အင္တာနဲ႔ပြဲမွာ No Look Pass နဲ႔ ၿပိဳင္ဘက္ျဖစ္သူကို အ႐ူးလုပ္လုိက္တဲ့ ေရာ္နယ္ဒို

Photo Credit

Photo Credit

ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္အတြင္း ေရာ္နယ္ဒိုရဲ႕ပြဲအေပၚ ခ်ဥ္းကပ္မႈေျပာင္းလဲလာတယ္လုိ႔ ယူဆထားသူေတြက သူ႕ရဲ႕ေဘာလုံးစေကးေတြ သိပ္မေတြ႕ရေတာ့ဘူးလုိ႔ ဆုိၾကပါတယ္။ Ballon d’Or ဆု ၅ႀကိမ္ရရွိထားတဲ့ ေရာ္နယ္ဒုိဟာ အသင္းေဟာင္းေတြျဖစ္တဲ့ ယူႏုိက္တက္နဲ႔ ရီးရဲလ္(အေစာပိုင္းကာလ)တုိ႔မွာ ျပသခဲ့တဲ့ ပရိသတ္အႀကိဳက္ စေကးစြမ္းရည္ေတြကို အခုေနာက္ပုိင္းမွာ သိပ္မသုံးေတာ့ဘူးလုိ႔ ဆုိေနၾကတာပါ။

Photo Credit

ဒါေပမဲ့ အသက္ ၃၄ႏွစ္အရြယ္ရွိ ေရာ္နယ္ဒိုဟာ အင္တာမီလန္ကို ပင္နယ္တီအဆုံးအျဖတ္နဲ႔အႏိုင္ရရွိခဲ့တဲ့ ရာသီႀကိဳေျခစမ္းပြဲမွာ အာရွပရိသတ္ေတြကို အံ့အားသင့္ေစခဲ့တ့ဲ ေဘာလုံးစြမ္းရည္ေတြ ထုတ္ျပရင္း ပြဲကို အေကာင္းဆုံးဖန္တီးႏိုင္ခဲ့ပါတယ္။ သူဟာ ကြင္းလယ္ေလာက္မွာ အင္တာမီလန္အသင္းကြင္းလယ္လူ ဘ႐ိုဇိုဗစ္နဲ႔ရင္ဆုိင္အေတြ႕မွာ စေကး ၂ႀကိမ္ထုတ္ျပခဲ့တာျဖစ္ၿပီး သိပ္မၾကာခင္မွာပဲ ဂ်ဴဗင္တပ္စ္အသင္းအတြက္ ေခ်ပဂိုးပါ သြင္းယူႏုိင္ခဲ့ပါတယ္။

Photo Credit

ပထမတစ္ႀကိမ္လွည့္စားခ်က္ကေတာ့ သူ႕ရဲ႕ Trademark ပုံစံအတုိင္း ေဘာလုံးလက္ခံရရွိခ်ိန္မွာ ညာေျခနဲ႔တစ္ခ်က္ထိန္းကာ ဘယ္ေျခနဲ႔ ေနာက္ကို ေျခေယာင္ျပလွည့္ထြက္တာျဖစ္ၿပီး ဒုတိယအႀကိမ္ကေတာ့ သူ႕ဆီက ေတြ႕ျမင္ရေလ့သိပ္မရွိတဲ့စေကးျဖစ္ပါတယ္။ အဲဒါကေတာ့ ေရာ္နယ္ဒိုဟာ ပထမအႀကိမ္ေျခေယာင္ျပ လွည့္ထြက္ခဲ့ၿပီးေနာက္ ညာေျခနဲ႔ ေျခေယာင္ျပကာ ဘယ္ေျခနဲ႔ လူေပးလုိက္တာျဖစ္ပါတယ္။ အဲဒီမွာ ပိုထူးျခားတာက No Look Pass ျဖစ္ၿပီး ဘယ္ဘက္ကို ၾကည့္ကာ ညာဘက္ကို ေဘာလုံးေပးလုိက္တာျဖစ္ပါတယ္။

Photo Credit

Unicode

အင်တာနဲ့ပွဲမှာ No Look Pass နဲ့ ပြိုင်ဘက်ဖြစ်သူကို အရူးလုပ်လိုက်တဲ့ ရော်နယ်ဒို

ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ရော်နယ်ဒိုရဲ့ပွဲအပေါ် ချဉ်းကပ်မှုပြောင်းလဲလာတယ်လို့ ယူဆထားသူတွေက သူ့ရဲ့ဘောလုံးစကေးတွေ သိပ်မတွေ့ရတော့ဘူးလို့ ဆိုကြပါတယ်။ Ballon d’Or ဆု ၅ကြိမ်ရရှိထားတဲ့ ရော်နယ်ဒိုဟာ အသင်းဟောင်းတွေဖြစ်တဲ့ ယူနိုက်တက်နဲ့ ရီးရဲလ်(အစောပိုင်းကာလ)တို့မှာ ပြသခဲ့တဲ့ ပရိသတ်အကြိုက် စကေးစွမ်းရည်တွေကို အခုနောက်ပိုင်းမှာ သိပ်မသုံးတော့ဘူးလို့ ဆိုနေကြတာပါ။
ဒါပေမဲ့ အသက် ၃၄နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ အင်တာမီလန်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ရရှိခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲမှာ အာရှပရိသတ်တွေကို အံ့အားသင့်စေခဲ့တဲ့ ဘောလုံးစွမ်းရည်တွေ ထုတ်ပြရင်း ပွဲကို အကောင်းဆုံးဖန်တီးနိုင်ခဲ့ပါတယ်။ သူဟာ ကွင်းလယ်လောက်မှာ အင်တာမီလန်အသင်းကွင်းလယ်လူ ဘရိုဇိုဗစ်နဲ့ရင်ဆိုင်အတွေ့မှာ စကေး ၂ကြိမ်ထုတ်ပြခဲ့တာဖြစ်ပြီး သိပ်မကြာခင်မှာပဲ ဂျူဗင်တပ်စ်အသင်းအတွက် ချေပဂိုးပါ သွင်းယူနိုင်ခဲ့ပါတယ်။
ပထမတစ်ကြိမ်လှည့်စားချက်ကတော့ သူ့ရဲ့ Trademark ပုံစံအတိုင်း ဘောလုံးလက်ခံရရှိချိန်မှာ ညာခြေနဲ့တစ်ချက်ထိန်းကာ ဘယ်ခြေနဲ့ နောက်ကို ခြေယောင်ပြလှည့်ထွက်တာဖြစ်ပြီး ဒုတိယအကြိမ်ကတော့ သူ့ဆီက တွေ့မြင်ရလေ့သိပ်မရှိတဲ့စကေးဖြစ်ပါတယ်။ အဲဒါကတော့ ရော်နယ်ဒိုဟာ ပထမအကြိမ်ခြေယောင်ပြ လှည့်ထွက်ခဲ့ပြီးနောက် ညာခြေနဲ့ ခြေယောင်ပြကာ ဘယ်ခြေနဲ့ လူပေးလိုက်တာဖြစ်ပါတယ်။ အဲဒီမှာ ပိုထူးခြားတာက No Look Pass ဖြစ်ပြီး ဘယ်ဘက်ကို ကြည့်ကာ ညာဘက်ကို ဘောလုံးပေးလိုက်တာဖြစ်ပါတယ်။