Photo Credit: Getty Images
ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သာမန်အသင်းငယ်လေးတွေတောင်မှ ငွေသုံးကြမ်းနေကြချိန်မှာ အာဆင်နယ်ကတော့ ပြောင်ရွှေ့ကြေးအသုံးစရိတ်ပေါင်သန်း ၄၀ နဲ့တိုင်ပတ်နေတာကြောင့် ကစားသမားဟောင်း အလီယာဒီယေးက ဒေါသဖြစ်နေပြီး အာဆင်နယ်အသင်းရဲ့ ပိုက်ဆံတွေက ဘယ်တွေရောက်ကုန်ပြီလဲလို့ မေးခွန်းထုတ်လိုက်ပါတယ်။
Photo Credit: Getty Images
Photo Credit: Getty Images
Photo Credit: Getty Images
ဒါ့အပြင် အလီယာဒီယေးက အာဆင်နယ်အသင်းနဲ့ ကွင်းလယ်လူအိုဇေးလ်တို့ကြားကပြသနာကို အမြန်ဆုံးအဖြေရှာဖို့လည်းအလိုရှိနေပြီး နည်းပြအမ်မရီက အိုဇေးလ်ရဲ့လုပ်အားနှုန်းကို နှစ်သက်မှုမရှိတာဖြစ်နိုင်ကြောင်း၊ တကယ်လို့ အသင်းမှာသာအလိုမရှိတော့ဘူးဆိုရင် အခုလိုအချိန်မျိုးမှာ အိုဇေးလ်ကိုအမြန်ဆုံးရောင်းချပြီး တခြားကစားသမားတစ်ဦးကိုခေါ်ယူဖို့ကြိုးပမ်းသင့်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါတယ်။
(Unicode)
အာဆင်နယ်ရဲ့ပိုက်ဆံတွေက ဘယ်တွေရောက်ကုန်ပြီလဲလို့ အလီယာဒီယေးမေးခွန်းထုတ်
ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သာမန်အသင်းငယ်လေးတွေတောင်မှ ငွေသုံးကြမ်းနေကြချိန်မှာ အာဆင်နယ်ကတော့ ပြောင်ရွှေ့ကြေးအသုံးစရိတ်ပေါင်သန်း ၄၀ နဲ့တိုင်ပတ်နေတာကြောင့့် ကစားသမားဟောင်း အလီယာဒီယေးက ဒေါသဖြစ်နေပြီး အာဆင်နယ်အသင်းရဲ့ ပိုက်ဆံတွေက ဘယ်တွေရောက်ကုန်ပြီလဲလို့ မေးခွန်းထုတ်လိုက်ပါတယ်။
၂၀၁၅ ခုနှစ်က အနားယူခဲ့ပြီးဖြစ်တဲ့ တိုက်စစ်မှူးဟောင်း အလီယာဒီယေးဟာ ၁၆ နှစ်သားအရွယ်မှာကတည်းက အာဆင်နယ်ကိုရောက်ရှိခဲ့သူဖြစ်ပြီး အာစင်ဝင်းဂါးလက်ထကက်ကိုဖြတ်ကျော်ခဲ့သူဖြစ်ကာ ၂၀၀၃-၀၄ ရာသီက ၃၈ ပွဲစလုံးရှုံးပွဲမရှိကစားပြီး ချန်ပီယံဖြစ်ခဲ့တဲ့ အာဆင်နယ်အသင်းသားတစ်ဦးလည်းဖြစ်ပါတယ်။ ဒီနွေရာသီအတွင်း လက်စတာလိုအသင်းမျိုးက ပေါင် ၇၅ သန်းလောက်သုံးစွဲဲထားချိန်မှာ အာဆင််နယ်ကတော့ အသုံးစရိတ်မရှိဖြစ်နေတဲ့အပေါ် နားမလည်နိုင်အောင်ဖြစ်နေတယ်လို့လည်း နှိုှုင်းယှဉ်ပြခဲ့ပါတယ်။
အလီယာဒီယေးက ”ကျွန်တော်က အာဆင်နယ်ပရိသတ်ပါ။ လက်စတာကို မလေးစားတာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့ဟာ ကလပ်အသင်းငယ်လေးလို့ပဲထင်တယ်။ အဲဒီလိုအသင်းက ဒီနွေရာသီီအတွင်း ပေါင် ၇၅ သန်း သုံးစွဲထားချိန်မှာ အာဆင်နယ်ကတော့ လက်စတာလောက်တောင်မှ သုံးစွဲနိုင်စွမ်းမရှိဖြစ်နေတာဟာ သိပ်ကိုစိတ်ပျက်ဖို့ကောင်းပါတယ်။ ပိုက်ဆံတွေဘယ်ရောက်ကုန်ပြီလဲဆိုတာက နားမလည်နိုင်လောက်အောင်ပါပဲ။ ပဲလေ့စ်ဘက်က ပေါင်သန်း ၈၀ သတ်မှတ်ထားတဲ့ ဇာဟာကို အဲဒီစျေးနှုန်းရဲ့တစ်ဝက်နဲ့ပဲ ကမ်းလှမ်းခဲဲ့တယ်ဆိုတဲ့သတင်းတွေလည်းကြားပါတယ်။ အဲဒါသာ တကယ်အမှန်ဆိုရင် ပဲလေ့စ်ကို အရိုအသေတန်တဲ့လုပ်ရပ်ပါပဲ။ အိုဇေးလ်၊ ခီတာယန်တို့ကို လစာအများကြီးပေးထားရတယ်ဆိုပေမယ့် လူသစ်ထပ်ဝယ်ဖို့ကတော့ ပိုက်ဆံရှိသင့်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် အလီယာဒီယေးက အာဆင်နယ်အသင်းနဲ့ ကွင်းလယ်လူအိုဇေးလ်တို့ကြားကပြသနာကို အမြန်ဆုံးအဖြေရှာဖို့လည်းအလိုရှိိနေပြီး နည်းပြအမ်မရီက အိုဇေးလ်ရဲ့လုပ်အားနှုန်းကို နှစ်သက်မှုမရှိတာဖြစ်နိုင်ကြောင်း၊ တကယ်လို့ အသင်းမှာသာအလိုမရှိတော့ဘူးဆိုရင် အခုလိုအချိန်မျိုးမှာ အိုဇေးလ်ကိုအမြန်ဆုံးရောင်းချပြီး တခြားကစားသမားတစ်ဦးကိုခေါ်ယူဖို့ကြိုးပမ်းသင့်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါတယ်။