အခု၀ယ္ေနာက္မွေပးစနစ္နဲ႔ ေနမာကို ေခၚယူမယ္လုိ႔ အာဆင္နယ္ပရိသတ္ေတြ ျပတ္လုံးထုတ္

Photo Credit

Photo Credit

အာဆင္နယ္အသင္းအေနနဲ႔ ပီအက္စ္ဂ်ီအသင္းတုိက္စစ္မွဴးေနမာကို ေခၚယူဖုိ႔ ကမ္းလွမ္းသင့္ၿပီး ေျပာင္းေရႊ႕ေၾကးကိုေတာ့ ေနာက္ႏွစ္ေပါင္း ၁၀၀၀ ေလာက္မွ ေပးေခ်သင့္ေၾကာင္း ေနာက္ေျပာင္က်ီစယ္လ်က္ရွိပါတယ္။ ဘရာဇီးတုိက္စစ္မွဴးေနမာတစ္ေယာက္ လက္ရွိကလပ္နဲ႔ဆက္ဆံေရးက်ိဳးျပတ္သြားၿပီးေနာက္ အသင္းႀကီးပရိသတ္အမ်ားစုက လက္ရွိေျပာင္းေရႊ႕ေၾကးအမ်ားဆုံးကစားသမားကို ေခၚယူဖုိ႔ ေမွ်ာ္လင့္ေနၾကပါတယ္။

Photo Credit ; Getty Images

လက္ရွိအခ်ိန္မွာ ဘာစီလိုနာက ေနမာကို ျပန္လည္ေခၚယူဖို႔ အေျခအေနအေကာင္းဆုံးျဖစ္ေနေပမယ့္ အခုခ်ိန္အထိ တရား၀င္ကမ္းလွမ္းမႈမ်ိဳးမျပဳလုပ္ရေသးပါဘူး။ အေမရိကန္လူမႈမီဒီယာတစ္ခုျဖစ္တဲ့ Reddit မွာ အာဆင္နယ္ပရိသတ္ေတြက အထက္ပါအတိုင္း ေနာက္ေျပာင္က်ီစယ္ေနတာျဖစ္ၿပီး အာဆင္နယ္အေနနဲ႔လက္ရွိအခြင့္ေကာင္းကို အမိအရရယူသင့္တယ္လုိ႔ ဆုိေနပါတယ္။ ”ပီအက္စ္ဂ်ီအသင္းေရ…ေနမာအတြက္ ေျပာင္းေရႊ႕ေၾကး ယူ႐ို ၂၂၂သန္းကို ေနာက္ အႏွစ္တစ္ရာမွ ေပးေခ်လုိ႔ရႏိုင္မလား”လို႔ အာဆင္နယ္ပရိသတ္တစ္ဦးက ေနာက္ေျပာင္ေရးသားခဲ့ပါတယ္။

Photo Credit ; Getty Images

အခု၀ယ္ ေနာက္မွေပးအုိင္ဒီယာက ေနာက္ပရိသတ္ေတြဆီ ကူးစက္သြားၿပီး ပရိသတ္တစ္ဦးက ”ႏွစ္ေပါင္းတစ္ေထာင္ဆို ပိုျဖစ္ႏိုင္ေျခမ်ားတယ္”လုိ႔ ေရးသားခဲ့ပါတယ္။ ”မွ်မွ်တတေျပာရရင္ သူ႕အေဖကို တံစိုးလက္ေဆာက္အျဖစ္ ေပါင္သန္း ၂၀ ေပးၿပီး ေျပာင္းေရႊ႕ေၾကးကို ဆယ္စုႏွစ္တစ္ခု၊ ႏွစ္ခုေလာက္အထိ ဆုိင္းထားလုိ႔ရေအာင္ လုပ္သင့္တယ္”လုိ႔ ပရိသတ္တစ္ဦးက ဆုိပါတယ္။ ပီအက္စ္ဂ်ီအသင္းအားကစားဒါ႐ိုက္တာ လီယိုနာဒိုက တကယ္လုိ႔ ေနမာအတြက္ သူတုိ႔သတ္မွတ္ထားတဲ့တန္ဖိုးအတုိင္း ကမ္းလွမ္းမႈလက္ခံရရွိရင္ အေျပာင္းအေရႊ႕ကို လက္သင့္ဖို႔ အသင့္ရွိေၾကာင္း ၿပီးခဲ့တဲ့တနလၤာေန႔က လူသိရွင္ၾကားဖြင့္ဟထားပါတယ္။

Photo Credit 

တခ်ိဳ႕အာဆင္နယ္ပရိသတ္ေတြကေတာ့ ေနမာရဲ႕ဟန္ေဆာင္တတ္မႈ၊ ဒဏ္ရာမၾကာခဏရရွိမႈေတြေၾကာင့္ သူ႕ကို အလုိမရွိေၾကာင္း သူတုိ႔ရဲ႕ခံယူခ်က္ကို ဖြင့္ဟခဲ့ပါတယ္။ ”ေနမာက တစ္ႏွစ္လုံးကို ၁ပဲြေလာက္ပဲကစားသူေလ”လုိ႔ ပရိသတ္တစ္ဦးက ေရးသားခဲ့ပါတယ္။

Photo Credit ; Zimbio

Unicode

အခုဝယ်နောက်မှပေးစနစ်နဲ့ နေမာကို ခေါ်ယူမယ်လို့ အာဆင်နယ်ပရိသတ်တွေ ပြတ်လုံးထုတ်

အာဆင်နယ်အသင်းအနေနဲ့ ပီအက်စ်ဂျီအသင်းတိုက်စစ်မှူးနေမာကို ခေါ်ယူဖို့ ကမ်းလှမ်းသင့်ပြီး ပြောင်းရွှေ့ကြေးကိုတော့ နောက်နှစ်ပေါင်း ၁၀၀၀ လောက်မှ ပေးချေသင့်ကြောင်း နောက်ပြောင်ကျီစယ်လျက်ရှိပါတယ်။ ဘရာဇီးတိုက်စစ်မှူးနေမာတစ်ယောက် လက်ရှိကလပ်နဲ့ဆက်ဆံရေးကျိုးပြတ်သွားပြီးနောက် အသင်းကြီးပရိသတ်အများစုက လက်ရှိပြောင်းရွှေ့ကြေးအများဆုံးကစားသမားကို ခေါ်ယူဖို့ မျှော်လင့်နေကြပါတယ်။
လက်ရှိအချိန်မှာ ဘာစီလိုနာက နေမာကို ပြန်လည်ခေါ်ယူဖို့ အခြေအနေအကောင်းဆုံးဖြစ်နေပေမယ့် အခုချိန်အထိ တရားဝင်ကမ်းလှမ်းမှုမျိုးမပြုလုပ်ရသေးပါဘူး။ အမေရိကန်လူမှုမီဒီယာတစ်ခုဖြစ်တဲ့ Reddit မှာ အာဆင်နယ်ပရိသတ်တွေက အထက်ပါအတိုင်း နောက်ပြောင်ကျီစယ်နေတာဖြစ်ပြီး အာဆင်နယ်အနေနဲ့လက်ရှိအခွင့်ကောင်းကို အမိအရရယူသင့်တယ်လို့ ဆိုနေပါတယ်။ ”ပီအက်စ်ဂျီအသင်းရေ…နေမာအတွက် ပြောင်းရွှေ့ကြေး ယူရို ၂၂၂သန်းကို နောက် အနှစ်တစ်ရာမှ ပေးချေလို့ရနိုင်မလား”လို့ အာဆင်နယ်ပရိသတ်တစ်ဦးက နောက်ပြောင်ရေးသားခဲ့ပါတယ်။
အခုဝယ် နောက်မှပေးအိုင်ဒီယာက နောက်ပရိသတ်တွေဆီ ကူးစက်သွားပြီး ပရိသတ်တစ်ဦးက ”နှစ်ပေါင်းတစ်ထောင်ဆို ပိုဖြစ်နိုင်ခြေများတယ်”လို့ ရေးသားခဲ့ပါတယ်။ ”မျှမျှတတပြောရရင် သူ့အဖေကို တံစိုးလက်ဆောက်အဖြစ် ပေါင်သန်း ၂၀ ပေးပြီး ပြောင်းရွှေ့ကြေးကို ဆယ်စုနှစ်တစ်ခု၊ နှစ်ခုလောက်အထိ ဆိုင်းထားလို့ရအောင် လုပ်သင့်တယ်”လို့ ပရိသတ်တစ်ဦးက ဆိုပါတယ်။ ပီအက်စ်ဂျီအသင်းအားကစားဒါရိုက်တာ လီယိုနာဒိုက တကယ်လို့ နေမာအတွက် သူတို့သတ်မှတ်ထားတဲ့တန်ဖိုးအတိုင်း ကမ်းလှမ်းမှုလက်ခံရရှိရင် အပြောင်းအရွှေ့ကို လက်သင့်ဖို့ အသင့်ရှိကြောင်း ပြီးခဲ့တဲ့တနင်္လာနေ့က လူသိရှင်ကြားဖွင့်ဟထားပါတယ်။
တချို့အာဆင်နယ်ပရိသတ်တွေကတော့ နေမာရဲ့ဟန်ဆောင်တတ်မှု၊ ဒဏ်ရာမကြာခဏရရှိမှုတွေကြောင့် သူ့ကို အလိုမရှိကြောင်း သူတို့ရဲ့ခံယူချက်ကို ဖွင့်ဟခဲ့ပါတယ်။ ”နေမာက တစ်နှစ်လုံးကို ၁ပွဲလောက်ပဲကစားသူလေ”လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပါတယ်။