အသက္႐ွဴမွားရေလာက္တဲ့ မက္ဆီရဲ႕ ခန္႔မွန္းရခက္ Dribbling မ်ား စုစည္းမႈ

Photo Credit

Photo Credit

ဘာစီလုိနာအသင္းေခါင္းေဆာင္ မက္ဆီရဲ႕ကစားပုံကို တစ္ခုတ္တရေစာင့္ၾကည့္ရတာေလာက္ ေဘာလုံးေလာကမွာ စိတ္ခံစားမႈေပးႏုိင္တဲ့အရာမရွိဘူးလုိ႔ သတ္မွတ္ထားတဲ့ပရိသတ္ေတြအမ်ားအျပားရွိသလုိ မက္ဆီရဲ႕အမာခံပရိသတ္ေတြကပဲ ၿပိဳင္ဘက္ေတြ ေမွ်ာ္မွန္းရခက္တဲ့ မက္ဆီရဲ႕ Dribblies စြမ္းရည္ကို တစ္စုတစ္စည္းတည္း စုစည္းကာ လူမႈမီဒီယာမွာ အသီးသီးတင္ခဲ့ၾကပါတယ္။ အာဂ်င္တီးနားအသင္းေခါင္းေဆာင္ မက္ဆီဟာ မလိုအပ္ဘဲ သူ႕စေကးထုတ္သံုးတာနည္းေပမယ့္ ရင္သပ္႐ႈေမာဖြယ္ေကာင္းတဲ့ အကြက္ႏိုင္နင္းမႈ၊ ဟန္ခ်က္မွ်တမႈနဲ႔ လားရာေျပာင္းႏုိင္တဲ့စြမ္းေဆာင္ရည္ေတြေၾကာင့္ ကမၻာ့အေကာင္းဆုံး Dribbler တစ္ဦးအျဖစ္ သတ္မွတ္ခံထားရပါတယ္။

Photo Credit ; Getty Images

ၿပိဳင္ဘက္ကစားသမား ၃၊ ၄ေယာက္ေလာက္က သူ႕ကို လုိက္လံတားဆီးေပမယ့္ မက္ဆီရဲ႕ေဘာလုံးထိန္းသိမ္းပုံေကာင္းမြန္မႈက ငါးပိသိပ္ငါးခ်ဥ္သိပ္ျဖစ္ေနတဲ့လမ္းေၾကာင္းကေန အသာအယာေဖာက္ထြက္သြားႏိုင္ပါတယ္။ မက္ဆီေျခေထာက္ထဲ ေဘာလုံးေရာက္ေနခ်ိန္မွာ လုယူဖု႔ိက မျဖစ္ႏိုင္သေလာက္နီးပါးခက္ခဲတယ္လုိ႔ ခံယူထားသူေတြအမ်ားအျပားရွိၿပီး သူ႕ကို တားဆီးဖုိ႔ တစ္ခုတည္းေသာနည္းလမ္းက သူ႕ကို ျပစ္ဒဏ္က်ဴးလြန္တဲ့နည္းလမ္းတစ္ခုပဲရွိတယ္လုိ႔ ဆုိပါတယ္။

Photo Credit

ဒါေတာင္မွ တစ္ခါတေလ မက္ဆီဟာ သူ႕ကို ခပ္ၾကမ္းၾကမ္းတားဆီးတဲ့ၿပိဳင္ဘက္ကစားသမားေတြရဲ႕ႀကိဳးစားမႈကေန လြတ္ထြက္သြားတတ္ၿပီး လြန္ခဲ့တဲ့ေမလကလည္း မက္ဆီရဲ႕ပရိသတ္တစ္ဦးက ၂၀၁၈-၁၉ ရာသီအတြင္း မက္ဆီ အလဲထုိးခဲ့တဲ့ၿပိဳင္ဘက္ကစားသမားေတြရဲ႕စာရင္းကို ဗီဒီယုိဖုိင္အျဖစ္ စုစည္းကာ လူမႈမီဒီယာမွာ တင္ခဲ့ပါတယ္။ တြစ္တာအသုံးျပဳသူ @LioMessi10EN က ၂ မိနစ္ေက်ာ္ၾကာတဲ့အဲဒီဗီဒီယိုဖိုင္တင္ခဲ့တာျဖစ္ၿပီး အဲဒီဗီဒီယိုဖုိင္ထဲမွာ မက္ဆီ ေက်ာ္ျဖတ္ခဲ့တဲ့ကစားသမားေတြစာရင္း ပါ၀င္ကာ ကာဗာဂ်ယ္၊ ဂရစ္ဇ္မန္း၊ ဖာဘင္ညိဳ၊ မုိဒရစ္၊ ဂါရတ္ေဘးလ္၊ ကုိကီ၊ ဆြန္ေဟာင္မင္တုိ႔လည္း ပါ၀င္ခဲ့ပါတယ္။

Photo Credit

Unicode

အသက်ရှူမှားရလောက်တဲ့ မက်ဆီရဲ့ ခန့်မှန်းရခက် Dribbling များ စုစည်းမှု

ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီရဲ့ကစားပုံကို တစ်ခုတ်တရစောင့်ကြည့်ရတာလောက် ဘောလုံးလောကမှာ စိတ်ခံစားမှုပေးနိုင်တဲ့အရာမရှိဘူးလို့ သတ်မှတ်ထားတဲ့ပရိသတ်တွေအများအပြားရှိသလို မက်ဆီရဲ့အမာခံပရိသတ်တွေကပဲ ပြိုင်ဘက်တွေ မျှော်မှန်းရခက်တဲ့ မက်ဆီရဲ့ Dribblies စွမ်းရည်ကို တစ်စုတစ်စည်းတည်း စုစည်းကာ လူမှုမီဒီယာမှာ အသီးသီးတင်ခဲ့ကြပါတယ်။ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဟာ မလိုအပ်ဘဲ သူ့စကေးထုတ်သုံးတာနည်းပေမယ့် ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ အကွက်နိုင်နင်းမှု၊ ဟန်ချက်မျှတမှုနဲ့ လားရာပြောင်းနိုင်တဲ့စွမ်းဆောင်ရည်တွေကြောင့် ကမ္ဘာ့အကောင်းဆုံး Dribbler တစ်ဦးအဖြစ် သတ်မှတ်ခံထားရပါတယ်။
ပြိုင်ဘက်ကစားသမား ၃၊ ၄ယောက်လောက်က သူ့ကို လိုက်လံတားဆီးပေမယ့် မက်ဆီရဲ့ဘောလုံးထိန်းသိမ်းပုံကောင်းမွန်မှုက ငါးပိသိပ်ငါးချဉ်သိပ်ဖြစ်နေတဲ့လမ်းကြောင်းကနေ အသာအယာဖောက်ထွက်သွားနိုင်ပါတယ်။ မက်ဆီခြေထောက်ထဲ ဘောလုံးရောက်နေချိန်မှာ လုယူဖု့ိက မဖြစ်နိုင်သလောက်နီးပါးခက်ခဲတယ်လို့ ခံယူထားသူတွေအများအပြားရှိပြီး သူ့ကို တားဆီးဖို့ တစ်ခုတည်းသောနည်းလမ်းက သူ့ကို ပြစ်ဒဏ်ကျူးလွန်တဲ့နည်းလမ်းတစ်ခုပဲရှိတယ်လို့ ဆိုပါတယ်။
ဒါတောင်မှ တစ်ခါတလေ မက်ဆီဟာ သူ့ကို ခပ်ကြမ်းကြမ်းတားဆီးတဲ့ပြိုင်ဘက်ကစားသမားတွေရဲ့ကြိုးစားမှုကနေ လွတ်ထွက်သွားတတ်ပြီး လွန်ခဲ့တဲ့မေလကလည်း မက်ဆီရဲ့ပရိသတ်တစ်ဦးက ၂၀၁၈-၁၉ ရာသီအတွင်း မက်ဆီ အလဲထိုးခဲ့တဲ့ပြိုင်ဘက်ကစားသမားတွေရဲ့စာရင်းကို ဗီဒီယိုဖိုင်အဖြစ် စုစည်းကာ လူမှုမီဒီယာမှာ တင်ခဲ့ပါတယ်။ တွစ်တာအသုံးပြုသူ @LioMessi10EN က ၂ မိနစ်ကျော်ကြာတဲ့အဲဒီဗီဒီယိုဖိုင်တင်ခဲ့တာဖြစ်ပြီး အဲဒီဗီဒီယိုဖိုင်ထဲမှာ မက်ဆီ ကျော်ဖြတ်ခဲ့တဲ့ကစားသမားတွေစာရင်း ပါဝင်ကာ ကာဗာဂျယ်၊ ဂရစ်ဇ်မန်း၊ ဖာဘင်ညို၊ မိုဒရစ်၊ ဂါရတ်ဘေးလ်၊ ကိုကီ၊ ဆွန်ဟောင်မင်တို့လည်း ပါဝင်ခဲ့ပါတယ်။