သူ႔ကိုယ္သူ ေဒးဗစ္ဘက္ခမ္းနဲ႔ ႏႈိင္းယွဥ္လုိက္တဲ့ ပါရဲရား

မန္ယူအသင္းကြင္းလယ္လူပါရဲရားက လာမယ့္ရာသီသစ္မွာ ကလပ္ဂႏၳ၀င္ေဒးဗစ္ဘက္ခမ္းလုိ သမားရိုးက်ေတာင္ပံကစားသမားတစ္ေယာက္အျဖစ္လည္း ကစားႏိုင္စြမး္ရွိေၾကာင္း ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ ၂၃ ႏွစ္အရြယ္ ပါရဲရားဟာ မန္ယူနဲ႔အတူ လူငယ္အဆင့္မွာကတည္းက ကစားလာခဲ့သူျဖစ္ၿပီး ၂၀၁၄ မွာေတာ့ မန္ယူအသင္းႀကီးမွာ စတင္ပါ၀င္ခြင့္ရခဲ့ပါတယ္။ ဒါေပမဲ့လည္း အဲဒီကတည္းက ပုံမွန္ေနရာရဖို႔ ရုန္းကန္ခဲ့ရတာေၾကာင့္ ဂရန္နာဒါနဲ႔ ဗလင္စီယာအသင္းေတြမွာ အငွားသြားကစားခဲ့ရၿပီး ၿပီးခဲ့တဲ့ေႏြရာသီေရာက္မွ မန္ယူကိုျပန္ေရာက္လာခဲ့တာပါ။

photo-gettyimages

ဒါေပမဲ့ ေမာ္ရင္ဟိုလက္ေအာက္မွာလည္း ပါရဲရားဟာ ေနရာရဖို႔ ဆက္လက္ရုန္းကန္ခဲ့ရၿပီး ရာသီတစ္၀က္တစ္ပ်က္နဲ႔ ဆုိးလ္ရွားေျပာင္းလဲကိုင္တြယ္ခ်ိန္မွာလည္း အေျခအေနက ထူးမလာခဲ့ပါဘူး။ မၾကာေသးခင္ႏွစ္ေတြအတြင္း မန္ယူမွာ အခြင့္အလမး္အနည္းငယ္သာရခဲ့ေပမယ့္လည္း ပါရဲရားဟာ ၿပီးခဲ့တဲ့ဇြန္လက ၄ ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့ၿပီး ရာသီသစ္မွာ အေရးပါတဲ့ေနရာက ပါ၀င္ႏိုင္ဖို႔အတြက္ အဆင္သင့္ပဲလို႔ အခိုင္အမာေျပာၾကားခဲ့ပါတယ္။ ဒါ့အျပင္ သူေနရာစုံကစားႏိုင္စြမး္ရွိတာကိုလည္း အလြန္သက္ေသျပခ်င္ေနပါတယ္။

photo-gettyimages

”ၿပီးခဲ့တဲ့ရာသီမွာ စိတ္ပိုင္းဆိုင္ရာနဲ႔ပတ္သက္လုိ႔ ကၽြန္ေတာ္အခက္အခဲအခ်ဳိ႕ရွိခဲ့ပါတယ္။ ေကာင္းေကာင္းလုပ္ႏိုင္ေနရင္းကေန ခ်က္ခ်င္းပဲ လူစာရင္းထဲေတာင္ မပါတဲ့အေျခအေနေရာက္သြားတယ္။ အဲဒီေနာက္ ဆုိးလ္ရွားက ကၽြန္ေတာ့္ကို အခြင့္အေရးေပးခဲ့ၿပီး သူ႔အစီအစဥ္ထဲမွာ ကၽြန္ေတာ္ပါတယ္ဆိုတာကို ရွင္းျပခဲ့ပါတယ္။ အခုေတာ့ ကၽြန္ေတာ္ယုံၾကည္မႈရတယ္လု႔ိ ခံစားရၿပီး နည္းျပကလည္း ကၽြန္ေတာ့္အေပၚမွာ ယုံၾကည္မႈရွိပါတယ္။ စိတ္ပိုင္းဆုိင္ရာေရာ ရုပ္ပိုင္းဆုိင္ရာပါ တစ္ႏွစ္ထက္တစ္ႏွစ္ ကၽြန္ေတာ္ပိုႀကံ႕ခိုင္လာပါတယ္။ ကၽြန္ေတာ္ ေရွ႕ထြက္ဖုိ႔ အခ်ိန္က်ေနပါၿပီ။ ကၽြန္ေတာ္အဆင့္ပါပဲ။ နံပါတ္ ၈ ေနရာကေရာ နံပါတ္ ၁၀ ေနရာကအျပင္ ျဖတ္တင္ေဘာေတြအတြက္  ဘက္ခမ္းလိုပဲ ညာ၀င္းမွာ ကစားႏိုင္ပါတယ္။ ကၽြန္ေတာ့္မွာ ျပစရာေတြ အမ်ားႀကီးရွိတာပါ”လို႔ ပါရဲရားက အင္တာဗ်ဴးတစ္ခုမွာ ေျပာခဲ့တာပါ။

[Unicode]

မန်ယူအသင်းကွင်းလယ်လူပါရဲရားက လာမယ့်ရာသီသစ်မှာ ကလပ်ဂန္ထဝင်ဒေးဗစ်ဘက်ခမ်းလို သမားရိုးကျတောင်ပံကစားသမားတစ်ယောက်အဖြစ်လည်း ကစားနိုင်စွမး်ရှိကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ၂၃ နှစ်အရွယ် ပါရဲရားဟာ မန်ယူနဲ့အတူ လူငယ်အဆင့်မှာကတည်းက ကစားလာခဲ့သူဖြစ်ပြီး ၂၀၁၄ မှာတော့ မန်ယူအသင်းကြီးမှာ စတင်ပါဝင်ခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့လည်း အဲဒီကတည်းက ပုံမှန်နေရာရဖို့ ရုန်းကန်ခဲ့ရတာကြောင့် ဂရန်နာဒါနဲ့ ဗလင်စီယာအသင်းတွေမှာ အငှားသွားကစားခဲ့ရပြီး ပြီးခဲ့တဲ့နွေရာသီရောက်မှ မန်ယူကိုပြန်ရောက်လာခဲ့တာပါ။

ဒါပေမဲ့ မော်ရင်ဟိုလက်အောက်မှာလည်း ပါရဲရားဟာ နေရာရဖို့ ဆက်လက်ရုန်းကန်ခဲ့ရပြီး ရာသီတစ်ဝက်တစ်ပျက်နဲ့ ဆိုးလ်ရှားပြောင်းလဲကိုင်တွယ်ချိန်မှာလည်း အခြေအနေက ထူးမလာခဲ့ပါဘူး။ မကြာသေးခင်နှစ်တွေအတွင်း မန်ယူမှာ အခွင့်အလမး်အနည်းငယ်သာရခဲ့ပေမယ့်လည်း ပါရဲရားဟာ ပြီးခဲ့တဲ့ဇွန်လက ၄ နှစ်စာချုပ်သစ်ချုပ်ဆိုခဲ့ပြီး ရာသီသစ်မှာ အရေးပါတဲ့နေရာက ပါဝင်နိုင်ဖို့အတွက် အဆင်သင့်ပဲလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။ ဒါ့အပြင် သူနေရာစုံကစားနိုင်စွမး်ရှိတာကိုလည်း အလွန်သက်သေပြချင်နေပါတယ်။

”ပြီးခဲ့တဲ့ရာသီမှာ စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်လို့ ကျွန်တော်အခက်အခဲအချို့ရှိခဲ့ပါတယ်။ ကောင်းကောင်းလုပ်နိုင်နေရင်းကနေ ချက်ချင်းပဲ လူစာရင်းထဲတောင် မပါတဲ့အခြေအနေရောက်သွားတယ်။ အဲဒီနောက် ဆိုးလ်ရှားက ကျွန်တော့်ကို အခွင့်အရေးပေးခဲ့ပြီး သူ့အစီအစဉ်ထဲမှာ ကျွန်တော်ပါတယ်ဆိုတာကို ရှင်းပြခဲ့ပါတယ်။ အခုတော့ ကျွန်တော်ယုံကြည်မှုရတယ်လို့ ခံစားရပြီး နည်းပြကလည်း ကျွန်တော့်အပေါ်မှာ ယုံကြည်မှုရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ တစ်နှစ်ထက်တစ်နှစ် ကျွန်တော်ပိုကြံ့ခိုင်လာပါတယ်။ ကျွန်တော် ရှေ့ထွက်ဖို့ အချိန်ကျနေပါပြီ။ ကျွန်တော်အဆင့်ပါပဲ။ နံပါတ် ၈ နေရာကရော နံပါတ် ၁၀ နေရာကအပြင် ဖြတ်တင်ဘောတွေအတွက်  ဘက်ခမ်းလိုပဲ ညာဝင်းမှာ ကစားနိုင်ပါတယ်။ ကျွန်တော့်မှာ ပြစရာတွေ အများကြီးရှိတာပါ”လို့ ပါရဲရားက အင်တာဗျူးတစ်ခုမှာ ပြောခဲ့တာပါ။