အားလပ္ရက္အတြင္း ဟာဇက္ ဖက္တီးျဖစ္လာတယ္လုိ႔ ရီးရဲလ္ပရိသတ္ေတြ စြပ္စြဲ

Photo Credit

Photo Credit

ရီးရဲလ္ကစားသမားသစ္ဟာဇက္တစ္ေယာက္ ေႏြရာသီအားလပ္ရက္အတြင္း ဖက္တီးျဖစ္လာတယ္လုိ႔ ရီးရဲလ္ပရိသတ္ေတြက စြပ္စြဲလ်က္ရွိပါတယ္။ ဘယ္လ္ဂ်ီယံလက္ေရြးစင္ ဟာဇက္ဟာ အသင္းရဲ႕ရာသီႀကိဳေလ့က်င့္ခန္းအစီအစဥ္ေတြအတြက္ အသင္းကို လာေရာက္သတင္းပို႔ၿပီးေနာက္ သူ႕ရဲ႕ဓာတ္ပုံေတြက လူမႈမီဒီယာမွာ ဗိုင္းရပ္စ္ပုိးလုိ အေတာ္ေလးပ်ံ႕ႏွံ႔သြားၿပီး အထူးသျဖင့္ ကုိယ္ခႏၶာ၀လာတာကို အမ်ားစုက သတိျပဳမိခဲ့ၾကပါတယ္။

Photo Credit

ဟာဇက္ဟာ ခ်ဲလ္ဆီးကေန ရီးရဲလ္ကို ေရာက္ရွိလာၿပီးေနာက္ အားလပ္ရက္အျဖစ္ အနားယူခဲ့တဲ့ကာလအတြင္း ကိုယ္အေလးခ်ိန္ျမင့္တက္လာတာျဖစ္ပါတယ္။ ဒါေပမဲ့ ရီးရဲလ္ပရိသတ္ေတြကေတာ့ အသင္းကို ဟာဇက္ လာေရာက္သတင္းေပးပို႔ခ်ိန္မွာ ရာသီသစ္အတြက္ အဆင္သင့္မျဖစ္ေသးတဲ့ ကုိယ္ခႏၶာကိုယ္အခ်ိဳးအစားေၾကာင့္ စိတ္ပ်က္လက္ပ်က္ျဖစ္ေနၾကပါတယ္။ ဒါ့အျပင္ ေဒါသထြက္ေနတဲ့ပရိသတ္ေတြက ေအအက္စ္သတင္းစာမွာ ပါ၀င္လာတဲ့ဓာတ္ပုံက Photoshop နဲ႔ အထူးျပဳျပင္ကာ တုိက္စစ္မွဴးဘန္ဇီးမားရဲ႕ကုိယ္ခႏၶာကို ဟာဇက္ရဲ႕ေခါင္း တပ္ေပးထားတယ္လုိ႔ စြပ္စြဲခဲ့ၾကပါတယ္။

Photo Credit

”တစ္လအတြင္းမွာပဲ ဒီလုိ၀လာတာ ဟာဇက္ ဘာေတြမ်ားလုပ္ခဲ့လုိ႔လဲ”လို႔ ပရိသတ္တစ္ဦးက ေရးသားခဲ့သလို ေနာက္တစ္ေယာက္ကလည္း ”ဖက္တီးဟာဇက္ကို ရီးရဲလ္ေခၚယူခဲ့တာလား”လုိ႔ ေလွာင္ေျပာင္ေရးသားခဲ့ပါတယ္။ ေနာက္တစ္ေယာက္ကေတာ့ အေကာင္းျမင္စိတ္နဲ႔အတူ ”ဟာဇက္က ဒီလုိ၀ေနတာေတာင္ ထိပ္ဆုံး ၅ဦးစာရင္း၀င္ေနဆဲမို႔လုိ႔ တကယ္တမ္း သူသာ ၀ိတ္က်သြားရင္ ဘယ္လုိျဖစ္လာမလဲဆုိတာ ေတြးၾကည့္လုိက္စမ္းပါ”လုိ႔ ေရးသားခဲ့ပါတယ္။

Photo Credit

ေမလအတြင္း အာဆင္နယ္ကို ၄-၁ ဂိုးနဲ႔အႏုိင္ရခဲ့တဲ့ယူ႐ိုပါလိဂ္ဗိုလ္လုပြဲအၿပီးမွာလည္း ခ်ဲလ္ဆီးအသင္းေဖာ္ေဟာင္းေတြျဖစ္တဲ့ ဟီဂူအင္နဲ႔လူး၀စ္ဇ္တုိ႔က ဟာဇက္ ၀ိတ္တက္ေနတာကို ေနာက္ေျပာင္က်ီစယ္ခဲ့ဖူးပါတယ္။

Photo Credit

Unicode

အားလပ်ရက်အတွင်း ဟာဇက် ဖက်တီးဖြစ်လာတယ်လို့ ရီးရဲလ်ပရိသတ်တွေ စွပ်စွဲ

ရီးရဲလ်ကစားသမားသစ်ဟာဇက်တစ်ယောက် နွေရာသီအားလပ်ရက်အတွင်း ဖက်တီးဖြစ်လာတယ်လို့ ရီးရဲလ်ပရိသတ်တွေက စွပ်စွဲလျက်ရှိပါတယ်။ ဘယ်လ်ဂျီယံလက်ရွေးစင် ဟာဇက်ဟာ အသင်းရဲ့ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်တွေအတွက် အသင်းကို လာရောက်သတင်းပို့ပြီးနောက် သူ့ရဲ့ဓာတ်ပုံတွေက လူမှုမီဒီယာမှာ ဗိုင်းရပ်စ်ပိုးလို အတော်လေးပျံ့နှံ့သွားပြီး အထူးသဖြင့် ကိုယ်ခန္ဓာဝလာတာကို အများစုက သတိပြုမိခဲ့ကြပါတယ်။
ဟာဇက်ဟာ ချဲလ်ဆီးကနေ ရီးရဲလ်ကို ရောက်ရှိလာပြီးနောက် အားလပ်ရက်အဖြစ် အနားယူခဲ့တဲ့ကာလအတွင်း ကိုယ်အလေးချိန်မြင့်တက်လာတာဖြစ်ပါတယ်။ ဒါပေမဲ့ ရီးရဲလ်ပရိသတ်တွေကတော့ အသင်းကို ဟာဇက် လာရောက်သတင်းပေးပို့ချိန်မှာ ရာသီသစ်အတွက် အဆင်သင့်မဖြစ်သေးတဲ့ ကိုယ်ခန္ဓာကိုယ်အချိုးအစားကြောင့် စိတ်ပျက်လက်ပျက်ဖြစ်နေကြပါတယ်။ ဒါ့အပြင် ဒေါသထွက်နေတဲ့ပရိသတ်တွေက အေအက်စ်သတင်းစာမှာ ပါဝင်လာတဲ့ဓာတ်ပုံက Photoshop နဲ့ အထူးပြုပြင်ကာ တိုက်စစ်မှူးဘန်ဇီးမားရဲ့ကိုယ်ခန္ဓာကို ဟာဇက်ရဲ့ခေါင်း တပ်ပေးထားတယ်လို့ စွပ်စွဲခဲ့ကြပါတယ်။
”တစ်လအတွင်းမှာပဲ ဒီလိုဝလာတာ ဟာဇက် ဘာတွေများလုပ်ခဲ့လို့လဲ”လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့သလို နောက်တစ်ယောက်ကလည်း ”ဖက်တီးဟာဇက်ကို ရီးရဲလ်ခေါ်ယူခဲ့တာလား”လို့ လှောင်ပြောင်ရေးသားခဲ့ပါတယ်။ နောက်တစ်ယောက်ကတော့ အကောင်းမြင်စိတ်နဲ့အတူ ”ဟာဇက်က ဒီလိုဝနေတာတောင် ထိပ်ဆုံး ၅ဦးစာရင်းဝင်နေဆဲမို့လို့ တကယ်တမ်း သူသာ ဝိတ်ကျသွားရင် ဘယ်လိုဖြစ်လာမလဲဆိုတာ တွေးကြည့်လိုက်စမ်းပါ”လို့ ရေးသားခဲ့ပါတယ်။
မေလအတွင်း အာဆင်နယ်ကို ၄-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ယူရိုပါလိဂ်ဗိုလ်လုပွဲအပြီးမှာလည်း ချဲလ်ဆီးအသင်းဖော်ဟောင်းတွေဖြစ်တဲ့ ဟီဂူအင်နဲ့လူးဝစ်ဇ်တို့က ဟာဇက် ဝိတ်တက်နေတာကို နောက်ပြောင်ကျီစယ်ခဲ့ဖူးပါတယ်။