သူရဲေကာင္းဆန္ခဲ့တဲ့ကိုလာဆီနက္ကို အသင္းေခါင္းေဆာင္လက္ပတ္ေပးသင့္ေၾကာင္း ပရိသတ္ေတြဆုိ

အသင္းေဖာ္အိုေဇးလ္ကို သူရဲေကာင္းဆန္ဆန္ကာကြယ္ေပးခဲ့တဲ့ ေနာက္ခံလူကိုလာဆီနက္ဟာ အသင္းေခါင္းေဆာင္လက္ပတ္နဲ႔ထုိက္တန္သူျဖစ္ေၾကာင္း အာဆင္နယ္ပရိသတ္ေတြက ယူဆေနၾကပါတယ္။ ၂၆ ႏွစ္အရြယ္ ကိုလာဆီနက္ဟာ အသင္းရဲ႕အေမရိကန္ခရီးစဥ္က ျပန္ေရာက္လာၿပီးေနာက္ ၾကာသပေတးေန႔မွာ အသင္းေဖာ္အုိေဇးလ္နဲ႔အတူရွိေနစဥ္ လန္ဒန္မွာ ကားလုယက္မႈနဲ႔ ႀကဳံေတြ႕ခဲ့ရတာပါ။

photo-social media

ထြက္ေပၚလာတဲ့ CCTV မွတ္တမ္းအရ အိုေဇးလ္ေမာင္းေနတဲ့့ Mercedes G-Class SUV ကားကို လုယက္ဖို႔ႀကိဳးစားခဲ့သူႏွစ္ေယာက္ေၾကာင့္ ကိုလာဆီနက္ဟာ ကားေပၚက ခုန္ဆင္းလာခဲ့ၿပီး ျပန္လည္တုံ႔ျပန္မႈျပဳလုပ္ခဲ့တာပါ။ အဲဒီအခ်ိန္ အုိေဇးလ္ကေတာ့ ကားေပၚမွာပဲ ရွိေနခဲ့ပါတယ္။ ကားလုယက္သူႏွစ္ေယာက္က ဓားကုိယ္စီနဲ႔ျဖစ္ေပမယ့္ ကိုလာဆီနက္ကေတာ့ အသင္းေဖာ္အိုေဇးလ္အတြက္ လက္ဗလာန႔ဲပဲ ကာကြယ္ဟန္႔တားေပးခဲ့တာပါ။ ဒီျဖစ္ရပ္မွာ ႏွစ္ေယာက္စလုံးေဘးကင္းခဲ့ေၾကာင္း အာဆင္နယ္အသင္းက အတည္ျပဳခဲ့ပါတယ္။

photo-gettyimages

အဲဒီျဖစ္ရပ္ေၾကာင့္ ကိုလာဆီနက္ဟာ အာဆင္နယ္ပရိသတ္ေတြအတြက္ သူရဲေကာင္းတစ္ေယာက္ျဖစ္သြားပါတယ္။ အာဆင္နယ္အသင္းအမာခံပရိသတ္တစ္ေယာက္ျဖစ္တဲ့ နာမည္ႀကီးၿဗိတိန္ရုပ္သံတင္ဆက္သူပီယားစ္ေမာ္ဂန္ကဆုိရင္ “ဓားကိုင္လူဆိုးသူခုိးေတြရန္ကေန အိုေဇးလ္ကိုကာကြယ္ေပးပုံအရ ကၽြန္ေတာ္ကေတာ့ ကိုလာဆီနက္ကို ခ်က္ခ်င္းပဲ အာဆင္နယ္အသင္းေခါင္းေဆာင္အျဖစ္ ခန္႔မွာပါ”လို႔ Twitter ေပၚမွာ ေရးတင္ခဲ့ပါတယ္။ ေနာက္ထပ္အာဆင္နယ္ပရိသတ္တစ္ေယာက္ကလည္း“အသင္းေခါင္းေဆာင္ဆိုတာ လိမ္ေခါက္မႈေတြအမ်ားဆံုးလုပ္ႏိုင္တဲ့သူမဟုတ္ပါဘူး။ အသင္းေဖာ္ေတြအတြက္ မားမားမတ္မတ္ရပ္တည္ၿပီး ပြဲေနာက္ဆုံးအခ်ိန္အထိ အသင္းအမွတ္တံဆိပ္ကိုကာကြယ္ေပးသြားသူသာ အသင္းေခါင္းေဆာင္ပါ။ ဒီေန႔မွာေတာ့ ကိုလာဆီနက္ဟာ သူရဲေကာင္းတစ္ေယာက္ျဖစ္လာပါတယ္။ ဒါေပမဲ့လည္း သူဟာ အာဆင္နယ္အတြက္ အၿမဲတိုက္ပြဲ၀င္ေပးခဲ့ပါတယ္။ သူဟာ ကၽြန္ေတာ့္ရဲ႕အသင္းေခါင္းေဆာင္ပါပဲ”လို႔ သူ႔အျမင္ကို Twitter ေပၚမွာ ေဖာ္ျပခဲ့ပါတယ္။

[Unicode]

အသင်းဖော်အိုဇေးလ်ကို သူရဲကောင်းဆန်ဆန်ကာကွယ်ပေးခဲ့တဲ့ နောက်ခံလူကိုလာဆီနက်ဟာ အသင်းခေါင်းဆောင်လက်ပတ်နဲ့ထိုက်တန်သူဖြစ်ကြောင်း အာဆင်နယ်ပရိသတ်တွေက ယူဆနေကြပါတယ်။ ၂၆ နှစ်အရွယ် ကိုလာဆီနက်ဟာ အသင်းရဲ့အမေရိကန်ခရီးစဉ်က ပြန်ရောက်လာပြီးနောက် ကြာသပတေးနေ့မှာ အသင်းဖော်အိုဇေးလ်နဲ့အတူရှိနေစဉ် လန်ဒန်မှာ ကားလုယက်မှုနဲ့ ကြုံတွေ့ခဲ့ရတာပါ။

ထွက်ပေါ်လာတဲ့ CCTV မှတ်တမ်းအရ အိုဇေးလ်မောင်းနေတဲ့ Mercedes G-Class SUV ကားကို လုယက်ဖို့ကြိုးစားခဲ့သူနှစ်ယောက်ကြောင့် ကိုလာဆီနက်ဟာ ကားပေါ်က ခုန်ဆင်းလာခဲ့ပြီး ပြန်လည်တုံ့ပြန်မှုပြုလုပ်ခဲ့တာပါ။ အဲဒီအချိန် အိုဇေးလ်ကတော့ ကားပေါ်မှာပဲ ရှိနေခဲ့ပါတယ်။ ကားလုယက်သူနှစ်ယောက်က ဓားကိုယ်စီနဲ့ဖြစ်ပေမယ့် ကိုလာဆီနက်ကတော့ အသင်းဖော်အိုဇေးလ်အတွက် လက်ဗလာနဲ့ပဲ ကာကွယ်ဟန့်တားပေးခဲ့တာပါ။ ဒီဖြစ်ရပ်မှာ နှစ်ယောက်စလုံးဘေးကင်းခဲ့ကြောင်း အာဆင်နယ်အသင်းက အတည်ပြုခဲ့ပါတယ်။

အဲဒီဖြစ်ရပ်ကြောင့် ကိုလာဆီနက်ဟာ အာဆင်နယ်ပရိသတ်တွေအတွက် သူရဲကောင်းတစ်ယောက်ဖြစ်သွားပါတယ်။ အာဆင်နယ်အသင်းအမာခံပရိသတ်တစ်ယောက်ဖြစ်တဲ့ နာမည်ကြီးဗြိတိန်ရုပ်သံတင်ဆက်သူပီယားစ်မော်ဂန်ကဆိုရင် “ဓားကိုင်လူဆိုးသူခိုးတွေရန်ကနေ အိုဇေးလ်ကိုကာကွယ်ပေးပုံအရ ကျွန်တော်ကတော့ ကိုလာဆီနက်ကို ချက်ချင်းပဲ အာဆင်နယ်အသင်းခေါင်းဆောင်အဖြစ် ခန့်မှာပါ”လို့ Twitter ပေါ်မှာ ရေးတင်ခဲ့ပါတယ်။ နောက်ထပ်အာဆင်နယ်ပရိသတ်တစ်ယောက်ကလည်း“အသင်းခေါင်းဆောင်ဆိုတာ လိမ်ခေါက်မှုတွေအများဆုံးလုပ်နိုင်တဲ့သူမဟုတ်ပါဘူး။ အသင်းဖော်တွေအတွက် မားမားမတ်မတ်ရပ်တည်ပြီး ပွဲနောက်ဆုံးအချိန်အထိ အသင်းအမှတ်တံဆိပ်ကိုကာကွယ်ပေးသွားသူသာ အသင်းခေါင်းဆောင်ပါ။ ဒီနေ့မှာတော့ ကိုလာဆီနက်ဟာ သူရဲကောင်းတစ်ယောက်ဖြစ်လာပါတယ်။ ဒါပေမဲ့လည်း သူဟာ အာဆင်နယ်အတွက် အမြဲတိုက်ပွဲဝင်ပေးခဲ့ပါတယ်။ သူဟာ ကျွန်တော့်ရဲ့အသင်းခေါင်းဆောင်ပါပဲ”လို့ သူ့အမြင်ကို Twitter ပေါ်မှာ ဖော်ပြခဲ့ပါတယ်။