အတၱလန္တာယူႏုိက္တက္တုိက္စစ္မွဴး မာတီနက္ဇ္ရဲ႕ပင္နယ္တီလြဲေခ်ာ္မႈက သမိုင္းတစ္ေလွ်ာက္ အဆုိးရြားဆုံးလား…

Photo Credit

Photo Credit ; PA

အတၱလန္တာယူႏုိက္တက္အသင္းတုိက္စစ္မွဴး ဂ်ိဳဆက္ဖ္မာတီနက္ဇ္ဟာ ဒီစီယူႏုိက္တက္ကိုအႏိုင္ရခဲ့တဲ့ေမဂ်ာလိဂ္ပြဲမွာ ေဘာလုံးသမုိင္းတစ္ေလွ်ာက္ အဆုိးရြားဆုံးပင္နယ္တီလြဲေခ်ာ္မႈတစ္ခုအျဖစ္ သူ႕ရဲ႕ပင္နယ္တီကန္သြင္းခ်က္ လြဲေခ်ာ္သြားပါတယ္။ ဗင္နီဇြဲလားႏိုင္ငံသား မာတီနက္ဇ္ဟာ ပင္နယ္တီမကန္သြင္းခင္ ေဘာလုံးဆီ လာရာမွာ ”ေျခတစ္ေပါင္က်ိဳးခုန္၊ စုံခုန္၊ ခုန္ပ်ံေက်ာ္လႊား”တ့ဲပုံစံနဲ႔ အားလုံးကို အမွတ္တရျဖစ္ေနေအာင္ လုပ္ေဆာင္ေလ့ရွိၿပီး အဲဒီလုပ္လာကတည္းက သူဟာ ဘယ္ဘက္ကို ကန္ရမလဲဆုိတာ တစ္ခါတည္းဆံုးျဖတ္လာတာျဖစ္ပါတယ္။

 

Photo Credit ; Getty Images

အရင္တုန္းကေတာ့ သူ႕ရဲ႕လွည့္ကြက္က ေအာင္ျမင္ခဲ့တာမ်ားၿပီး သူ႕ပင္နယ္တီဖမ္းတဲ့ၿပိဳင္ဘက္ဂုိးသမားေတြလည္း သူ႕ရဲ႕လွည့္ကြက္မွာ ေမ်ာပါသြားကာ ကန္သြင္းတဲ့လားရာနဲ႔ ေျပာင္းျပန္ပဲ ဒိုင္ဗင္ထိုးမိတာမ်ားပါတယ္။ ဒါေပမဲ့ ၂၀၁၈ ေမဂ်ာလိဂ္ၿပိဳင္ပြဲရဲ႕တန္ဖိုးအရွိဆုံးကစားသမားဆုနဲ႔ ေရႊဖိနပ္ဆုရွင္ မာတီနက္ဇ္ဟာ ဒီစီယူႏုိက္တက္နဲ႔ပြဲမွာေတာ့ ရရွိလာတဲ့ပင္နယ္တီကို အဲဒီပုံစံအတုိင္း ကန္သြင္းခဲ့ေပမယ့္ ဒီတစ္ခါေတာ့ ဂိုးဘားတန္းေပၚ ေက်ာ္သြားခဲ့ပါတယ္။

Photo Credit

ဒီလုိပင္နယ္တီလဲြေခ်ာ္တာက ၂၀၁၇ ခုႏွစ္ေနာက္ပိုင္း ပင္နယ္တီ ၁၅ႀကိမ္ကန္သြင္းရာမွာ မာတီနက္ဇ္ရဲ႕ဒုတိယေျမာက္ပင္နယ္တီလဲြေခ်ာ္မႈျဖစ္ခဲ့ၿပီး ကစားသမားဘ၀တစေလွ်ာက္လုံးအေနနဲ႔ဆုိရင္လည္း တတိယအႀကိမ္ေျမာက္ပဲ လြဲေခ်ာ္ခဲ့ရတာျဖစ္လုိ႔ ပင္နယ္တီကန္သြင္းမႈႏႈန္းဘယ္ေလာက္ေကာင္းတယ္ဆုိတာ ခန္႔မွန္းႏိုင္ၿပီး ဒီအတြက္ေၾကာင့္လည္း အခုလိုဆုိးဆုိးရြားရြားလဲြေခ်ာ္သြားေပမယ့္ သူ႕အေနနဲ႔ အဲဒီနည္းလမ္းကို စြန္႔လႊတ္ဖို႔ ျဖစ္ႏိုင္ေျခနည္းေနပါတယ္။

Photo Credit ; AP

မာတီနက္ဇ္ဟာ ပင္နယ္တီလဲြေခ်ာ္ခဲ့ရေပမယ့္ ဆက္လက္ေျခစြမ္းျပႏုိင္ခဲ့ၿပီး ဒီစီယူႏုိက္တက္ကို ၂-၀ ဂိုးနဲ႔အႏိုင္ရရွိခဲ့ရာမွာ ပြဲခ်ိန္ ၉၂မိနစ္အေရာက္ ဂိုးသမားနဲ႔ တစ္ေယာက္ခ်င္းရင္ဆုိင္အေတြ႕ အသာမ,ကန္သြင္းကာ အသင္းအတြက္ အဆုံးသတ္ဂိုးသြင္းယူႏိုင္ခဲ့သလုိ သူ႕အတြက္လည္း ၅ပြဲဆက္ဂုိးသြင္းႏုိင္မႈျဖစ္လာပါတယ္။ အဲဒီသြင္းဂိုးေၾကာင့္ မာတီနက္ဇ္ဟာ ဒီရာသီေမဂ်ာလိဂ္ၿပိဳင္ပြဲမွာ ၁၆ဂိုးအထိ သြင္းယူထားႏိုင္ၿပီျဖစ္သလို အတၱလန္တာအသင္းအတြက္ စုစုေပါင္း ၈၅ပဲြမွာ ၇၅ဂိုးအထိ သြင္းယူထားႏိုင္ပါတယ္။

Photo Credit

Unicode

အတ္တလန်တာယူနိုက်တက်တိုက်စစ်မှူး မာတီနက်ဇ်ရဲ့ပင်နယ်တီလွဲချော်မှုက သမိုင်းတစ်လျှောက် အဆိုးရွားဆုံးလား…

အတ္တလန်တာယူနိုက်တက်အသင်းတိုက်စစ်မှူး ဂျိုဆက်ဖ်မာတီနက်ဇ်ဟာ ဒီစီယူနိုက်တက်ကိုအနိုင်ရခဲ့တဲ့မေဂျာလိဂ်ပွဲမှာ ဘောလုံးသမိုင်းတစ်လျှောက် အဆိုးရွားဆုံးပင်နယ်တီလွဲချော်မှုတစ်ခုအဖြစ် သူ့ရဲ့ပင်နယ်တီကန်သွင်းချက် လွဲချော်သွားပါတယ်။ ဗင်နီဇွဲလားနိုင်ငံသား မာတီနက်ဇ်ဟာ ပင်နယ်တီမကန်သွင်းခင် ဘောလုံးဆီ လာရာမှာ ”ခြေတစ်ပေါင်ကျိုးခုန်၊ စုံခုန်၊ ခုန်ပျံကျော်လွှား”တဲ့ပုံစံနဲ့ အားလုံးကို အမှတ်တရဖြစ်နေအောင် လုပ်ဆောင်လေ့ရှိပြီး အဲဒီလုပ်လာကတည်းက သူဟာ ဘယ်ဘက်ကို ကန်ရမလဲဆိုတာ တစ်ခါတည်းဆုံးဖြတ်လာတာဖြစ်ပါတယ်။
အရင်တုန်းကတော့ သူ့ရဲ့လှည့်ကွက်က အောင်မြင်ခဲ့တာများပြီး သူ့ပင်နယ်တီဖမ်းတဲ့ပြိုင်ဘက်ဂိုးသမားတွေလည်း သူ့ရဲ့လှည့်ကွက်မှာ မျောပါသွားကာ ကန်သွင်းတဲ့လားရာနဲ့ ပြောင်းပြန်ပဲ ဒိုင်ဗင်ထိုးမိတာများပါတယ်။ ဒါပေမဲ့ ၂၀၁၈ မေဂျာလိဂ်ပြိုင်ပွဲရဲ့တန်ဖိုးအရှိဆုံးကစားသမားဆုနဲ့ ရွှေဖိနပ်ဆုရှင် မာတီနက်ဇ်ဟာ ဒီစီယူနိုက်တက်နဲ့ပွဲမှာတော့ ရရှိလာတဲ့ပင်နယ်တီကို အဲဒီပုံစံအတိုင်း ကန်သွင်းခဲ့ပေမယ့် ဒီတစ်ခါတော့ ဂိုးဘားတန်းပေါ် ကျော်သွားခဲ့ပါတယ်။
ဒီလိုပင်နယ်တီလွဲချော်တာက ၂၀၁၇ ခုနှစ်နောက်ပိုင်း ပင်နယ်တီ ၁၅ကြိမ်ကန်သွင်းရာမှာ မာတီနက်ဇ်ရဲ့ဒုတိယမြောက်ပင်နယ်တီလွဲချော်မှုဖြစ်ခဲ့ပြီး ကစားသမားဘဝတစလျှောက်လုံးအနေနဲ့ဆိုရင်လည်း တတိယအကြိမ်မြောက်ပဲ လွဲချော်ခဲ့ရတာဖြစ်လို့ ပင်နယ်တီကန်သွင်းမှုနှုန်းဘယ်လောက်ကောင်းတယ်ဆိုတာ ခန့်မှန်းနိုင်ပြီး ဒီအတွက်ကြောင့်လည်း အခုလိုဆိုးဆိုးရွားရွားလွဲချော်သွားပေမယ့် သူ့အနေနဲ့ အဲဒီနည်းလမ်းကို စွန့်လွှတ်ဖို့ ဖြစ်နိုင်ခြေနည်းနေပါတယ်။
မာတီနက်ဇ်ဟာ ပင်နယ်တီလွဲချော်ခဲ့ရပေမယ့် ဆက်လက်ခြေစွမ်းပြနိုင်ခဲ့ပြီး ဒီစီယူနိုက်တက်ကို ၂-၀ ဂိုးနဲ့အနိုင်ရရှိခဲ့ရာမှာ ပွဲချိန် ၉၂မိနစ်အရောက် ဂိုးသမားနဲ့ တစ်ယောက်ချင်းရင်ဆိုင်အတွေ့ အသာမ,ကန်သွင်းကာ အသင်းအတွက် အဆုံးသတ်ဂိုးသွင်းယူနိုင်ခဲ့သလို သူ့အတွက်လည်း ၅ပွဲဆက်ဂိုးသွင်းနိုင်မှုဖြစ်လာပါတယ်။ အဲဒီသွင်းဂိုးကြောင့် မာတီနက်ဇ်ဟာ ဒီရာသီမေဂျာလိဂ်ပြိုင်ပွဲမှာ ၁၆ဂိုးအထိ သွင်းယူထားနိုင်ပြီဖြစ်သလို အတ္တလန်တာအသင်းအတွက် စုစုပေါင်း ၈၅ပွဲမှာ ၇၅ဂိုးအထိ သွင်းယူထားနိုင်ပါတယ်။