


 


 



Unicode

အသွင်သစ်မန်ယူရဲ့စွမ်းဆောင်နိုင်မှုကို ပြသသွားခဲ့တဲ့ ဂိုမက်စ်ရဲ့ဂိုး
စပါးကို ၂-၁ နဲ့အနိုင်ရခဲ့တဲ့ ပွဲမှာ အိန်ဂျယ်ဂိုမက်စ်ရဲ့အနိုင်ဂိုးဟာ မန်ယူတစ်သင်းလုံးအပေးအယူလုပ်ပြီးမှ ရခဲ့တာဖြစ်လို့ ရာသီသစ်မန်ယူရဲ့ခြေစွမ်းကို ပရိသတ်တွေကစိတ်လှုပ်ရှားနေကြပြီး မစောင့်နိုင်အောင်ဖြစ်နေကြပြီလို့ သတင်းတစ်ရပ်မှာ ဖော်ပြသွားခဲ့ပါတယ်။

ဒီဂိုးအတွက် မန်ယူကစားသမား ၁၁ ဦးစလုံးအပေးအယူ ၁၈ ကြိမ်ပြုလုပ်ပြီးမှရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒီဂိုးအတွက် ပထမဆုံးအစပျိုးပြီးအပေးအယူပြုလုပ်ခဲ့သူက ဂိုးသမားရိုမီယိုဖြစ်ပြီး သူကနေတစ်ဆင့်နောက်ခံလူတွေကအပေးအယူပြုလုပ်ခဲ့ကြပါတယ်။ အဲဒီကနေတစ်ဆင့် ကွင်းလယ်လူတွေက ညာတောင်ပံကနေတိုက်စစ်ဆင်ဖို့ တက်လာတဲ့ ဒါလော့တ်ကိုဘောလုံးပေးလိုက်ပါတယ်။

ဒါလော့တ်ရဲ့ဖြတ်တင်ဘောဟာညံဖျင်းခဲ့ပေမယ့် ဘယ်တောင်ပံကနေတစ်ဆင့် ဂိုမက်စ်က ဘောလုံးကိုပြန်လည်ရယူပြီး မာတာနဲ့အပေးအယူလုပ်ကာ တစ်ကိုယ်တော်အစွမ်းနဲ့ထောင့်ကျဉ်းကနေဂိုးသွင်းယူခဲ့တပါ။ ဒါကြောင့်လည်း မန်ယူတစ်သင်းလုံးရဲ့အပေးအယူ၊ ဂိုမက်စ်ရဲ့စွမ်းေ်ဆာင်ရည် တို့နဲ့အတူ စပါးရဲ့ခံစစ်ကိုထိုးဖောက်သွားတာကို ပရိသတ်တွေကအရမ်းကိုကျေနပ်နေကြတာဖြစ်ပါတယ်။

အွန်လိုင်းပေါ်မှာလည်း မန်ယူရဲ့အဲဒီဂိုးအတွက်ချီးကျူ းမှုတွေပြုလုပ်နေကြပြီး “စုစည်းမှုနဲ့ရရှိသွားတဲ့ ဂိုး၊ ကစားသမားတွေက ဘာလုပ်ရမလဲဆိုတာကိုသိနေကြတဲ့အတွက်ကြည့်ရတာ ခမ်းနားမှုရှိတယ်”လို့ ဆိုကြပါတယ်။ နောက်တစ်ဦးကလည်း စပါးကွင်းသုံးပုံတစ်ပုံအရောက်မှာ ကစားသမားတွေနားလည်မှုရှိစွာနဲ့ ဘာလုပ်ရမလဲဆိုတာတိကျစွာသိပြီးရတဲ့ဂိုး အဖြစ်ဖော်ပြသွားပါတယ်။

ဂိုမက်စ်ရဲ့ဂိုးကိုပရိသတ်တွေသာမက ဘောလုံးပွဲကြေညာသူတွေကပါ ချီးကျူ းနေကြပြီး တူအန်ဇီဘီကို ဂိုမက်စ်ကဘောလုံးပေးပြီး ပြန်လည်ရယူသွားပုံ နဲ့သူ့ရဲ့အားထုတ်မှုဟာအထင်ကြီးစရာဖြစ်တယ်လို့ ဆိုနေကြပါတယ်။