လူစုံထုတ္ခဲ့တဲ့ရီးရဲလ္ကို ၇ဂိုးသြင္းၿပီး ခါးသီးသင္ခန္းစာေပးလုိက္တဲ့ အက္သလက္တီကို

Photo Credit ; AFP / Getty Images

Photo Credit ; AP

အေမရိကန္ႏိုင္ငံ၊ နယူးဂ်ာစီမွာကစားခဲ့တဲ့ ရီးရဲလ္နဲ႔အက္သလက္တီကုိတုိ႔ရဲ႕အင္တာေနရွင္နယ္ခ်န္ပီယံဖလား မက္ဒရစ္ဒါဘီပြဲမွာေတာ့ အက္သလက္တီကိုအသင္းက ရီးရဲလ္ကို ၇-၃ဂိုးနဲ႔အႏိုင္ယူကာ ဇီဒန္းရဲ႕အသင္းကို ခါးသီးတ့ဲသင္ခန္းစာေပးလုိက္ပါတယ္။ အဲဒီပြဲမွာ တုိက္စစ္မွဴးဒီေယဂိုေကာ္စတာတစ္ဦးတည္းက ၄ဂိုးသြင္းယူခဲ့ၿပီး ပထမပိုင္းမွာ ပြဲကအေတာ္ေလးတစ္ဖက္သတ္ဆန္ခဲ့ကာ အက္သလက္တီကိုက ၅ဂုိးျပတ္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

Photo Credit ;Getty Images

အက္သလက္တီကိုအတြက္ ေနာက္ထပ္အားတက္စရာက ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူထားတဲ့ လူငယ္တုိက္စစ္မွဴး ယာအိုဖီးလစ္ ဂိုးသြင္းႏုိင္ခဲ့တာျဖစ္ၿပီး ရီးရဲလ္က ပြဲခ်ိန္၈၅မိနစ္နဲ႔ ၈၉ မိနစ္ေတြမွာ ၂ဂိုးဆက္သြင္းယူႏိုင္ခဲ့လုိ႔သာ ၇-၃ဂိုးနဲ႔အေရးနိမ့္ခဲ့တာျဖစ္ကာ ဒီလုိမွမဟုတ္ရင္ ၇-၁ ဂိုးနဲ႔ ပိုအရွက္ကြဲမွာျဖစ္ပါတယ္။ အက္သလက္တီကိုက ပြဲအစ ၂၇မိနစ္အတြင္းမွာပဲ ၄-၀ဂိုးနဲ႔ဦးေဆာင္ႏိုင္ခဲ့ၿပီး ပြဲအစ ၄၃ စကၠန္႔မွာပဲ ဦးေဆာင္ဂိုးရရွိခဲ့ပါတယ္။

Photo Credit ;Getty Images

ယာအိုဖီးလစ္ အသာေမွ်ာေပးတာကို ေကာ္စတာ ညာေျခနဲ႔ကန္သြင္းတာ လူထိၿပီး ၀င္သြားတာျဖစ္ပါတယ္။ ပြဲခ်ိန္ ၈မိနစ္မွာပဲ အက္သလက္တီကိုအသင္း ဒုတိယေျမာက္ဦးေဆာင္ဂိုးရရွိခဲ့ၿပီး ကြင္းလယ္လူ ဆာအူးလ္ ဂိုးေရွ႕ျဖတ္ပို႔တာကို ဖီးလစ္က ပိတ္သြင္းခဲ့တာျဖစ္ပါတယ္။ ပြဲခ်ိန္ ၁၉မိနစ္မွာ ေကာ္ရီယာက အက္သလက္တီကိုအတြက္ တတိယေျမာက္ဂိုးသြင္းယူႏိုင္ခဲ့ၿပီး ရီးရဲလ္အတြက္ ပိုဆုိးသြားတာက တုိက္စစ္မွဴးသစ္ ယိုဗစ္ အက္သလက္တီကိုဂိုးသမား ေအာ့ဘလက္နဲ႔ထိခုိက္မိခဲ့လုိ႔ ဒဏ္ရာရကာ လူစားလဲလုိက္ရတဲ့အခ်က္ပဲျဖစ္ပါတယ္။

Photo Credit ; AFP / Getty Images

ရီးရဲလ္ရဲ႕ခံစစ္က အေတာ္ေလးဆုိးရြားခဲ့ၿပီး ပြဲခ်ိန္ ၂၇မိနစ္မွာ အသင္းေခါင္းေဆာင္ ရာမို႔စ္ရဲ႕ဆုိးရြားတဲ့လူေပးမႈကေန ဆာအူးလ္ရသြားၿပီး အသာထိုးေပးလုိက္တာကို ေကာ္စတာက ကန္သြင္းယူႏိုင္ခဲ့လုိ႔ အက္သလက္တီကိုအသင္း စတုတၳေျမာက္ဂိုးရရွိခဲ့သလို ပထမပိုင္းၿပီးခါနီးမွာ ေကာ္စတာကပဲ ပင္နယ္တီကေန ပၪၥေျမာက္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။ ရီးရဲလ္ကစားသမားသစ္ ဟာဇက္ဟာ ပထမပိုင္းမွာ ပုံမွန္ေျခစြမ္းရဖို႔ ႐ုန္းကန္ခဲ့ရေပမယ့္ ဒုတိယပိုင္းမွာ ဘယ္ေတာင္ပံကေန ဂိုးေရွ႕ျဖတ္ပို႔လုိက္တာကို လူထိထြက္လာရာကေန နာခ်ိဳနဲ႔ထိကာ ဂုိးထဲ၀င္သြားလုိ႔ ၆ဂိုးေပးလုိက္ရၿပီးေနာက္မွာ ရီးရဲလ္အသင္း ပထမေခ်ပဂိုးသြင္းယူႏိုင္ခ့ဲပါတယ္။

Photo Credit ;Getty Images

အဲဒီေနာက္ ဗီတုိလုိက အက္သလက္တီကိုအတြက္ အဆုံးသတ္ဂိုးသြင္းယူႏိုင္ခဲ့ၿပီး ပြဲၿပီးခါနီးမွာ ဘန္ဇီးမားနဲ႔ ဂ်ာဗီဟာနန္ဒက္ဇ္တို႔က ရီးရဲလ္အတြက္ ဒုတိယနဲ႔ တတိယေျမာက္ေခ်ပဂိုးေတြသြင္းယူႏိုင္ခဲ့ေပမယ့္ ပြဲအၿပီးမွာေတာ့ အက္သလက္တီကိုအသင္းက ၇-၃ ဂိုးနဲ႔အႏိုင္ရရွိသြားခဲ့ပါတယ္။ ရီးရဲလ္ဟာ လူစုံထုတ္ကစားသြားေပမယ့္ ေျခစြမ္းကေတာ့ ေမးခြန္းထုတ္စရာျဖစ္ခဲ့ၿပီး နည္းျပဇီဒန္းလည္း ရာသီသစ္မတုိင္ခင္ အျမန္ဆုံးေျဖရွင္းႏိုင္ဖို႔ လိုအပ္ေနပါတယ္။

Photo Credit ; AP

Unicode

လူစုံထုတ်ခဲ့တဲ့ရီးရဲလ်ကို ၇ဂိုးသွင်းပြီး ခါးသီးသင်ခန်းစာပေးလိုက်တဲ့ အက်သလက်တီကို

အမေရိကန်နိုင်ငံ၊ နယူးဂျာစီမှာကစားခဲ့တဲ့ ရီးရဲလ်နဲ့အက်သလက်တီကိုတို့ရဲ့အင်တာနေရှင်နယ်ချန်ပီယံဖလား မက်ဒရစ်ဒါဘီပွဲမှာတော့ အက်သလက်တီကိုအသင်းက ရီးရဲလ်ကို ၇-၃ဂိုးနဲ့အနိုင်ယူကာ ဇီဒန်းရဲ့အသင်းကို ခါးသီးတဲ့သင်ခန်းစာပေးလိုက်ပါတယ်။ အဲဒီပွဲမှာ တိုက်စစ်မှူးဒီယေဂိုကော်စတာတစ်ဦးတည်းက ၄ဂိုးသွင်းယူခဲ့ပြီး ပထမပိုင်းမှာ ပွဲကအတော်လေးတစ်ဖက်သတ်ဆန်ခဲ့ကာ အက်သလက်တီကိုက ၅ဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပါတယ်။
အက်သလက်တီကိုအတွက် နောက်ထပ်အားတက်စရာက ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ လူငယ်တိုက်စစ်မှူး ယာအိုဖီးလစ် ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပြီး ရီးရဲလ်က ပွဲချိန်၈၅မိနစ်နဲ့ ၈၉ မိနစ်တွေမှာ ၂ဂိုးဆက်သွင်းယူနိုင်ခဲ့လို့သာ ၇-၃ဂိုးနဲ့အရေးနိမ့်ခဲ့တာဖြစ်ကာ ဒီလိုမှမဟုတ်ရင် ၇-၁ ဂိုးနဲ့ ပိုအရှက်ကွဲမှာဖြစ်ပါတယ်။ အက်သလက်တီကိုက ပွဲအစ ၂၇မိနစ်အတွင်းမှာပဲ ၄-ဝဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပြီး ပွဲအစ ၄၃ စက္ကန့်မှာပဲ ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။
ယာအိုဖီးလစ် အသာမျှောပေးတာကို ကော်စတာ ညာခြေနဲ့ကန်သွင်းတာ လူထိပြီး ဝင်သွားတာဖြစ်ပါတယ်။ ပွဲချိန် ၈မိနစ်မှာပဲ အက်သလက်တီကိုအသင်း ဒုတိယမြောက်ဦးဆောင်ဂိုးရရှိခဲ့ပြီး ကွင်းလယ်လူ ဆာအူးလ် ဂိုးရှေ့ဖြတ်ပို့တာကို ဖီးလစ်က ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။ ပွဲချိန် ၁၉မိနစ်မှာ ကော်ရီယာက အက်သလက်တီကိုအတွက် တတိယမြောက်ဂိုးသွင်းယူနိုင်ခဲ့ပြီး ရီးရဲလ်အတွက် ပိုဆိုးသွားတာက တိုက်စစ်မှူးသစ် ယိုဗစ် အက်သလက်တီကိုဂိုးသမား အော့ဘလက်နဲ့ထိခိုက်မိခဲ့လို့ ဒဏ်ရာရကာ လူစားလဲလိုက်ရတဲ့အချက်ပဲဖြစ်ပါတယ်။
ရီးရဲလ်ရဲ့ခံစစ်က အတော်လေးဆိုးရွားခဲ့ပြီး ပွဲချိန် ၂၇မိနစ်မှာ အသင်းခေါင်းဆောင် ရာမို့စ်ရဲ့ဆိုးရွားတဲ့လူပေးမှုကနေ ဆာအူးလ်ရသွားပြီး အသာထိုးပေးလိုက်တာကို ကော်စတာက ကန်သွင်းယူနိုင်ခဲ့လို့ အက်သလက်တီကိုအသင်း စတုတ္ထမြောက်ဂိုးရရှိခဲ့သလို ပထမပိုင်းပြီးခါနီးမှာ ကော်စတာကပဲ ပင်နယ်တီကနေ ပဉ္စမြောက်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ရီးရဲလ်ကစားသမားသစ် ဟာဇက်ဟာ ပထမပိုင်းမှာ ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်ခဲ့ရပေမယ့် ဒုတိယပိုင်းမှာ ဘယ်တောင်ပံကနေ ဂိုးရှေ့ဖြတ်ပို့လိုက်တာကို လူထိထွက်လာရာကနေ နာချိုနဲ့ထိကာ ဂိုးထဲဝင်သွားလို့ ၆ဂိုးပေးလိုက်ရပြီးနောက်မှာ ရီးရဲလ်အသင်း ပထမချေပဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
အဲဒီနောက် ဗီတိုလိုက အက်သလက်တီကိုအတွက် အဆုံးသတ်ဂိုးသွင်းယူနိုင်ခဲ့ပြီး ပွဲပြီးခါနီးမှာ ဘန်ဇီးမားနဲ့ ဂျာဗီဟာနန်ဒက်ဇ်တို့က ရီးရဲလ်အတွက် ဒုတိယနဲ့ တတိယမြောက်ချေပဂိုးတွေသွင်းယူနိုင်ခဲ့ပေမယ့် ပွဲအပြီးမှာတော့ အက်သလက်တီကိုအသင်းက ၇-၃ ဂိုးနဲ့အနိုင်ရရှိသွားခဲ့ပါတယ်။ ရီးရဲလ်ဟာ လူစုံထုတ်ကစားသွားပေမယ့် ခြေစွမ်းကတော့ မေးခွန်းထုတ်စရာဖြစ်ခဲ့ပြီး နည်းပြဇီဒန်းလည်း ရာသီသစ်မတိုင်ခင် အမြန်ဆုံးဖြေရှင်းနိုင်ဖို့ လိုအပ်နေပါတယ်။