သူထြက္ခြာခ်င္တယ္ဆုိတဲ့အေၾကာင္း ပီအက္စ္ဂ်ီကိုေျပာလုိက္တဲ့ ေနမာ

အသင္းကေန သူထြက္ခြာခ်င္တယ္ဆိုတာကို ေနမာက ပီအက္စ္ဂ်ီကို ေျပာလိုက္ေၾကာင္း Sky Sports နဲ႔ ESPN သတင္းဌာနေတြက ေဖာ္ျပလိုက္ပါတယ္။ အဲဒီဘရာဇီးၾကယ္ပြင့္ဟာ ၿပီးခဲ့တဲ့အပတ္မွာစတင္ခဲ့တဲ့ ပီအက္စ္ဂ်ီရဲ႕ရာသီႀကိဳေလ့က်င့္ခန္းအစီအစဥ္ကို ေရာက္လာခဲ့ျခငး္မရွိပါဘူး။ မေန႔ကမွ ပီအက္စ္ဂ်ီအသင္းထံ ျပန္ေရာက္လာခဲ့တာ ျဖစ္ပါတယ္။ ဒါေပမဲ့လည္း သူဟာ အဲဒီေန႔မွာ အနာဂါတ္နဲ႔ပတ္သက္ၿပီး ပီအက္စ္ဂ်ီအားကစားဒါရိုက္တာလီယိုနာဒိုနဲ႔ ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း သိရပါတယ္။

photo-Instagram

ပီအက္စ္ဂ်ီဟာ သူတုိ႔ရဲ႕အဓိကတိုက္စစ္မႈးကို ဆက္ထိန္းႏိုင္ႏိုင္ေရးအတြက္ ေဖ်ာင္းဖ်ဖို႔ႀကိဳးစားခဲ့ေပမယ့္လည္း ေနမာကေတာ့ အသင္းကထြက္ခ်င္တယ္ဆုိတဲ့အေၾကာင္းကိုသာ အခုိင္အမာေျပာခဲ့တာပါ။ ေဆြးေႏြးမႈအတြင္းမွာ ဘယ္အသင္းကို သူသြားခ်င္တယ္ဆုိတာကိုေတာ့ ဖြင့္မေျပာခဲ့ပါဘူး။ ေလာေလာဆယ္ သူဟာ အသင္းေဟာင္းဘာစီလုိနာနဲ႔ အဓိကသတင္းထြက္ေနေပမယ့္ အဲဒီစပိန္ခ်န္ပီယံက ဂရစ္ဇ္မန္းကို ေပါင္ ၁၀၈ သန္းနဲ႔ေခၚထားတဲ့အတြက္ ေနမာကို ထပ္ေခၚႏိုင္ဖို႔အခြင့္အလမ္းက နည္းသြားပါတယ္။

photo-Instagram

ေနမာဟာ လြန္ခဲ့တဲ့ ၂ ႏွစ္က ကမာၻ႔စံခ်ိန္တင္ေၾကးေပါင္ ၁၉၈ သန္းနဲ႔ ဘာစီလုိနာကေန ပီအက္စ္ဂ်ီေျပာင္းခဲ့တာပါ။ ဒါေပမဲ့ အခုေတာ့ ပဲရစ္ေျမမွာ မေပ်ာ္ပိုက္ေတာ့တာေၾကာင့္ ဘာစီလုိနာကို ျပန္သြားခ်င္ေနပါတယ္။ ေနမာဟာ ပီအက္စ္ဂ်ီကိုျပန္ေရာက္ေနၿပီျဖစ္ေပမယ့္ အသင္းေဖာ္ေတြနဲေတာ့႔ အတူတြဲမေလ့က်င့္ရေသးပါဘူး။

[Unicode]

အသင်းကနေ သူထွက်ခွာချင်တယ်ဆိုတာကို နေမာက ပီအက်စ်ဂျီကို ပြောလိုက်ကြောင်း Sky Sports နဲ့ ESPN သတင်းဌာနတွေက ဖော်ပြလိုက်ပါတယ်။ အဲဒီဘရာဇီးကြယ်ပွင့်ဟာ ပြီးခဲ့တဲ့အပတ်မှာစတင်ခဲ့တဲ့ ပီအက်စ်ဂျီရဲ့ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်ကို ရောက်လာခဲ့ခြင်းမရှိပါဘူး။ မနေ့ကမှ ပီအက်စ်ဂျီအသင်းထံ ပြန်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း သူဟာ အဲဒီနေ့မှာ အနာဂါတ်နဲ့ပတ်သက်ပြီး ပီအက်စ်ဂျီအားကစားဒါရိုက်တာလီယိုနာဒိုနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

ပီအက်စ်ဂျီဟာ သူတို့ရဲ့အဓိကတိုက်စစ်မှုးကို ဆက်ထိန်းနိုင်နိုင်ရေးအတွက် ဖျောင်းဖျဖို့ကြိုးစားခဲ့ပေမယ့်လည်း နေမာကတော့ အသင်းကထွက်ချင်တယ်ဆိုတဲ့အကြောင်းကိုသာ အခိုင်အမာပြောခဲ့တာပါ။ ဆွေးနွေးမှုအတွင်းမှာ ဘယ်အသင်းကို သူသွားချင်တယ်ဆိုတာကိုတော့ ဖွင့်မပြောခဲ့ပါဘူး။ လောလောဆယ် သူဟာ အသင်းဟောင်းဘာစီလိုနာနဲ့ အဓိကသတင်းထွက်နေပေမယ့် အဲဒီစပိန်ချန်ပီယံက ဂရစ်ဇ်မန်းကို ပေါင် ၁၀၈ သန်းနဲ့ခေါ်ထားတဲ့အတွက် နေမာကို ထပ်ခေါ်နိုင်ဖို့အခွင့်အလမ်းက နည်းသွားပါတယ်။

နေမာဟာ လွန်ခဲ့တဲ့ ၂ နှစ်က ကမ္ဘာ့စံချိန်တင်ကြေးပေါင် ၁၉၈ သန်းနဲ့ ဘာစီလိုနာကနေ ပီအက်စ်ဂျီပြောင်းခဲ့တာပါ။ ဒါပေမဲ့ အခုတော့ ပဲရစ်မြေမှာ မပျော်ပိုက်တော့တာကြောင့် ဘာစီလိုနာကို ပြန်သွားချင်နေပါတယ်။ နေမာဟာ ပီအက်စ်ဂျီကိုပြန်ရောက်နေပြီဖြစ်ပေမယ့် အသင်းဖော်တွေနဲတော့ အတူတွဲမလေ့ကျင့်ရသေးပါဘူး။