အားလုံးအဆင္ေျပမယ္႔ ကမ္းးလွမ္းမႈနဲ႔ဆိုရင္ ေနမာထြက္ႏိုင္တယ္လို႔ ပီအက္စ္ဂ်ီအတည္ျပဳ

ပီအက္စ္ဂ်ီအသင္းဟာ ေနမာအေပၚစိတ္ရွည္သည္းခံမႈကုန္ဆုံးသြားတဲ႔အတြက္ သင့္ေတာ္တဲ႔ကမ္းလွမ္းမႈရွိလာရင္ေရာင္းခ်သြားမယ္လို႔ ကလပ္ရဲ႕အားကစားဒါရိုက္တာ လီယိုနာဒိုကအတည္ျပဳလိုက္ပါတယ္။ လက္ရွိမွာေနမာဟာ ဘာစီလိုနာကိုေရာက္မယ္လို႔ သတင္းထြက္ေနေပမယ္႔ ဘယ္ကလပ္ကမွ ကမ္းလွမ္းတာမ်ဳိးမရွိေသးဘူးလို႔ လီယုိနာဒိုကဆိုပါတယ္။

ေနမာဟာ ၿပီးခဲ့တဲ႔ တနလၤာေန႔ကအသင္းရဲကေလ႔က်င့္ခန္းအစီစအဥ္ကိုလာေရာက္ဖို႔ ညႊန္ၾကားခံခဲ့ရေပမယ္႔ ေရာက္မလာတဲ႔အတြက္ ပီအက္စ္ဂ်ီဘက္က သူ႔ကိုစညး္ကမ္းပိုင္းအရအေရးယူဖို႔ရွိေနပါတယ္။ သူဟာၿပီးခဲ့တဲ႔ တနဂၤေႏြေန႔က ဘရာဇီးနဲ႔ ပီရူးတို႔ရဲ႕ကိုပါအေမရိကဖိုင္နယ္ပြဲစဥ္ကိုၾကည့္ရႈ႕ခဲ့ပါေသးတယ္။

လီယိုနာဒိုက”အားလုံးအတြက္အဆင္ေျပမယ္႔ ကမ္းလွမး္မႈမ်ဳိးရွိလာရင္ အသင္းကေန ေနမာထြက္ႏုိင္ပါတယ္။ ေလာေလာဆယ္မွာေတာ႔ သူ႔ကို၀ယ္လိုတဲ႔ကလပ္ရွိသလားဆိုတာနဲ႔ ဘယ္ေစ်းနဲ႔၀ယ္မလဲဆိုတာကိုေတာ႔ က်ြန္ေတာ္မသိပါဘူး။ ဒီကိစၥကိုတရက္တည္းနဲ႔မေျဖရွင္းႏိုင္တာကေတာ႔ ေသခ်ာပါတယ္” လို႔ေျပာသြားပါတယ္။

မၾကာေသးခင္က ဘာစီလိုနာဥကၠ႒ဘာတိုျမဴ က ေနမာဟာ ပီအက္စ္ဂ်ီကေနထြက္ခ်င္ေနတယ္ဆိုတာကို သူတို႔သိထားတယ္လို႔ ေျပာခဲ့တာေၾကာင့္ ဘာစီလိုနာကိုေရာက္ဖို႔ရွိေနတယ္လို႔ ခန္႔မွန္းေနၾကပါတယ္။ ဒါေပမယ္႔ လက္ရွိမွာ ဘယ္အသင္းကမွကမး္လွမ္းတာမရွိေသးဘူးလို႔ လီယိုနာဒိုကေျပာပါတယ္။

အသက္ ၂၇ ႏွစ္ရွိၿပီျဖစ္တဲ႔ ေနမာဟာ ၂၀၁၆ ကဘာစီလိုနာကေနကမၻာ႔စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးေပါင္ ၁၉၈ သန္းနဲ႔ ပီအက္စ္ဂ်ီကိုေရာက္လာတာျဖစ္ေပမယ္႔ ျပင္သစ္မွာအေျခမက်ျဖစ္ခဲ့ၿပီး ၿပီးခဲ့တဲ႔ရာသီကဆိုရင္ ျပႆ     နာအမ်ဳိးမ်ဳိးျဖစ္ခဲ့ၿပီး အေရးယူမႈေတြလည္းခံခဲ့ရပါတယ္။

Unicode

အားလုံးအဆင်ပြေမယ့် ကမ်းးလှမ်းမှုနဲ့ဆိုရင် နေမာထွက်နိုင်တယ်လို့ ပီအက်စ်ဂျီအတည်ပြု
ပီအက်စ်ဂျီအသင်းဟာ နေမာအပေါ်စိတ်ရှည်သည်းခံမှုကုန်ဆုံးသွားတဲ့အတွက် သင့်တော်တဲ့ကမ်းလှမ်းမှုရှိလာရင်ရောင်းချသွားမယ်လို့ ကလပ်ရဲ့အားကစားဒါရိုက်တာ လီယိုနာဒိုကအတည်ပြုလိုက်ပါတယ်။ လက်ရှိမှာနေမာဟာ ဘာစီလိုနာကိုရောက်မယ်လို့ သတင်းထွက်နေပေမယ့် ဘယ်ကလပ်ကမှ ကမ်းလှမ်းတာမျိုးမရှိသေးဘူးလို့ လီယိုနာဒိုကဆိုပါတယ်။

နေမာဟာ ပြီးခဲ့တဲ့ တနင်္လာနေ့ကအသင်းရဲကလေ့ကျင့်ခန်းအစီစအဉ်ကိုလာရောက်ဖို့ ညွှန်ကြားခံခဲ့ရပေမယ့် ရောက်မလာတဲ့အတွက် ပီအက်စ်ဂျီဘက်က သူ့ကိုစည်းကမ်းပိုင်းအရအရေးယူဖို့ရှိနေပါတယ်။ သူဟာပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဘရာဇီးနဲ့ ပီရူးတို့ရဲ့ကိုပါအမေရိကဖိုင်နယ်ပွဲစဉ်ကိုကြည့်ရှု့ခဲ့ပါသေးတယ်။

လီယိုနာဒိုက”အားလုံးအတွက်အဆင်ပြေမယ့် ကမ်းလှမ်းမှုမျိုးရှိလာရင် အသင်းကနေ နေမာထွက်နိုင်ပါတယ်။ လောလောဆယ်မှာတော့ သူ့ကိုဝယ်လိုတဲ့ကလပ်ရှိသလားဆိုတာနဲ့ ဘယ်ဈေးနဲ့ဝယ်မလဲဆိုတာကိုတော့ ကျွန်တော်မသိပါဘူး။ ဒီကိစ္စကိုတရက်တည်းနဲ့မဖြေရှင်းနိုင်တာကတော့ သေချာပါတယ်” လို့ပြောသွားပါတယ်။

မကြာသေးခင်က ဘာစီလိုနာဥက္ကဋ္ဌဘာတိုမြူ က နေမာဟာ ပီအက်စ်ဂျီကနေထွက်ချင်နေတယ်ဆိုတာကို သူတို့သိထားတယ်လို့ ပြောခဲ့တာကြောင့် ဘာစီလိုနာကိုရောက်ဖို့ရှိနေတယ်လို့ ခန့်မှန်းနေကြပါတယ်။ ဒါပေမယ့် လက်ရှိမှာ ဘယ်အသင်းကမှကမ်းလှမ်းတာမရှိသေးဘူးလို့ လီယိုနာဒိုကပြောပါတယ်။

အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့ နေမာဟာ ၂၀၁၆ ကဘာစီလိုနာကနေကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပေါင် ၁၉၈ သန်းနဲ့ ပီအက်စ်ဂျီကိုရောက်လာတာဖြစ်ပေမယ့် ပြင်သစ်မှာအခြေမကျဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီကဆိုရင် ပြဿ     နာအမျိုးမျိုးဖြစ်ခဲ့ပြီး အရေးယူမှုတွေလည်းခံခဲ့ရပါတယ်။