အားလပ္ရက္အၿပီး ၁၅ေပါင္ေက်ာ္ဝိတ္တက္လာတယ္ဆိုတဲ့ ဟာဇက္ကို ကယ္တင္ရွင္အျဖစ္ ရီးရဲလ္တာ၀န္ရွိသူေတြ မယုံၾကည္ေတာ့

Photo Credit ; AP

Photo Credit ; AP

သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ေတာင္ပံကစားသမား ဟာဇက္ဟာ ကေနဒါႏိုင္ငံ၊ မြန္ထရီရယ္ရွိ ရီးရဲလ္အသင္းရဲ႕ရာသီႀကိဳေျခစမ္းပြဲခရီးစဥ္ကို လာေရာက္ပူးေပါင္းခ်ိန္မွာ ကိုယ္ခႏၶာအေလးခ်ိန္က ၇ကီလို(၁၅ေပါင္ေက်ာ္) ပိုမ်ားလာေၾကာင္း သိရပါတယ္။ ရီးရဲလ္အတြက္ ယခုေႏြရာသီကာလက အဆင္ေျပေခ်ာေမြ႕ျခင္းမရွိဘဲ အသင္းက ရာသီႀကိဳေျခစမ္းပြဲေတြမွာ ပုံမွန္ေျခစြမ္းေအာက္ေရာက္ေနခ်ိန္မွာ ထုတ္ေရာင္းခ်င္ေနတဲ့ ေတာင္ပံတိုက္စစ္မႉးဂါရတ္ေဘးလ္ကို အခုခ်ိန္အထိ အသင္းမွာ ဆက္ထားေနရဆဲျဖစ္ၿပီး အထူးသျဖင့္ ၿမိဳ႕ခံၿပိဳင္ဘက္ အက္သလက္တီကိုအသင္းကို ၇-၃ဂိုးနဲ႔အေရးနိမ့္ခဲ့ရတာက အဆိုးဆုံးျဖစ္ပါတယ္။

Photo Credit ; EPA

ေနာက္ထပ္ျပႆနာတစ္ခုျဖစ္လာႏိုင္တာက နည္းျပဇီဒန္းအေနနဲ႔ ခ်ဲလ္ဆီးကေန ေျပာင္းေ႐ႊ႕ေၾကးျမင့္မားစြာနဲ႔ ေခၚယူထားတဲ့ ၾကယ္ပြင့္ကစားသမား ဟာဇက္ရဲ႕ကိုယ္အေလးခ်ိန္ျမင့္တက္မႈျပႆနာျဖစ္ပါတယ္။ စပိန္သတင္းစာ စပို႔တ္ရဲ႕ေရးသားေဖာ္ျပခ်က္အရ ဘယ္လ္ဂ်ီယံလက္ေ႐ြးစင္ ဟာဇက္ဟာ ေျမာက္အေမရိကရွိ အသင္းရဲ႕ရာသီႀကိဳေျခစမ္းပြဲခရီးစဥ္ကို လာေရာက္သတင္းေပးပို႔ရာမွာ ကိုယ္အေလးခ်ိန္က ယခင္ကထက္ ၁၅.၄ ေပါင္အထိ ပိုမ်ားလာေၾကာင္း ေရးသားေဖာ္ျပခဲ့ပါတယ္။ အဲဒီျပႆနာက ရီးရဲလ္မွာ အားၿပိဳင္မႈေတြျဖစ္ေပၚေစခဲ့ၿပီး ဟာဇက္ရဲ႕ကစားသမားသစ္မိတ္ဆက္ပြဲမွာ အသင္းရဲ႕ျပႆနာေတြအားလုံးကို ေျဖရွင္းေပးႏိုင္စြမ္းရွိသူအျဖစ္ ခ်ီးက်ဴးခဲ့တဲ့ အသင္းဥကၠ႒ ပီရက္ဇ္ကလည္း ခပ္ေဝးေဝးမွာ ရွိေနတယ္လို႔ သိရပါတယ္။

Photo Credit ; Getty Images

သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ အသင္းနဲ႔နီးစပ္သူေတြက ပီရက္ဇ္ဟာ ဟာဇက္အေပၚ အျပည့္အဝယုံၾကည္မႈမရွိေတာ့ဘဲ ဇီဒန္းရဲ႕ေတာင္းဆိုခ်က္တစ္ခုတည္းေၾကာင့္သာ အဲဒီကစားသမားကို ေခၚယူခဲ့တာျဖစ္တယ္လို႔ ေျပာၾကားခဲ့ေၾကာင္း သိရပါတယ္။ ယခုေႏြရာသီအေစာပိုင္းက ခ်ဲလ္ဆီးကေန ေပါင္သန္း ၁၅၀နဲ႔ ဘာေနဗ်ဴးကို ေရာက္လာခဲ့တဲ့ ဟာဇက္ဟာ ယခုရာသီမွာ အသင္းရဲ႕တိုက္စစ္ကို မျဖစ္မေနဦးေဆာင္ကစားရမွာျဖစ္ၿပီး ေဘးလ္ရဲ႕အနာဂတ္က ဘယ္မွာရွိမလဲဆိုတာ မသိရေသးသလို ေတာင္ပံကစားသမား အဆန္စီယိုကလည္း ဒူးအ႐ြတ္စုတ္ၿပဲဒဏ္ရာေၾကာင့္ ရာသီကုန္အထိေတာင္ အနားယူရႏိုင္ခ်ိန္မွာ အသင္းရဲ႕တိုက္စစ္ကို ဟာဇက္ဦးေဆာင္ရဖို႔က ပိုမိုေသခ်ာလာပါတယ္။

Photo Credit ; PA

အခုလိုကိုယ္အေလးခ်ိန္တက္လာတယ္လို႔ ဟာဇက္ သတင္းေဖာ္ျပခံရတာက ပထမဆုံးအႀကိမ္မဟုတ္ဘဲ ၂၀၁၅-၁၆ ရာသီစတင္ခ်ိန္မွာ ကိုယ္အေလးခ်ိန္ျမင့္တက္မႈေၾကာင့္ ဒုကၡေရာက္ခဲ့ရတယ္လို႔ ၂၀၁၈ ေႏြရာသီအတြင္း ဘယ္လ္ဂ်ီယံသတင္းစာတစ္ေစာင္ကို သူကိုယ္တိုင္ဝန္ခံခဲ့ဖူးပါတယ္။

Photo Credit ; Getty Images

Unicode

အားလပ်ရက်အပြီး ၁၅ပေါင်ကျော်ဝိတ်တက်လာတယ်ဆိုတဲ့ ဟာဇက်ကို ကယ်တင်ရှင်အဖြစ် ရီးရဲလ်တာဝန်ရှိသူတွေ မယုံကြည်တော့

သတင်းတွေရဲ့ဖော်ပြချက်အရ တောင်ပံကစားသမား ဟာဇက်ဟာ ကနေဒါနိုင်ငံ၊ မွန်ထရီရယ်ရှိ ရီးရဲလ်အသင်းရဲ့ရာသီကြိုခြေစမ်းပွဲခရီးစဉ်ကို လာရောက်ပူးပေါင်းချိန်မှာ ကိုယ်ခန္ဓာအလေးချိန်က ၇ကီလို(၁၅ပေါင်ကျော်) ပိုများလာကြောင်း သိရပါတယ်။ ရီးရဲလ်အတွက် ယခုနွေရာသီကာလက အဆင်ပြေချောမွေ့ခြင်းမရှိဘဲ အသင်းက ရာသီကြိုခြေစမ်းပွဲတွေမှာ ပုံမှန်ခြေစွမ်းအောက်ရောက်နေချိန်မှာ ထုတ်ရောင်းချင်နေတဲ့ တောင်ပံတိုက်စစ်မှူးဂါရတ်ဘေးလ်ကို အခုချိန်အထိ အသင်းမှာ ဆက်ထားနေရဆဲဖြစ်ပြီး အထူးသဖြင့် မြို့ခံပြိုင်ဘက် အက်သလက်တီကိုအသင်းကို ၇-၃ဂိုးနဲ့အရေးနိမ့်ခဲ့ရတာက အဆိုးဆုံးဖြစ်ပါတယ်။
နောက်ထပ်ပြဿနာတစ်ခုဖြစ်လာနိုင်တာက နည်းပြဇီဒန်းအနေနဲ့ ချဲလ်ဆီးကနေ ပြောင်းရွှေ့ကြေးမြင့်မားစွာနဲ့ ခေါ်ယူထားတဲ့ ကြယ်ပွင့်ကစားသမား ဟာဇက်ရဲ့ကိုယ်အလေးချိန်မြင့်တက်မှုပြဿနာဖြစ်ပါတယ်။ စပိန်သတင်းစာ စပို့တ်ရဲ့ရေးသားဖော်ပြချက်အရ ဘယ်လ်ဂျီယံလက်ရွေးစင် ဟာဇက်ဟာ မြောက်အမေရိကရှိ အသင်းရဲ့ရာသီကြိုခြေစမ်းပွဲခရီးစဉ်ကို လာရောက်သတင်းပေးပို့ရာမှာ ကိုယ်အလေးချိန်က ယခင်ကထက် ၁၅.၄ ပေါင်အထိ ပိုများလာကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။ အဲဒီပြဿနာက ရီးရဲလ်မှာ အားပြိုင်မှုတွေဖြစ်ပေါ်စေခဲ့ပြီး ဟာဇက်ရဲ့ကစားသမားသစ်မိတ်ဆက်ပွဲမှာ အသင်းရဲ့ပြဿနာတွေအားလုံးကို ဖြေရှင်းပေးနိုင်စွမ်းရှိသူအဖြစ် ချီးကျူးခဲ့တဲ့ အသင်းဥက္ကဋ္ဌ ပီရက်ဇ်ကလည်း ခပ်ဝေးဝေးမှာ ရှိနေတယ်လို့ သိရပါတယ်။
သတင်းတွေရဲ့ဖော်ပြချက်အရ အသင်းနဲ့နီးစပ်သူတွေက ပီရက်ဇ်ဟာ ဟာဇက်အပေါ် အပြည့်အဝယုံကြည်မှုမရှိတော့ဘဲ ဇီဒန်းရဲ့တောင်းဆိုချက်တစ်ခုတည်းကြောင့်သာ အဲဒီကစားသမားကို ခေါ်ယူခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။ ယခုနွေရာသီအစောပိုင်းက ချဲလ်ဆီးကနေ ပေါင်သန်း ၁၅၀နဲ့ ဘာနေဗျူးကို ရောက်လာခဲ့တဲ့ ဟာဇက်ဟာ ယခုရာသီမှာ အသင်းရဲ့တိုက်စစ်ကို မဖြစ်မနေဦးဆောင်ကစားရမှာဖြစ်ပြီး ဘေးလ်ရဲ့အနာဂတ်က ဘယ်မှာရှိမလဲဆိုတာ မသိရသေးသလို တောင်ပံကစားသမား အဆန်စီယိုကလည်း ဒူးအရွတ်စုတ်ပြဲဒဏ်ရာကြောင့် ရာသီကုန်အထိတောင် အနားယူရနိုင်ချိန်မှာ အသင်းရဲ့တိုက်စစ်ကို ဟာဇက်ဦးဆောင်ရဖို့က ပိုမိုသေချာလာပါတယ်။
အခုလိုကိုယ်အလေးချိန်တက်လာတယ်လို့ ဟာဇက် သတင်းဖော်ပြခံရတာက ပထမဆုံးအကြိမ်မဟုတ်ဘဲ ၂၀၁၅-၁၆ ရာသီစတင်ချိန်မှာ ကိုယ်အလေးချိန်မြင့်တက်မှုကြောင့် ဒုက္ခရောက်ခဲ့ရတယ်လို့ ၂၀၁၈ နွေရာသီအတွင်း ဘယ်လ်ဂျီယံသတင်းစာတစ်စောင်ကို သူကိုယ်တိုင်ဝန်ခံခဲ့ဖူးပါတယ်။