သမၼတထရမ့္ကို ထိပ္တုိက္ေတြ႕ခဲ့တဲ့ ဂိုးသြင္းဘုရင္ရာပီႏိုးနဲ႔ ေ၀ဖန္မႈေတြၾကားထဲကေန အေမရိကန္အမ်ိဳးသားေတြ မလုပ္ႏိုင္တာကို လုပ္ျပခဲ့တဲ့အေမရိကန္အသင္း

Photo Credit

Photo Credit

ျပင္သစ္ႏိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပခဲ့တဲ့ ၂၀၁၉ အမ်ိဳးသမီးကမၻာ့ဖလားၿပိဳင္ပြဲကေတာ့ လက္ရွိခ်န္ပီယံအေမရိကန္အသင္း ဗိုလ္စြဲသြားျခင္းနဲ႔အတူ အဆုံးသတ္သြားခဲ့ၿပီျဖစ္ပါတယ္။ ဥေရာပမွာ က်င္းပတဲ့ၿပိဳင္ပြဲျဖစ္လုိ႔ ကြာတားဖုိင္နယ္ေရာက္ ၈သင္းအနက္ ၇သင္းက ဥေရာပအသင္းေတြျဖစ္ခဲ့တဲ့အထိ လႊမ္းမုိးႏုိင္ခဲ့ပါတယ္။

Photo Credit

ဒါေပမဲ့ ဥေရာပမဟုတ္တဲ့တစ္သင္းတည္းေသာအသင္းက အေမရိကန္ျဖစ္ေနၿပီး လက္ရွိခ်န္ပီယံလည္းျဖစ္ပါတယ္။ အေမရိကန္ဟာ ဒီၿပိဳင္ပြဲတစ္ေလွ်ာက္ ပြဲတုိင္းအႏိုင္ရခဲ့ၿပီး ဗိုလ္လုပြဲတက္ေရာက္ရာ လမ္းေၾကာင္းမွာလည္း ပြဲက်ပ္ေတြနဲ႔ခ်ည္း ရင္ဆုိင္ခဲ့ရလုိ႔ သူတုိ႔အတြက္ ဒီႏွစ္ခ်န္ပီယံဆုက အထုိက္တန္ဆုံးလုိ႔ ဆုိႏိုင္ပါတယ္။ တကယ္ေတာ့ ဗိုလ္လုပြဲတက္ေရာက္ရာလမ္းေၾကာင္းမွာ အေမရိကန္ပါ၀င္တဲ့လမ္းေၾကာင္းက အေတာ္ေလးက်ပ္ခဲ့ၿပီး တစ္ဘက္လမ္းေၾကာင္းမွာေတာ့ ဂ်ပန္၊ အီတလီနဲ႔ နယ္သာလန္တုိ႔ေလာက္ပဲ အသင္းႀကီးေတြပါ၀င္ခဲ့ပါတယ္။

Photo Credit ; B/R

အေမရိကန္ဟာ ပထမဆုံးအေနနဲ႔ ၁၆သင္းအဆင့္မွာ လူငယ္အမ်ားစုနဲ႔ ေျခတက္ေနတဲ့ ဥေရာပကိုယ္စားျပဳ စပိန္အသင္းကို ၂-၁ ဂိုးနဲ႔အႏိုင္ရရွိခဲ့ၿပီး ကြာတားဖိုင္နယ္မွာေတာ့ ဗိုလ္စြဲဖို႔ ေရပန္းအစားဆုံးလည္းျဖစ္၊ အိမ္ရွင္လည္းျဖစ္တဲ့ ျပင္သစ္နဲ႔ရင္ဆုိင္ခဲ့ရပါတယ္။ အဲဒီမွာလည္း အေမရိကန္ဟာ ျပင္သစ္ကို ေက်ာ္ျဖတ္ႏုိင္ခဲ့ၿပီး ဆီမီးဖုိင္နယ္မွာလည္း ေနာက္ထပ္ဥေရာပအသင္းျဖစ္တ့ဲ နာမည္ႀကီးအဂၤလန္ကို ထပ္မံေက်ာ္ျဖတ္ႏိုင္ခဲ့ပါတယ္။

Photo Credit ; Getty Images

အေမရိကန္အတြက္ ထူးျခားခ်က္အျဖစ္ ဗိုလ္လုပြဲမတုိင္ခင္ ႐ံႈးထြက္ပြဲေတြအားလုံး ၂-၁ ဂိုးနဲ႔အႏိုင္ရရွိခဲ့တာျဖစ္ၿပီး ထိုင္းကို ၁၃-၀ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ဂိုးသြင္းၿပီးတုိင္း လြန္လြန္က်ဴးက်ဴးေအာင္ပြဲခံတယ္ဆုိကာ ေ၀ဖန္ခံခဲ့ရပါတယ္။ ေနာက္ၿပီး အဂၤလန္ကို ၂-၁ ဂိုးနဲ႔အႏုိင္ရခဲ့တဲ့ပြဲမွာ တုိက္စစ္မွဴး အဲလက္စ္ေမာ္ဂန္ ဂိုးသြင္းအၿပီး လက္ဘက္ရည္ေသာက္တဲ့ပုံစံနဲ႔ ေအာင္ပြဲခံမႈကုိလည္း လက္ဘက္ရည္ေသာက္သုံးမႈအမ်ားဆုံးျဖစ္တဲ့ အဂၤလန္က သူတုိ႔ကို ေလွာင္ေျပာင္တာဆုိၿပီး စြပ္စြဲတုိက္ခုိက္ခဲ့ပါတယ္။

Photo Credit ; Getty Images

အဲဒီျပႆနာေတြထက္ ပိုဆုိးတာက တုိက္စစ္မွဴးရာပီႏိုးနဲ႔ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္တုိ႔ရဲ႕ျပႆနာပါ။ အေမရိကန္မွာ လူျဖဴ လူမည္းျပႆနာျဖစ္ေနတာ အေတာ္ၾကာပါၿပီ။ အထူးသျဖင့္ အေမရိကန္အစုိးရက အာဖရီကန္-အေမရိကန္ေတြကို လုံေလာက္တဲ့ကာကြယ္မႈမေပးဘူးလုိ႔ ေ၀ဖန္ခံေနရၿပီး အထူးသျဖင့္ ၂၀၁၆ ေရြးေကာက္ပြဲမွာ အႏုိင္ရခဲ့တဲ့ လက္ရွိသမၼတ ထရမ့္လက္ထက္ အဲဒီေ၀ဖန္မႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။

Photo Credit ; B/R

အဲဒီမွာ အေမရိကန္လူျဖဴ ရာပီႏိုးက လူမည္းေတြအေပၚ အစိုးရရဲ႕လုပ္ပုံကုိင္ပုံကို သေဘာမက်လုိ႔ ဆႏၵျပတဲ့အေနနဲ႔ ပဲြမကစားခင္ အေမရိကန္ႏိုင္ငံေတာ္သီခ်င္းဆုိရာမွာ လုိက္မဆိုတဲ့အျပင္ ဒူးေထာက္ဆုေတာင္းတဲ့ပုံစံျပဳလုပ္ခဲ့ပါတယ္။ ဒါကို အစုိးရက ေဘာလုံးအဖြဲ႕ခ်ဳပ္ကို ဖိအားေပးလို႔ ေနာက္ပိုင္းမွာ ရာပီႏိုးက ဒူးေထာက္ဆုေတာင္းတာမလုပ္ေတာ့ေပမယ့္ ႏိုင္ငံေတာ္သီခ်င္းေတာ့ လိုက္မဆိုပါဘူး။ အေမရိကန္ရဲ႕လူႀကိဳက္မ်ားတဲ့အားကစားနည္းေတြျဖစ္တဲ့ ေဘ့စ္ေဘာ၊ အေမရိကန္ဖြတ္ေဘာနဲ႔ ဘက္စ္ကတ္ေဘာအားကစားပြဲေတြမွာ အဲဒီျဖစ္ရပ္က လူသိမ်ားေနတာ ၾကာပါၿပီ။

Photo Credit ; Getty Images

ဒါကို ထရမ့္က ႏိုင္ငံေတာ္သီခ်င္းကို ႏိုင္ငံသားတုိင္းက ဂုဏ္ယူစြာသီဆုိေနခ်ိန္မွာ လုိက္မဆုိခဲ့တဲ့ ရာပီႏိုးကို လူမႈမီဒီယာ တြစ္တာကေန လူသိရွင္ၾကားေ၀ဖန္ခဲ့ပါတယ္။ ရာပီႏိုးကလည္း သမၼတရဲ႕ေ၀ဖန္မႈကို ၿငိမ္ခံမေနဘဲ ျပန္လည္တု႔ံျပန္ခဲ့ၿပီး အထူးသျဖင့္ အေမရိကန္အသင္းခ်န္ပီယံျဖစ္လုိ႔ သမၼတရဲ႕အိမ္ျဖဴေတာ္ကို လာေရာက္လည္ပတ္ဖုိ႔ ဖိတ္ၾကားခံရရင္ ျငင္းဆန္မယ္လုိ႔ အသံပစ္လုိက္ပါတယ္။ အဲဒီေနာက္ ထရမ့္က ခ်န္ပီယံမျဖစ္ေသးဘဲ ဒီလုိစကားမ်ိးမေျပာသင့္ေၾကာင္း ထိုးႏွက္ခဲ့ၿပီး အခုေတာ့ ခ်န္ပီယံျဖစ္ျဖစ္၊ မျဖစ္ျဖစ္ အေမရိကန္အသင္းကို အိမ္ျဖဴေတာ္လည္ပတ္ဖို႔ ဖိတ္ၾကားမယ္လုိ႔ ဆုိခဲ့ပါတယ္။

Photo Credit ; People

ဒါေတြက အဂၤလန္နဲ႔ကစားခဲ့တဲ့ ဆီမီးဖုိင္နယ္ပြဲမတုိင္ခင္ ျဖစ္ပြားခဲ့တာျဖစ္ၿပီး အေရးႀကီးတဲ့ပြဲမွာ ရာပီႏိုး ပါ၀င္မကစားခဲ့ေတာ့ ပရိသတ္အမ်ားစုက သု႔ိေလာသို႔ေလာျဖစ္သြားပါတယ္။ အထူးသျဖင့္ သမၼတကို ခြန္းတု႔ံျပန္ၿပီးေနာက္ အသင္းကေန ခ်န္လွပ္ခံခဲ့ရတာလားဆုိတဲ့ေမးခြန္းေတြထြက္ေပၚလာခဲ့ေပမယ့္ ရာပီႏိုးကုိယ္တိုင္က ဒဏ္ရာရေနလုိ႔ အဂၤလန္နဲ႔ပြဲမွာ မပါ၀င္ႏိုင္ခဲ့တာျဖစ္ေၾကာင္း ရွင္းျပခဲ့ပါတယ္။ သူဟာ နယ္သာလန္ကို ၂-၀ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ဗိုလ္လုပြဲမွာေတာ့ ဦးစားေပးကစားသမားအျဖစ္ ျပန္လည္ပါ၀င္လာၿပီး အသင္းအတြက္ အေရးပါတဲ့ဦးေဆာင္ဂိုးကို ပင္နယ္တီကေန သြင္းယူႏိုင္ခဲ့ပါတယ္။ ဒီသြင္းဂိုးေၾကာင့္ပဲ သူဟာ ၂၀၁၉ ဖီဖာအမ်ိဳးသမီးကမၻာ့ဖလားၿပိဳင္ပြဲရဲ႕ ေရႊဖိနပ္ဆုရရွိခဲ့ပါတယ္။ အေမရိကန္အမ်ိဳးသားအသင္းက ၂၀၁၈ ကမၻာ့ဖလားၿပိဳင္ပြဲကို ေျခစစ္ပြဲေတာင္ မေအာင္ျမင္ခဲ့ခ်ိန္မွာ အမ်ိဳးသမီးအသင္းကေတာ့ ကမၻာ့ခ်န္ပီယံအျဖစ္ ထပ္မံမွတ္တမ္းတင္ခံလုိက္ရတာျဖစ္ပါတယ္။

Photo Credit

Unicode

သမ္မတထရမ့်ကို ထိပ်တိုက်တွေ့ခဲ့တဲ့ ဂိုးသွင်းဘုရင်ရာပီနိုးနဲ့ ဝေဖန်မှုတွေကြားထဲကနေ အမေရိကန်အမျိုးသားတွေ မလုပ်နိုင်တာကို လုပ်ပြခဲ့တဲ့အမေရိကန်အသင်း

ပြင်သစ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ၂၀၁၉ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကတော့ လက်ရှိချန်ပီယံအမေရိကန်အသင်း ဗိုလ်စွဲသွားခြင်းနဲ့အတူ အဆုံးသတ်သွားခဲ့ပြီဖြစ်ပါတယ်။ ဥရောပမှာ ကျင်းပတဲ့ပြိုင်ပွဲဖြစ်လို့ ကွာတားဖိုင်နယ်ရောက် ၈သင်းအနက် ၇သင်းက ဥရောပအသင်းတွေဖြစ်ခဲ့တဲ့အထိ လွှမ်းမိုးနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ဥရောပမဟုတ်တဲ့တစ်သင်းတည်းသောအသင်းက အမေရိကန်ဖြစ်နေပြီး လက်ရှိချန်ပီယံလည်းဖြစ်ပါတယ်။ အမေရိကန်ဟာ ဒီပြိုင်ပွဲတစ်လျှောက် ပွဲတိုင်းအနိုင်ရခဲ့ပြီး ဗိုလ်လုပွဲတက်ရောက်ရာ လမ်းကြောင်းမှာလည်း ပွဲကျပ်တွေနဲ့ချည်း ရင်ဆိုင်ခဲ့ရလို့ သူတို့အတွက် ဒီနှစ်ချန်ပီယံဆုက အထိုက်တန်ဆုံးလို့ ဆိုနိုင်ပါတယ်။ တကယ်တော့ ဗိုလ်လုပွဲတက်ရောက်ရာလမ်းကြောင်းမှာ အမေရိကန်ပါဝင်တဲ့လမ်းကြောင်းက အတော်လေးကျပ်ခဲ့ပြီး တစ်ဘက်လမ်းကြောင်းမှာတော့ ဂျပန်၊ အီတလီနဲ့ နယ်သာလန်တို့လောက်ပဲ အသင်းကြီးတွေပါဝင်ခဲ့ပါတယ်။
အမေရိကန်ဟာ ပထမဆုံးအနေနဲ့ ၁၆သင်းအဆင့်မှာ လူငယ်အများစုနဲ့ ခြေတက်နေတဲ့ ဥရောပကိုယ်စားပြု စပိန်အသင်းကို ၂-၁ ဂိုးနဲ့အနိုင်ရရှိခဲ့ပြီး ကွာတားဖိုင်နယ်မှာတော့ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးလည်းဖြစ်၊ အိမ်ရှင်လည်းဖြစ်တဲ့ ပြင်သစ်နဲ့ရင်ဆိုင်ခဲ့ရပါတယ်။ အဲဒီမှာလည်း အမေရိကန်ဟာ ပြင်သစ်ကို ကျော်ဖြတ်နိုင်ခဲ့ပြီး ဆီမီးဖိုင်နယ်မှာလည်း နောက်ထပ်ဥရောပအသင်းဖြစ်တဲ့ နာမည်ကြီးအင်္ဂလန်ကို ထပ်မံကျော်ဖြတ်နိုင်ခဲ့ပါတယ်။
အမေရိကန်အတွက် ထူးခြားချက်အဖြစ် ဗိုလ်လုပွဲမတိုင်ခင် ရှုံးထွက်ပွဲတွေအားလုံး ၂-၁ ဂိုးနဲ့အနိုင်ရရှိခဲ့တာဖြစ်ပြီး ထိုင်းကို ၁၃-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဂိုးသွင်းပြီးတိုင်း လွန်လွန်ကျူးကျူးအောင်ပွဲခံတယ်ဆိုကာ ဝေဖန်ခံခဲ့ရပါတယ်။ နောက်ပြီး အင်္ဂလန်ကို ၂-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ တိုက်စစ်မှူး အဲလက်စ်မော်ဂန် ဂိုးသွင်းအပြီး လက်ဘက်ရည်သောက်တဲ့ပုံစံနဲ့ အောင်ပွဲခံမှုကိုလည်း လက်ဘက်ရည်သောက်သုံးမှုအများဆုံးဖြစ်တဲ့ အင်္ဂလန်က သူတို့ကို လှောင်ပြောင်တာဆိုပြီး စွပ်စွဲတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီပြဿနာတွေထက် ပိုဆိုးတာက တိုက်စစ်မှူးရာပီနိုးနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ရဲ့ပြဿနာပါ။ အမေရိကန်မှာ လူဖြူ လူမည်းပြဿနာဖြစ်နေတာ အတော်ကြာပါပြီ။ အထူးသဖြင့် အမေရိကန်အစိုးရက အာဖရီကန်-အမေရိကန်တွေကို လုံလောက်တဲ့ကာကွယ်မှုမပေးဘူးလို့ ဝေဖန်ခံနေရပြီး အထူးသဖြင့် ၂၀၁၆ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ လက်ရှိသမ္မတ ထရမ့်လက်ထက် အဲဒီဝေဖန်မှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
အဲဒီမှာ အမေရိကန်လူဖြူ ရာပီနိုးက လူမည်းတွေအပေါ် အစိုးရရဲ့လုပ်ပုံကိုင်ပုံကို သဘောမကျလို့ ဆန္ဒပြတဲ့အနေနဲ့ ပွဲမကစားခင် အမေရိကန်နိုင်ငံတော်သီချင်းဆိုရာမှာ လိုက်မဆိုတဲ့အပြင် ဒူးထောက်ဆုတောင်းတဲ့ပုံစံပြုလုပ်ခဲ့ပါတယ်။ ဒါကို အစိုးရက ဘောလုံးအဖွဲ့ချုပ်ကို ဖိအားပေးလို့ နောက်ပိုင်းမှာ ရာပီနိုးက ဒူးထောက်ဆုတောင်းတာမလုပ်တော့ပေမယ့် နိုင်ငံတော်သီချင်းတော့ လိုက်မဆိုပါဘူး။ အမေရိကန်ရဲ့လူကြိုက်များတဲ့အားကစားနည်းတွေဖြစ်တဲ့ ဘေ့စ်ဘော၊ အမေရိကန်ဖွတ်ဘောနဲ့ ဘက်စ်ကတ်ဘောအားကစားပွဲတွေမှာ အဲဒီဖြစ်ရပ်က လူသိများနေတာ ကြာပါပြီ။
ဒါကို ထရမ့်က နိုင်ငံတော်သီချင်းကို နိုင်ငံသားတိုင်းက ဂုဏ်ယူစွာသီဆိုနေချိန်မှာ လိုက်မဆိုခဲ့တဲ့ ရာပီနိုးကို လူမှုမီဒီယာ တွစ်တာကနေ လူသိရှင်ကြားဝေဖန်ခဲ့ပါတယ်။ ရာပီနိုးကလည်း သမ္မတရဲ့ဝေဖန်မှုကို ငြိမ်ခံမနေဘဲ ပြန်လည်တုံ့ပြန်ခဲ့ပြီး အထူးသဖြင့် အမေရိကန်အသင်းချန်ပီယံဖြစ်လို့ သမ္မတရဲ့အိမ်ဖြူတော်ကို လာရောက်လည်ပတ်ဖို့ ဖိတ်ကြားခံရရင် ငြင်းဆန်မယ်လို့ အသံပစ်လိုက်ပါတယ်။ အဲဒီနောက် ထရမ့်က ချန်ပီယံမဖြစ်သေးဘဲ ဒီလိုစကားမျိးမပြောသင့်ကြောင်း ထိုးနှက်ခဲ့ပြီး အခုတော့ ချန်ပီယံဖြစ်ဖြစ်၊ မဖြစ်ဖြစ် အမေရိကန်အသင်းကို အိမ်ဖြူတော်လည်ပတ်ဖို့ ဖိတ်ကြားမယ်လို့ ဆိုခဲ့ပါတယ်။
ဒါတွေက အင်္ဂလန်နဲ့ကစားခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲမတိုင်ခင် ဖြစ်ပွားခဲ့တာဖြစ်ပြီး အရေးကြီးတဲ့ပွဲမှာ ရာပီနိုး ပါဝင်မကစားခဲ့တော့ ပရိသတ်အများစုက သု့ိလောသို့လောဖြစ်သွားပါတယ်။ အထူးသဖြင့် သမ္မတကို ခွန်းတုံ့ပြန်ပြီးနောက် အသင်းကနေ ချန်လှပ်ခံခဲ့ရတာလားဆိုတဲ့မေးခွန်းတွေထွက်ပေါ်လာခဲ့ပေမယ့် ရာပီနိုးကိုယ်တိုင်က ဒဏ်ရာရနေလို့ အင်္ဂလန်နဲ့ပွဲမှာ မပါဝင်နိုင်ခဲ့တာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။ သူဟာ နယ်သာလန်ကို ၂-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ဗိုလ်လုပွဲမှာတော့ ဦးစားပေးကစားသမားအဖြစ် ပြန်လည်ပါဝင်လာပြီး အသင်းအတွက် အရေးပါတဲ့ဦးဆောင်ဂိုးကို ပင်နယ်တီကနေ သွင်းယူနိုင်ခဲ့ပါတယ်။ ဒီသွင်းဂိုးကြောင့်ပဲ သူဟာ ၂၀၁၉ ဖီဖာအမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ရွှေဖိနပ်ဆုရရှိခဲ့ပါတယ်။ အမေရိကန်အမျိုးသားအသင်းက ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို ခြေစစ်ပွဲတောင် မအောင်မြင်ခဲ့ချိန်မှာ အမျိုးသမီးအသင်းကတော့ ကမ္ဘာ့ချန်ပီယံအဖြစ် ထပ်မံမှတ်တမ်းတင်ခံလိုက်ရတာဖြစ်ပါတယ်။