လွ်ပ္စီးလက္သလို လ်င္ျမန္လြန္းတဲ့ေျပးအားနဲ႔ အာဆင္နယ္ရဲ႕ဘရာဇီးသားတုိက္စစ္မႈးသစ္

လက္ရွိအခ်ိန္ထိေတာ့ အာဆင္နယ္အတြက္ သင့္တင့္ေကာင္းမြန္တဲ့ရာသီႀကိဳတစ္ခုျဖစ္ေနဆဲပါပဲ။ မေန႔က အေမရိကန္မွာကစားခဲ့တဲ့ဖီအိုရင္တီးနားနဲ႔ ICC ပြဲစဥ္မွာ ၃ ဂိုးျပတ္နဲ႔အႏိုင္ရခဲ့တာေၾကာင့္ သူတို႔ဟာ ရာသီႀကိဳမွာ ၃ ပြဲကစား၊ ၃ ပြဲစလုံးအႏိုင္ရထားတာပါ။ ဖီအုိရင္တီးနားနဲ႔ ပြဲမတိုင္ခင္ ဘိုင္ယန္ျမဴးနစ္ကို ၂-၁၊ ေကာ္လုိရာဒိုရက္ပစ္ကို ၃-၀ ဂိုးေတြနဲ႔ အႏိုင္ရထားတာပါ။ ဒါ့အျပင္ ဒီေႏြရာသီအေျပာငး္အေရႊ႕မွာ သူတို႔ေခၚယူထားတဲ့ တစ္ဦးတည္းကစားသမားေလးရဲ႕ေျခစြမ္းဟာလည္း စိတ္လႈပ္ရွားစရာေကာင္းေနပါတယ္။

photo-gettyimages

အာဆင္နယ္ဟာ ဒီအေျပာင္းအေရႊ႕မွာ လူမသိသူမသိျဖစ္တဲ့ အသက္ ၁၈ ႏွစ္အရြယ္ ဘရာဇီးသားေလးမာတင္နယ္လီကို ဘရာဇီးကလပ္အစ္တူယာႏိုကေန ေပါင္ ၆ သန္းနဲ႔ ေခၚယူထားတာပါ။ သူဟာ အာဆင္နယ္အတြက္ ပြဲဦးထြက္ျဖစ္တဲ့ ေကာ္လိုရာဒိုနဲ႔ပဲြမွာ ဂိုးသြင္းယူႏိုင္ခဲ့လို႔ အသင္းသစ္နဲ႔ တာထြက္လည္း ေကာင္းထားပါတယ္။ ေနာက္ဆုံးကစားခ့ဲတဲ့ဖီအိုရင္တီးနားနဲ႔႔ပြဲမွာ သူ႕အေနနဲ႔ ဂိုးမသြင္းႏိုင္ခဲ့ေပမယ့္လည္း သူဘာလုပ္ျပႏိုင္တယ္ဆုိတာကိုေတာ့ ျပသႏိုင္ခဲ့ပါတယ္။

photo-givemesprot

ဖီအိုရင္တီးနားနဲ႔ပြဲခ်ိန္ေႏွာင္းပိုင္းမွာ မာတင္နယ္လီဟာ ကိုယ့္ကြင္းဘက္ျခမး္ကေန ေဘာလုံးစတင္ဆြဲယူလာခ့ဲတာပါ။ ဖီအိုရင္တီးနားအတြက္ အႏၱရယ္ရွိႏိုင္တဲ့အေျခအေနမ်ိဳးလုံး၀မဟုတ္ပါဘူး။ ဒါေပမဲ့လည္း မာတင္နယ္လီဟာ ၿပိဳင္ဘက္ေနာက္ခံလူတစ္ေယာက္ရဲ႕ေပါင္ျခားထဲကေန ေဘာလုံးထုတ္ယူသြားၿပီး သူ႔၀န္းက်င္မွာရွိတဲ့ ဖီအုိရင္တီးနားကစားသမား ၅ ေယာက္အတြက္ လုိက္မမီႏိုင္တဲ့ ဆြဲေျပးယူမႈလုပ္ခဲ့ကာ ဂိုးသမားနဲ႔ တစ္ေယာက္ခ်င္းအပိုင္ကန္ခြင့္ရခဲ့ပါတယ္။ ကံဆုိးတာက သူ႔ရဲ႕ကန္သြင္းမႈဟာ ဂိုးတိုင္ေဘးနားက ကပ္ထြက္သြားတာပါ။ အဲဒါသာ ဂိုး၀င္သြင္းခဲ့ရင္ ထူးရွယ္ဂိုးတစ္ဂိုးျဖစ္သြားမွာပါ။ ဒါေပမဲ့ ပရိသတ္ေတြကေတာ့ မာတင္နယ္လီရဲ႕လွ်ပ္စီးလက္သလို လ်င္ျမန္လြန္းတဲ့ေျပးအားကို ပါးစပ္အေဟာင္းသား ျဖစ္သြားၾကပါတယ္။

[Unicode]

လက်ရှိအချိန်ထိတော့ အာဆင်နယ်အတွက် သင့်တင့်ကောင်းမွန်တဲ့ရာသီကြိုတစ်ခုဖြစ်နေဆဲပါပဲ။ မနေ့က အမေရိကန်မှာကစားခဲ့တဲ့ဖီအိုရင်တီးနားနဲ့ ICC ပွဲစဉ်မှာ ၃ ဂိုးပြတ်နဲ့အနိုင်ရခဲ့တာကြောင့် သူတို့ဟာ ရာသီကြိုမှာ ၃ ပွဲကစား၊ ၃ ပွဲစလုံးအနိုင်ရထားတာပါ။ ဖီအိုရင်တီးနားနဲ့ ပွဲမတိုင်ခင် ဘိုင်ယန်မြူးနစ်ကို ၂-၁၊ ကော်လိုရာဒိုရက်ပစ်ကို ၃-၀ ဂိုးတွေနဲ့ အနိုင်ရထားတာပါ။ ဒါ့အပြင် ဒီနွေရာသီအပြောင်းအရွှေ့မှာ သူတို့ခေါ်ယူထားတဲ့ တစ်ဦးတည်းကစားသမားလေးရဲ့ခြေစွမ်းဟာလည်း စိတ်လှုပ်ရှားစရာကောင်းနေပါတယ်။

အာဆင်နယ်ဟာ ဒီအပြောင်းအရွှေ့မှာ လူမသိသူမသိဖြစ်တဲ့ အသက် ၁၈ နှစ်အရွယ် ဘရာဇီးသားလေးမာတင်နယ်လီကို ဘရာဇီးကလပ်အစ်တူယာနိုကနေ ပေါင် ၆ သန်းနဲ့ ခေါ်ယူထားတာပါ။ သူဟာ အာဆင်နယ်အတွက် ပွဲဦးထွက်ဖြစ်တဲ့ ကော်လိုရာဒိုနဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့လို့ အသင်းသစ်နဲ့ တာထွက်လည်း ကောင်းထားပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ဖီအိုရင်တီးနားနဲ့ပွဲမှာ သူ့အနေနဲ့ ဂိုးမသွင်းနိုင်ခဲ့ပေမယ့်လည်း သူဘာလုပ်ပြနိုင်တယ်ဆိုတာကိုတော့ ပြသနိုင်ခဲ့ပါတယ်။

ဖီအိုရင်တီးနားနဲ့ပွဲချိန်နှောင်းပိုင်းမှာ မာတင်နယ်လီဟာ ကိုယ့်ကွင်းဘက်ခြမ်းကနေ ဘောလုံးစတင်ဆွဲယူလာခဲ့တာပါ။ ဖီအိုရင်တီးနားအတွက် အန္တရယ်ရှိနိုင်တဲ့အခြေအနေမျိုးလုံးဝမဟုတ်ပါဘူး။ ဒါပေမဲ့လည်း မာတင်နယ်လီဟာ ပြိုင်ဘက်နောက်ခံလူတစ်ယောက်ရဲ့ပေါင်ခြားထဲကနေ ဘောလုံးထုတ်ယူသွားပြီး သူ့ဝန်းကျင်မှာရှိတဲ့ ဖီအိုရင်တီးနားကစားသမား ၅ ယောက်အတွက် လိုက်မမီနိုင်တဲ့ ဆွဲပြေးယူမှုလုပ်ခဲ့ကာ ဂိုးသမားနဲ့ တစ်ယောက်ချင်းအပိုင်ကန်ခွင့်ရခဲ့ပါတယ်။ ကံဆိုးတာက သူ့ရဲ့ကန်သွင်းမှုဟာ ဂိုးတိုင်ဘေးနားက ကပ်ထွက်သွားတာပါ။ အဲဒါသာ ဂိုးဝင်သွင်းခဲ့ရင် ထူးရှယ်ဂိုးတစ်ဂိုးဖြစ်သွားမှာပါ။ ဒါပေမဲ့ ပရိသတ်တွေကတော့ မာတင်နယ်လီရဲ့လျှပ်စီးလက်သလို လျင်မြန်လွန်းတဲ့ပြေးအားကို ပါးစပ်အဟောင်းသား ဖြစ်သွားကြပါတယ်။