သူ႔ေရွ႕မွာပဲ ၿပိဳင္ဘက္က သူ႔စတိုင္နဲ႔ေအာင္ပြဲခံတာကို ၾကည့္ခဲ့ရတဲ့စီေရာ္နယ္ဒို

ဒီကေန႔ညမွာပဲ ေကလိဂ္ All-Star အသင္းနဲ႔ ဂ်ဴဗင္တပ္တို႔ရဲ႕ေျခစမ္းပြဲစဥ္ကို ေတာင္ကိုရီးယားႏိုင္ငံ ဆိုးလ္ၿမဳိ႕မွာ ကစားခဲ့ၿပီး အဓိကကစားသမားစီေရာ္နယ္ဒိုကေတာ့ အရန္အျဖစ္နဲ႔ပဲ အရန္ခုံတန္းမွာထိုင္ေနခဲ့ပါတယ္။ အင္တာမီလန္နဲ႔ ICC ပဲြတုန္းက မိနစ္ ၉၀ ျပည့္ကစားသြားခဲ့တာေၾကာင့္ နည္းျပဆာရီက သူ႔ကို အနားေပးတဲ့အေနနဲ႔ အသုံးမျပဳဘဲ ထားခဲ့တာပါ။ ျဖစ္ခ်င္ေတာ့ စီေရာ္နယ္ဒိုမပါတဲ့ ဂ်ဴဗင္တပ္ဟာ ကိုရီးယားလိဂ္ရဲ႕ေနရာအလိုက္အေကာင္းဆုံးကစားသမားေတြနဲ႔ စုဖြဲ႕ထားတဲ့အသင္းကို ပထမပိုင္းအၿပီးမွာ ၂-၁ ဂိုးနဲ႔ရႈံးေနခဲ့ပါတယ္။

photo-social media

အဲဒီမွာ ေကလိဂ္ All-Star အသင္းအတြက္ ဒုတိယဂိုးသြင္းေပးခဲ့တဲ့ ဘရာဇီးသားတုိက္စစ္မႈးစီဆင္ဟာက စီေရာ္နယ္ဒိုရဲ႕နာမည္ႀကီးေအာင္ပြဲခံပုံစံျဖစ္တဲ့ “Sí!”အတိုင္း ေအာင္ပြဲခံမႈလုပ္ခဲ့ပါတယ္။ အဲဒီအခ်ိန္မွာ ရုပ္သံကင္မရာက အရန္ခုံတန္းက စီေရာ္နယ္ဒိုကိုရိုက္ျပေတာ့ အဲဒီဂ်ဴဗင္တပ္တိုက္စစ္မႈးက ေက်နပ္ပုံသိပ္မရပါဘူး။ ဒါကလည္း သူ႔အသင္းက ဂိုးေပးလုိက္ရလုိ႔ ျဖစ္ခ်င္ျဖစ္ပါလိမ့္မယ္။ ဒါေပမဲ့ ပြဲအၿပီးမွာေတာ့ ၃-၃ ရလဒ္နဲ႔ အဆုံးသတ္ခဲ့ပါတယ္။

photo-gettyimages

“Sí!” ဆိုတာဟာ စီေရာ္နယ္ဒိုရဲ႕ကိုယ္ပိုင္ေအာင္ပြဲခံပုံစံမ်ိဳး ျဖစ္ပါတယ္။  ဂိုးသြင္းၿပီးခ်ိန္မွာ သူက ခုန္လိုက္ၿပီး ေလထဲမွာ ၁၈၀ ဒီဂရီလွည့္ကာ လက္ေတြကိုေဘးဆန္႔ၿပီး မာန္ပါပါနဲ႔ ေအာင္ပြဲခံတာျဖစ္ပါတယ္။ အဲဒီအခ်ိန္မွာ “Sí!” လုိ႔ သူ႔ပါးစပ္က ေအာ္ဟစ္တတ္ၿပီး စပိန္လိုဆုိရင္ Yes လို႔ အဓိပါယ္ရပါတယ္။

[Unicode]

ဒီကနေ့ညမှာပဲ ကေလိဂ် All-Star အသင်းနဲ့ ဂျူဗင်တပ်တို့ရဲ့ခြေစမ်းပွဲစဉ်ကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ကစားခဲ့ပြီး အဓိကကစားသမားစီရော်နယ်ဒိုကတော့ အရန်အဖြစ်နဲ့ပဲ အရန်ခုံတန်းမှာထိုင်နေခဲ့ပါတယ်။ အင်တာမီလန်နဲ့ ICC ပွဲတုန်းက မိနစ် ၉၀ ပြည့်ကစားသွားခဲ့တာကြောင့် နည်းပြဆာရီက သူ့ကို အနားပေးတဲ့အနေနဲ့ အသုံးမပြုဘဲ ထားခဲ့တာပါ။ ဖြစ်ချင်တော့ စီရော်နယ်ဒိုမပါတဲ့ ဂျူဗင်တပ်ဟာ ကိုရီးယားလိဂ်ရဲ့နေရာအလိုက်အကောင်းဆုံးကစားသမားတွေနဲ့ စုဖွဲ့ထားတဲ့အသင်းကို ပထမပိုင်းအပြီးမှာ ၂-၁ ဂိုးနဲ့ရှုံးနေခဲ့ပါတယ်။

အဲဒီမှာ ကေလိဂ် All-Star အသင်းအတွက် ဒုတိယဂိုးသွင်းပေးခဲ့တဲ့ ဘရာဇီးသားတိုက်စစ်မှုးစီဆင်ဟာက စီရော်နယ်ဒိုရဲ့နာမည်ကြီးအောင်ပွဲခံပုံစံဖြစ်တဲ့ “Sí!”အတိုင်း အောင်ပွဲခံမှုလုပ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ရုပ်သံကင်မရာက အရန်ခုံတန်းက စီရော်နယ်ဒိုကိုရိုက်ပြတော့ အဲဒီဂျူဗင်တပ်တိုက်စစ်မှုးက ကျေနပ်ပုံသိပ်မရပါဘူး။ ဒါကလည်း သူ့အသင်းက ဂိုးပေးလိုက်ရလို့ ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ပွဲအပြီးမှာတော့ ၃-၃ ရလဒ်နဲ့ အဆုံးသတ်ခဲ့ပါတယ်။

“Sí!” ဆိုတာဟာ စီရော်နယ်ဒိုရဲ့ကိုယ်ပိုင်အောင်ပွဲခံပုံစံမျိုး ဖြစ်ပါတယ်။  ဂိုးသွင်းပြီးချိန်မှာ သူက ခုန်လိုက်ပြီး လေထဲမှာ ၁၈၀ ဒီဂရီလှည့်ကာ လက်တွေကိုဘေးဆန့်ပြီး မာန်ပါပါနဲ့ အောင်ပွဲခံတာဖြစ်ပါတယ်။ အဲဒီအချိန်မှာ “Sí!” လို့ သူ့ပါးစပ်က အော်ဟစ်တတ်ပြီး စပိန်လိုဆိုရင် Yes လို့ အဓိပါယ်ရပါတယ်။