အာမခံခ်က္ရရွိႏိုင္ဖို႔အတြက္ ကစားသမားနဲ႔ မ်က္ႏွာခ်င္းဆိုင္ေတြ႔ဆုံ ဖို႔စီစဥ္ထားတယ္လို႔ သိရပါတယ္။

အိုဒိြဳင္းဟာ ဒဏ္ရာကေနျပန္လည္သက္သာလာ ကာစျဖစ္လို႔ ကလပ္ရဲ႕ေကာ႔ဘ္ဟမ္ေလ႔က်င့္ေရးကြင္းမွာဘဲ က်န္ေနခဲ့ၿပီး အသင္းရဲ႕ ရာသီႀကိဳေျခစမ္းခရီးကို လိုက္ပါသြားႏိုင္ျခင္းမရွိပါဘူး။ လက္ရွိမွာ ခ်ဲလ္ဆီးတာ၀န္ရွိသူေတြက ဘိုင္ယန္ရဲ႕ကမး္လွမ္းမႈမွန္သမွ်ကို ျငင္းပယ္ဖို႔အဆင္သင့္ျပင္ထားတယ္လို႔လည္း အဂၤလိပ္မီဒီယာေတြမွာေဖာ္ျပေနၾကပါတယ္။

Unicode

အိုဒွိုင်းကို ဘိုင်ယန်လက်မလျှော့သေးဘဲ ပေါင် ၄၅ သန်းနဲ့ထပ်ကမ်းလှမ်းဖို့ ပြင်ဆင်
ဘိုင်ယန်မြူ းနစ်အသင်းဟာ ချဲလ်ဆီးတောင်ပံကစားသမား အိုဒွိုင်း ကိုခေါ်ယူဖို့လက်မလျှော့သေးဘဲ လာမယ့်သီတင်းပတ်အတွင်းမှာပေါင် ၄၅ သန်းနဲ့ထပ်မံကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။ ဒီဈေးဟာပြီးခဲ့တဲ့ ဇန်နဝါရီဈေးကွက်နောက်ဆုံးရက်တုန်းက ဘိုင်ယန်ကမ်းလှမ်းခဲ့တဲ့ဈေးထက် ပေါင် ၁၀ သန်းပိုတယ်လို့လည်းဆိုပါတယ်။

ဘိုင်ယန်မြူ းနစ်အသင်း အားကစားဒါရိုက်တာ ဆာလီဟာမစ်ဇစ်ကလည်း အိုဒွိုင်းကိုခေါ်ယူဖို့ဆက်လက်စိတ်ဝင်စားနေဆဲဖြစ်ပြီး လက်မလျှော့သေးဘူးလို့ ဂျာမနီမီဒီယာတွေကို မကြာသေးခင်ကတင်ပြောကြားခဲ့ပါသေးတယ်။

ချဲလ်ဆီးနည်းပြ ဖရန့်လမ်းပတ်ကတော့ အိုဒွိုင်း ဟာသူ့ရဲ့အနာဂတ်စီမံကိန်းထဲမှာအဓိကကျသူဖြစ်လို့ ရောင်းချဖို့ဆန္ဒမရှိ သလိုကလပ်ဘက်ကလည်း ဘိုင်ယန်ရဲ့အရင်ကမ်းလှမ်းမှုအချို့ကိုပယ်ချထားပြီးဖြစ်ပါတယ်။ ဘိုင်ယန်ဟာ ရော်ဘင်နဲ့ ရစ်ဘာရီ တို့လိုဝါရင့်တောင်ပံကစားသမားတွေထွက်သွားပြီးတဲ့နောက် ငယ်ရွယ်ပြီးခြေစွမ်းကောင်းမွန်တဲ့ လူငယ်တွေကိုပစ်မှတ်ထားနေတာပါ။

ဒါကြောင့် သူတို့ဟာပြီးခဲ့တဲ့ ဇန်နဝါရီဈေးကွက်ထဲက အိုဒွိုင်း ကိုကမ်းလှမ်းမှုတွေလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီအခြေအနေကြောင့် လမ်းပတ်ဟာ အိုဒွိုင်းကိုအသင်းမှရေရှည်ဆက်ရှိစေရေး အာမခံချက်ရရှိနိုင်ဖို့အတွက် ကစားသမားနဲ့ မျက်နှာချင်းဆိုင်တွေ့ဆုံ ဖို့စီစဉ်ထားတယ်လို့ သိရပါတယ်။

အိုဒွိုင်းဟာ ဒဏ်ရာကနေပြန်လည်သက်သာလာ ကာစဖြစ်လို့ ကလပ်ရဲ့ကော့ဘ်ဟမ်လေ့ကျင့်ရေးကွင်းမှာဘဲ ကျန်နေခဲ့ပြီး အသင်းရဲ့ ရာသီကြိုခြေစမ်းခရီးကို လိုက်ပါသွားနိုင်ခြင်းမရှိပါဘူး။ လက်ရှိမှာ ချဲလ်ဆီးတာဝန်ရှိသူတွေက ဘိုင်ယန်ရဲ့ကမ်းလှမ်းမှုမှန်သမျှကို ငြင်းပယ်ဖို့အဆင်သင့်ပြင်ထားတယ်လို့လည်း အင်္ဂလိပ်မီဒီယာတွေမှာဖော်ပြနေကြပါတယ်။