လူကာကူကို ဂ်ဴဗီ ေျပာင္းေရႊ႕လာဖို႔ ေထာက္ခံေျပာၾကားလိုက္တဲ့ေရာ္နယ္ဒို

Photo Credit ; Daily Mail

Photo Credit ; Getty Images

ဂ်ဴဗင္တပ္စ္တုိက္စစ္မွဴး ေရာ္နယ္ဒိုက အသင္းေဖာ္တိုက္စစ္မွဴးဒီဘားလားနဲ႔တိုက္႐ိုက္အလဲအထပ္ျပဳလုပ္မယ္လို႔ သတင္းေတြထြက္ေပၚေနတဲ့ ယူႏိုက္တက္ၾကယ္ပြင့္လူကာကူကို တူရင္အေျခစိုက္အသင္းဆီ ေျပာင္းေ႐ႊ႕လာေစလိုေနပါတယ္။ အဆိုပါေပၚတူဂီစတားေရာ္နယ္ဒိုက လူကာကူကို ေၾကာက္႐ြံ႕မႈေတြ ဖယ္ရွားျပီး လာမယ့္ရာသီမွာ ဘယ္လ္ဂ်ီယံသားနဲ႔တြဲဖက္ကစားဖို႔ ေမွ်ာ္လင့္ေနပါတယ္။

Photo Credit ; Getty Images

ဂ်ဴဗင္တပ္စ္အသင္းကလည္း တိုက္စစ္မွဴး လူကာကူဟာ ၄-၃-၃ကစားကြက္နဲ႔အံဝင္ေနတဲ့ ကစားသမားတစ္ဦးျဖစ္တာေၾကာင့္ ဘယ္လ္ဂ်ီယံသားကို အေျပာင္းအေ႐ႊ႕ေစ်းကြက္ရဲ႕အခြင့္အေရး တစ္ခုအျဖစ္ ျမင္ေနပါတယ္။ အဲဒီတိုက္စစ္မွဴးကို အင္တာမီလန္အသင္းကလည္း ေခၚယူဖို႔ကမ္းလွမ္းမႈေတြျပဳလုပ္ေနေပမယ့္ ဂ်ဴဗင္တပ္စ္က ဒီေႏြရာသီအေျပာင္းအေ႐ႊ႕ကာလအတြင္းမွာ ဘယ္လ္ဂ်ီယံသားကို တူရင္ေျမဆီ အရေခၚယူလိုေနတယ္လို႔ သတင္းေတြက်ယ္ျပန္႔စြာ ထြက္ေပၚေနပါတယ္။

Photo Credit ; PA

ဒီဘားလားရဲ႕ေအးဂ်င့္လည္းျဖစ္ သူ႕ရဲ႕အစ္ကိုလည္းျဖစ္တဲ့ မာရီယာႏိုဟာ အဂၤါေန႔ညက ယူႏိုက္တက္ တာဝန္ရွိသူေတြနဲ႔ လန္ဒန္မွာ သြားေရာက္ေဆြးေႏြးခဲ့တယ္လို႔သိရၿပီး အာဂ်င္တုိင္းသားရဲ႕အေျပာင္းအေ႐ႊ႕ကျဖစ္ေျမာက္ဖို႔ နီးစပ္ေနပါၿပီ။ စီးရီးေအခ်န္ပီယံအသင္းကေတာ့ တိုက္စစ္ရဲ႕ အခရာက်တဲ့ ေနရာမွာ အသက္၃၀ေက်ာ္ေတြျဖစ္ၾကတဲ့ မန္ဇူကစ္နဲ႔ဟီဂူအင္တို႔အစား အသက္ ၂၆ ႏွစ္အရြယ္ လူကာကူနဲ႔အစားထိုးကာ အသင္းရဲ႕ အနာဂတ္ ကစားပံု ပံုစံသစ္ ပံုေဖာ္လိုေနပါတယ္။ ဂ်ဴဗီအသင္းတာဝန္ရွိသူေတြက လူကာကူဟာ မန္ဇူကစ္ထက္ငယ္ရြယ္ၿပီး သူ႕ရဲ႕ႀကံ့ခိုင္မႈနဲ႔ စြမ္းေဆာင္ရည္ေတြေၾကာင့္ သြင္းဂိုးေတြရယူႏိုင္မယ္လို႔ ယံုၾကည္ေနၾကပါတယ္။

Photo Credit ; Daily Mail

တူရင္ေျမမွာလည္း အေျပာင္းအေ႐ႊ႕ရာသီ တစ္ေလွ်ာက္လံုး ကစားသမားနဲ႔ နည္းျပအေျပာင္းအလဲေတြေၾကာင့္ အလုပ္မ်ားေနခဲ့ၿပီး အဂၤလန္မွာေတာ့ အေျပာင္းအေ႐ႊ႕ပိတ္သိမ္းဖို႔ ၈ရက္သာလိုေတာ့ေပမယ့္ ဥေရာပမွာေတာ့ ၾသဂုတ္လကုန္အထိ ကစားသမားေတြေခၚယူႏိုင္ေသးတာျဖစ္ပါတယ္။ လက္ရွိမွာ ဂ်ဴဗင္တပ္စ္အသင္းနည္းျပအျဖစ္ အယ္လီဂရီရဲ႕ေနရာမွာ ဆာရီကေျပာင္းလဲကိုင္တြယ္ခဲ့ၿပီး ကြင္းလယ္ေနရာမွာ အာရြန္ရမ္ေဆး၊ အမ္ဒရီယန္ရာဘီေယာ့တို႔က အလြတ္နဲ႔ ေျပာင္းေရႊ႕လာခဲ့ကာ ပီအက္စ္ဂ်ီမွာ တစ္ရာသီကုန္ဆံုးခဲ့တဲ့ဝါရင့္ဂိုးသမားဘူဖြန္လည္း အသင္းနဲ႔ ျပန္လည္ပူးေပါင္းခဲ့ၿပီျဖစ္ပါတယ္။

Photo Credit

ဒါ့အျပင္ ေနာက္တန္းအင္အားေတာင့္တင္းေစဖို႔ ေအဂ်က္စ္လူငယ္ကစားသမား ဒီလစ္ဂ်္ကိုလည္း ယခုလအေစာပိုင္းက ေပါင္ ၆၇.၈ သန္းနဲ႔ ေခၚယူထားခဲ့ပါေသးတယ္။ တိုက္စစ္မွဴး လူကာကူက ၂၀၁၇ ခုႏွစ္က အဲဗာတန္အသင္းကေန ေပါင္ ၇၅ သန္းနဲ႔ ေရာက္ရွိလာခဲ့တာျဖစ္ၿပီး လက္ရွိအခ်ိန္ အိုးထရက္ဖို႔ဒ္မွာ၂ ရာသီ ကစားထားခဲ့ပါတယ္။ ဘယ္လ္ဂ်ီယံသားရဲ႕ပထမရာသီမွာေတာ့ သြင္းဂိုး၂၇ ဂိုး သြင္းယူေပးခဲ့ၿပီး နည္းျပ ဆိုးလ္ရွားကိုင္တြယ္ခဲ့ခ်ိန္မွာေတာ့ လူကာကူတစ္ေယာက္ ပြဲထြက္ခြင့္ေတြ ဆံုး႐ံႈးကာ ရက္ရွ္ဖို႔ဒ္ရဲ႕ေနာက္မွသာ ပြဲထြက္ခြင့္ရခဲ့ကာ ဒုတိယရာသီမွာ ၁၅ ဂိုးသာ သြင္းယူေပးႏိုင္ခဲ့ပါတယ္။

Photo Credit ; Sky Sports

Unicode

လူကာကူကို ဂျူဗီ ပြောင်းရွှေ့လာဖို့ ထောက်ခံပြောကြားလိုက်တဲ့ရော်နယ်ဒို

ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုက အသင်းဖော်တိုက်စစ်မှူးဒီဘားလားနဲ့တိုက်ရိုက်အလဲအထပ်ပြုလုပ်မယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ ယူနိုက်တက်ကြယ်ပွင့်လူကာကူကို တူရင်အခြေစိုက်အသင်းဆီ ပြောင်းရွှေ့လာစေလိုနေပါတယ်။ အဆိုပါပေါ်တူဂီစတားရော်နယ်ဒိုက လူကာကူကို ကြောက်ရွံ့မှုတွေ ဖယ်ရှားပြီး လာမယ့်ရာသီမှာ ဘယ်လ်ဂျီယံသားနဲ့တွဲဖက်ကစားဖို့ မျှော်လင့်နေပါတယ်။
ဂျူဗင်တပ်စ်အသင်းကလည်း တိုက်စစ်မှူး လူကာကူဟာ ၄-၃-၃ကစားကွက်နဲ့အံဝင်နေတဲ့ ကစားသမားတစ်ဦးဖြစ်တာကြောင့် ဘယ်လ်ဂျီယံသားကို အပြောင်းအရွှေ့ဈေးကွက်ရဲ့အခွင့်အရေး တစ်ခုအဖြစ် မြင်နေပါတယ်။ အဲဒီတိုက်စစ်မှူးကို အင်တာမီလန်အသင်းကလည်း ခေါ်ယူဖို့ကမ်းလှမ်းမှုတွေပြုလုပ်နေပေမယ့် ဂျူဗင်တပ်စ်က ဒီနွေရာသီအပြောင်းအရွှေ့ကာလအတွင်းမှာ ဘယ်လ်ဂျီယံသားကို တူရင်မြေဆီ အရခေါ်ယူလိုနေတယ်လို့ သတင်းတွေကျယ်ပြန့်စွာ ထွက်ပေါ်နေပါတယ်။
ဒီဘားလားရဲ့အေးဂျင့်လည်းဖြစ် သူ့ရဲ့အစ်ကိုလည်းဖြစ်တဲ့ မာရီယာနိုဟာ အင်္ဂါနေ့ညက ယူနိုက်တက် တာဝန်ရှိသူတွေနဲ့ လန်ဒန်မှာ သွားရောက်ဆွေးနွေးခဲ့တယ်လို့သိရပြီး အာဂျင်တိုင်းသားရဲ့အပြောင်းအရွှေ့ကဖြစ်မြောက်ဖို့ နီးစပ်နေပါပြီ။ စီးရီးအေချန်ပီယံအသင်းကတော့ တိုက်စစ်ရဲ့ အခရာကျတဲ့ နေရာမှာ အသက်၃၀ကျော်တွေဖြစ်ကြတဲ့ မန်ဇူကစ်နဲ့ဟီဂူအင်တို့အစား အသက် ၂၆ နှစ်အရွယ် လူကာကူနဲ့အစားထိုးကာ အသင်းရဲ့ အနာဂတ် ကစားပုံ ပုံစံသစ် ပုံဖော်လိုနေပါတယ်။ ဂျူဗီအသင်းတာဝန်ရှိသူတွေက လူကာကူဟာ မန်ဇူကစ်ထက်ငယ်ရွယ်ပြီး သူ့ရဲ့ကြံ့ခိုင်မှုနဲ့ စွမ်းဆောင်ရည်တွေကြောင့် သွင်းဂိုးတွေရယူနိုင်မယ်လို့ ယုံကြည်နေကြပါတယ်။
တူရင်မြေမှာလည်း အပြောင်းအရွှေ့ရာသီ တစ်လျှောက်လုံး ကစားသမားနဲ့ နည်းပြအပြောင်းအလဲတွေကြောင့် အလုပ်များနေခဲ့ပြီး အင်္ဂလန်မှာတော့ အပြောင်းအရွှေ့ပိတ်သိမ်းဖို့ ၈ရက်သာလိုတော့ပေမယ့် ဥရောပမှာတော့ သြဂုတ်လကုန်အထိ ကစားသမားတွေခေါ်ယူနိုင်သေးတာဖြစ်ပါတယ်။ လက်ရှိမှာ ဂျူဗင်တပ်စ်အသင်းနည်းပြအဖြစ် အယ်လီဂရီရဲ့နေရာမှာ ဆာရီကပြောင်းလဲကိုင်တွယ်ခဲ့ပြီး ကွင်းလယ်နေရာမှာ အာရွန်ရမ်ဆေး၊ အမ်ဒရီယန်ရာဘီယော့တို့က အလွတ်နဲ့ ပြောင်းရွှေ့လာခဲ့ကာ ပီအက်စ်ဂျီမှာ တစ်ရာသီကုန်ဆုံးခဲ့တဲ့ဝါရင့်ဂိုးသမားဘူဖွန်လည်း အသင်းနဲ့ ပြန်လည်ပူးပေါင်းခဲ့ပြီဖြစ်ပါတယ်။
ဒါ့အပြင် နောက်တန်းအင်အားတောင့်တင်းစေဖို့ အေဂျက်စ်လူငယ်ကစားသမား ဒီလစ်ဂျ်ကိုလည်း ယခုလအစောပိုင်းက ပေါင် ၆၇.၈ သန်းနဲ့ ခေါ်ယူထားခဲ့ပါသေးတယ်။ တိုက်စစ်မှူး လူကာကူက ၂၀၁၇ ခုနှစ်က အဲဗာတန်အသင်းကနေ ပေါင် ၇၅ သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိအချိန် အိုးထရက်ဖို့ဒ်မှာ၂ ရာသီ ကစားထားခဲ့ပါတယ်။ ဘယ်လ်ဂျီယံသားရဲ့ပထမရာသီမှာတော့ သွင်းဂိုး၂၇ ဂိုး သွင်းယူပေးခဲ့ပြီး နည်းပြ ဆိုးလ်ရှားကိုင်တွယ်ခဲ့ချိန်မှာတော့ လူကာကူတစ်ယောက် ပွဲထွက်ခွင့်တွေ ဆုံးရှုံးကာ ရက်ရှ်ဖို့ဒ်ရဲ့နောက်မှသာ ပွဲထွက်ခွင့်ရခဲ့ကာ ဒုတိယရာသီမှာ ၁၅ ဂိုးသာ သွင်းယူပေးနိုင်ခဲ့ပါတယ်။