သူအတုယူခ်င္တဲ့ မန္ယူဂႏၳ၀င္တစ္ေယာက္ကို ဖြင့္ဟလိုက္တဲ့ ဒန္နီရယ္ဂ်ိမ္းစ္

ပြဲဦးထြက္မွာ ပရိသတ္ေတြေက်နပ္ေလာက္မယ့္ေျခစြမ္းမ်ိဳးျပႏိုင္ခဲ့တဲ့ မန္ယူေတာင္ပံကစားသမားသစ္ဒန္နီရယ္ဂ်ိမ္းစ္ဟာ သူအတုယုခ်င္တဲ့ မန္ယူဂႏၳ၀င္ကစားသမားတစ္ေယာက္ကို ဖြင့္ဟလိုက္ပါတယ္။ အဲဒီမန္ယူဂႏၳ၀င္ရဲ႕အႀကံေပးမႈ၊ယုံၾကည္မႈနဲ႔အားေပးမႈေတြက ေ၀းလ္ေတာင္ပံကစားသမားေလးဒန္နီရယ္ဂ်ိမ္းစ္ရဲ႕အိပ္မက္ေတြကို အားေကာင္းလာေစခဲ့ပါတယ္။ ဒန္နီရယ္ဂ်ိမ္းစ္အတုယူခ်င္တဲ့၊ေလးစားအားက်တဲ့ မန္ယူဂႏၳ၀င္ကေတာ့ သူ႔လုိပဲ ေတာင္ပံေနရာမွာကစားတဲ့ ရြိဳင္ယန္ဂစ္ပါ။

photo-gettyimages

ဂစ္ဟာ ေ၀းလ္လက္ေရြးစင္အသင္းမွာ ဒန္နီရယ္ဂ်ိမ္းစ္ကို စတင္ပြဲထြက္ေစခဲ့သူလည္း ျဖစ္ပါတယ္။ ဒန္နီရယ္ဂ်ိမ္းစ္ဟာ အရင္နည္းျပေဟာင္းကိုးလ္မန္းလက္ထက္မွာ ေ၀းလ္လက္ေရြးစင္အသင္းအတြက္ ပထမဆုံးအႀကိမ္ေရြးခ်ယ္ေခၚယူျခင္းခံခဲ့ရေပမယ့္ ႏိုင္ငံအသင္းအတြက္ သူအျပည့္အ၀စတင္ပြဲထြက္ခြင့္ရခဲ့တာကေတာ့ ကိုးလ္မန္းေနရာဆက္ခံတဲ့ ရြိဳင္ယန္ဂစ္လက္ထက္မွပါ။ ဂစ္ဟာ ဘယ္လုိေအာင္ျမင္ေအာင္လုပ္ရမလဲဆုိတာသိတဲ့သူျဖစ္လို႔ ဒန္နီရယ္ဂ်ိမ္းစ္အတြက္ေတာ့ လမ္းညြန္ေပးႏိုင္မယ့္ ဆရာေကာင္းျဖစ္လာမွာပါ။

photo-gettyimages

”ေ၀းလ္အသင္းကိုစေရာက္ကတည္းက ဂစ္ဟာ ကၽြန္ေတာ့္အတြက္ ရည္မွန္းခ်က္ေတြရွိခဲ့တာပါ။ ကၽြန္ေတာ္နဲ႔ တျခားလူငယ္အမ်ားအျပားကို သူပ်ိဳးေထာင္ေပးခဲ့တာက အံ့ၾသစရာေကာငး္ပါတယ္။ မန္ယူအတြက္ ကၽြန္ေတာ္စာခ်ဳပ္ခ်ိန္တုန္းကလညး္ ကၽြန္ေတာ့္အတြက္ အႀကံေပးခဲ့ၿပီး ကိုယ့္ကိုယ္ကိုယ္သာ ျဖစ္ေအာင္လုပ္ဖုိ႔ ေျပာခဲ့တာပါ။ မန္ယူမွာ သူလုပ္ခဲ့တာေတြက အံ့ၾသစရာေတြပါ။ ငယ္ရြယ္တဲ့ေတာင္ပံကစားသမားတုိင္းကေတာ့ သူ႔လိုမ်ိဳး ျဖစ္ခ်င္ၾကပါတယ္။ သူဟာ အသက္ ၄၀ အထိပရီးမီးယားလိဂ္မွာကစားခဲ့ၿပီး အဲဒီအရြယ္တိုင္ေအာင္ လိမ္ေခါက္ေက်ာ္ျဖတ္ႏိုင္ဆဲပါပဲ။ လက္ေရြးစင္အသင္းကိုေရာက္တဲ့အခ်ိန္ သူ႔လိုလူမ်ိဳးကေနသင္ယူရတာဟာ ကၽြန္ေတာ့္အတြက္ အံ့ၾသစရာပါ။ သူဟာ ကၽြန္ေတာ္အတုယူခ်င္တဲ့ တစ္စုံတစ္ေယာက္လည္းျဖစ္ပါတယ္”လို႔ ဒန္နီရယ္ဂ်ိမ္းစ္က ေျပာၾကားခဲ့ပါတယ္။

[Unicode]

ပွဲဦးထွက်မှာ ပရိသတ်တွေကျေနပ်လောက်မယ့်ခြေစွမ်းမျိုးပြနိုင်ခဲ့တဲ့ မန်ယူတောင်ပံကစားသမားသစ်ဒန်နီရယ်ဂျိမ်းစ်ဟာ သူအတုယုချင်တဲ့ မန်ယူဂန္ထဝင်ကစားသမားတစ်ယောက်ကို ဖွင့်ဟလိုက်ပါတယ်။ အဲဒီမန်ယူဂန္ထဝင်ရဲ့အကြံပေးမှု၊ယုံကြည်မှုနဲ့အားပေးမှုတွေက ဝေးလ်တောင်ပံကစားသမားလေးဒန်နီရယ်ဂျိမ်းစ်ရဲ့အိပ်မက်တွေကို အားကောင်းလာစေခဲ့ပါတယ်။ ဒန်နီရယ်ဂျိမ်းစ်အတုယူချင်တဲ့၊လေးစားအားကျတဲ့ မန်ယူဂန္ထဝင်ကတော့ သူ့လိုပဲ တောင်ပံနေရာမှာကစားတဲ့ ရွိုင်ယန်ဂစ်ပါ။

ဂစ်ဟာ ဝေးလ်လက်ရွေးစင်အသင်းမှာ ဒန်နီရယ်ဂျိမ်းစ်ကို စတင်ပွဲထွက်စေခဲ့သူလည်း ဖြစ်ပါတယ်။ ဒန်နီရယ်ဂျိမ်းစ်ဟာ အရင်နည်းပြဟောင်းကိုးလ်မန်းလက်ထက်မှာ ဝေးလ်လက်ရွေးစင်အသင်းအတွက် ပထမဆုံးအကြိမ်ရွေးချယ်ခေါ်ယူခြင်းခံခဲ့ရပေမယ့် နိုင်ငံအသင်းအတွက် သူအပြည့်အဝစတင်ပွဲထွက်ခွင့်ရခဲ့တာကတော့ ကိုးလ်မန်းနေရာဆက်ခံတဲ့ ရွိုင်ယန်ဂစ်လက်ထက်မှပါ။ ဂစ်ဟာ ဘယ်လိုအောင်မြင်အောင်လုပ်ရမလဲဆိုတာသိတဲ့သူဖြစ်လို့ ဒန်နီရယ်ဂျိမ်းစ်အတွက်တော့ လမ်းညွန်ပေးနိုင်မယ့် ဆရာကောင်းဖြစ်လာမှာပါ။

”ဝေးလ်အသင်းကိုစရောက်ကတည်းက ဂစ်ဟာ ကျွန်တော့်အတွက် ရည်မှန်းချက်တွေရှိခဲ့တာပါ။ ကျွန်တော်နဲ့ တခြားလူငယ်အများအပြားကို သူပျိုးထောင်ပေးခဲ့တာက အံ့သြစရာကောင်းပါတယ်။ မန်ယူအတွက် ကျွန်တော်စာချုပ်ချိန်တုန်းကလည်း ကျွန်တော့်အတွက် အကြံပေးခဲ့ပြီး ကိုယ့်ကိုယ်ကိုယ်သာ ဖြစ်အောင်လုပ်ဖို့ ပြောခဲ့တာပါ။ မန်ယူမှာ သူလုပ်ခဲ့တာတွေက အံ့သြစရာတွေပါ။ ငယ်ရွယ်တဲ့တောင်ပံကစားသမားတိုင်းကတော့ သူ့လိုမျိုး ဖြစ်ချင်ကြပါတယ်။ သူဟာ အသက် ၄၀ အထိပရီးမီးယားလိဂ်မှာကစားခဲ့ပြီး အဲဒီအရွယ်တိုင်အောင် လိမ်ခေါက်ကျော်ဖြတ်နိုင်ဆဲပါပဲ။ လက်ရွေးစင်အသင်းကိုရောက်တဲ့အချိန် သူ့လိုလူမျိုးကနေသင်ယူရတာဟာ ကျွန်တော့်အတွက် အံ့သြစရာပါ။ သူဟာ ကျွန်တော်အတုယူချင်တဲ့ တစ်စုံတစ်ယောက်လည်းဖြစ်ပါတယ်”လို့ ဒန်နီရယ်ဂျိမ်းစ်က ပြောကြားခဲ့ပါတယ်။