လုိင္လီေတာင္ပံကစားသမား ပီပီကို ေပါင္ ၇၂သန္းနဲ႔ေခၚယူဖုိ႔ အာဆင္နယ္ သေဘာတူညီမႈရရွိ

Photo Credit ; Getty Images

Photo Credit ; Reuters

စကုိင္းစပို႔တ္သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ အာဆင္နယ္အသင္းဟာ လုိင္လီေတာင္ပံကစားသမား နီကိုလပ္စ္ပီပီကို ေပါင္ ၇၂သန္းနဲ႔ေခၚယူဖုိ႔ သေဘာတူညီမႈရရွိသြားခ့ဲၿပီျဖစ္ေၾကာင္း သိရပါတယ္။ လုိင္လီအသင္းဥကၠ႒ျဖစ္သူက နာပိုလီအသင္းအေနနဲ႔ အသက္ ၂၄ႏွစ္အရြယ္ရွိ အုိင္ဗရီကုိ႔စ္လက္ေရြးစင္ ပီပီကို ေခၚယူဖုိ႔ သေဘာတူညီမႈရရွိခဲ့ၿပီလုိ႔ ၿပီးခဲ့တဲ့ေသာၾကာေန႔က အတည္ျပဳခဲ့ေပမယ့္ အာဆင္နယ္က ပုိမ်ားတဲ့ဘ႑ာေရးဆုိင္ရာအခ်က္ေတြနဲ႔ ကမ္းလွမ္းခဲ့လုိ႔ အသာရခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။

Photo Credit ; Getty Images / AFP

နာပိုလီအသင္းက ပီပီကို တစ္ႏွစ္လုပ္ခ ေပါင္ ၃.၆ သန္းေပးေခ်ဖုိ႔ ကမ္းလွမ္းခဲ့ေပမယ့္ ပီပီက ေပါင္ ၄.၅သန္းအလုိရွိေနၿပီး အာဆင္နယ္က အဲဒီအတုိင္းကမ္းလွမ္းခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္က အဲဒီေျပာင္းေရႊ႕ေၾကးအတုိင္း ပဲေလ့စ္တုိက္စစ္မွဴး ဇာဟာကို ေခၚယူဖို႔ ႀကိဳးစားခဲ့ေပမယ့္ လုိင္လီက ခ်က္ခ်င္းေပးေခ်ရမယ့္ေျပာင္းေရႊ႕ေၾကးပမာဏကို နည္းနည္းပဲ လက္ခံခဲ့သလို က်န္ေငြကိုလည္း အရစ္က်နဲ႔ ေပးေခ်ႏုိင္ခြင့္ရွိလုိ႔ အာဆင္နယ္အတြက္ ဘ႑ာေရးဆုိင္ရာအရ ပိုအဆင္ေျပတယ္လုိ႔ သိရပါတယ္။

Photo Credit ; Getty Images / AFP

ဒီအတြက္ေၾကာင့္ ပီပီရဲ႕အေျပာင္းအေရႊ႕က အာဆင္နယ္အသင္းရဲ႕စံခ်ိန္တင္ေခၚယူမႈျဖစ္လာမွာျဖစ္ၿပီး လက္ရွိအခ်ိန္အထိေတာ့ ၂၀၁၈ ဇန္န၀ါရီလအတြင္း ေဒါ့မြန္တိုက္စစ္မွဴး အူဘာမီယန္ကို ေပါင္သန္း ၆၀ နဲ႔ ေခၚယူခဲ့တာျဖစ္ပါတယ္။ ဘီဘီစီသတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ ပီပီဟာ အာဆင္နယ္အသင္းနဲ႔ ၅ႏွစ္စခ်ဳပ္ခ်ဳပ္မွာျဖစ္ေၾကာင္း သိရၿပီး ယခုေႏြရာသီအတြင္း အသုံးစရိတ္ ေပါင္သန္း ၄၀ပဲရွိတ့ဲအာဆင္နယ္ဟာ ပီပီအတြက္ ေျပာင္းေရႊ႕ေၾကးကို အရစ္က်ေပးေခ်မွာျဖစ္ပါတယ္။

Photo Credit ; Reuters

အာဆင္နယ္ဟာ စိန္႔အက္တီယန္ေနာက္ခံလူ ဆာလီဘာကို ေပါင္ ၂၇သန္းနဲ႔ ေခၚယူထားၿပီးျဖစ္ကာ အဆုိပါေနာက္ခံလူက စိန္႔အက္တီယန္အသင္းမွာ တစ္ရာသီၾကာအငွားနဲ႔ ျပန္ကစားရမွာျဖစ္ပါတယ္။ အာဆင္နယ္ဟာ အေစာပိုင္းတုန္းကလည္း အသက္ ၁၈ႏွစ္အရြယ္ရွိ ေတာင္ပံကစားသမား မာတင္နယ္လီကို ေပါင္ ၆သန္းနဲ႔ေခၚယူခဲ့သလို ရီးရဲလ္မက္ဒရစ္ကြင္းလယ္လူ ဆီဘယ္ေလာ့စ္ကိုလည္း တစ္ရာသီအငွားနဲ႔ ေခၚယူထားပါတယ္။

Photo Credit ; Sky Sports

ပီပီဟာ အာဆင္နယ္အသင္းရဲ႕ ယခုေႏြရာသီအတြင္း ေခၚယူတဲ့ စတုတၳေျမာက္ကစားသမားျဖစ္လာမွာျဖစ္ၿပီး သူ႕ကိုေခၚယူေတာ့မွာျဖစ္လုိ႔ အုိင္ဗရီကို႔စ္လက္ေရြးစင္ ဇာဟာကို ေခၚယူေရးႀကိဳးစားမႈလည္း အဆုံးသတ္ဖြယ္ရွိေနပါတယ္။ ပီပီဟာ ၿပီးခဲ့တဲ့ရာသီက လုိင္လီအသင္း ခ်န္ပီယံလိဂ္၀င္ခြင့္ရရွိေစေရးအတြက္ အဓိကေနရာမွ ေျခစြမ္းျပႏိုင္ခဲ့ၿပီး ၃၂ပြဲမွာ ၁၉ဂိုးသြင္းယူကာ ဂိုးဖန္တီးမႈ ၁၁ႀကိမ္ဖန္တီးေပးႏို္င္ခဲ့ၿပီးေနာက္ အသင္းႀကီးေတြရဲ႕ပစ္မွတ္ျဖစ္လာခဲ့တာပါ။

Photo Credit ; Reuters

Unicode

လိုင်လီတောင်ပံကစားသမား ပီပီကို ပေါင် ၇၂သန်းနဲ့ခေါ်ယူဖို့ အာဆင်နယ် သဘောတူညီမှုရရှိ

စကိုင်းစပို့တ်သတင်းဌာနရဲ့ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ လိုင်လီတောင်ပံကစားသမား နီကိုလပ်စ်ပီပီကို ပေါင် ၇၂သန်းနဲ့ခေါ်ယူဖို့ သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ လိုင်လီအသင်းဥက္ကဋ္ဌဖြစ်သူက နာပိုလီအသင်းအနေနဲ့ အသက် ၂၄နှစ်အရွယ်ရှိ အိုင်ဗရီကို့စ်လက်ရွေးစင် ပီပီကို ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့ ပြီးခဲ့တဲ့သောကြာနေ့က အတည်ပြုခဲ့ပေမယ့် အာဆင်နယ်က ပိုများတဲ့ဘဏ္ဍာရေးဆိုင်ရာအချက်တွေနဲ့ ကမ်းလှမ်းခဲ့လို့ အသာရခဲ့တာဖြစ်ကြောင်း သိရပါတယ်။
နာပိုလီအသင်းက ပီပီကို တစ်နှစ်လုပ်ခ ပေါင် ၃.၆ သန်းပေးချေဖို့ ကမ်းလှမ်းခဲ့ပေမယ့် ပီပီက ပေါင် ၄.၅သန်းအလိုရှိနေပြီး အာဆင်နယ်က အဲဒီအတိုင်းကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်က အဲဒီပြောင်းရွှေ့ကြေးအတိုင်း ပဲလေ့စ်တိုက်စစ်မှူး ဇာဟာကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် လိုင်လီက ချက်ချင်းပေးချေရမယ့်ပြောင်းရွှေ့ကြေးပမာဏကို နည်းနည်းပဲ လက်ခံခဲ့သလို ကျန်ငွေကိုလည်း အရစ်ကျနဲ့ ပေးချေနိုင်ခွင့်ရှိလို့ အာဆင်နယ်အတွက် ဘဏ္ဍာရေးဆိုင်ရာအရ ပိုအဆင်ပြေတယ်လို့ သိရပါတယ်။
ဒီအတွက်ကြောင့် ပီပီရဲ့အပြောင်းအရွှေ့က အာဆင်နယ်အသင်းရဲ့စံချိန်တင်ခေါ်ယူမှုဖြစ်လာမှာဖြစ်ပြီး လက်ရှိအချိန်အထိတော့ ၂၀၁၈ ဇန်နဝါရီလအတွင်း ဒေါ့မွန်တိုက်စစ်မှူး အူဘာမီယန်ကို ပေါင်သန်း ၆၀ နဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဘီဘီစီသတင်းဌာနရဲ့ဖော်ပြချက်အရ ပီပီဟာ အာဆင်နယ်အသင်းနဲ့ ၅နှစ်စချုပ်ချုပ်မှာဖြစ်ကြောင်း သိရပြီး ယခုနွေရာသီအတွင်း အသုံးစရိတ် ပေါင်သန်း ၄၀ပဲရှိတဲ့အာဆင်နယ်ဟာ ပီပီအတွက် ပြောင်းရွှေ့ကြေးကို အရစ်ကျပေးချေမှာဖြစ်ပါတယ်။
အာဆင်နယ်ဟာ စိန့်အက်တီယန်နောက်ခံလူ ဆာလီဘာကို ပေါင် ၂၇သန်းနဲ့ ခေါ်ယူထားပြီးဖြစ်ကာ အဆိုပါနောက်ခံလူက စိန့်အက်တီယန်အသင်းမှာ တစ်ရာသီကြာအငှားနဲ့ ပြန်ကစားရမှာဖြစ်ပါတယ်။ အာဆင်နယ်ဟာ အစောပိုင်းတုန်းကလည်း အသက် ၁၈နှစ်အရွယ်ရှိ တောင်ပံကစားသမား မာတင်နယ်လီကို ပေါင် ၆သန်းနဲ့ခေါ်ယူခဲ့သလို ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ ဆီဘယ်လော့စ်ကိုလည်း တစ်ရာသီအငှားနဲ့ ခေါ်ယူထားပါတယ်။
ပီပီဟာ အာဆင်နယ်အသင်းရဲ့ ယခုနွေရာသီအတွင်း ခေါ်ယူတဲ့ စတုတ္ထမြောက်ကစားသမားဖြစ်လာမှာဖြစ်ပြီး သူ့ကိုခေါ်ယူတော့မှာဖြစ်လို့ အိုင်ဗရီကို့စ်လက်ရွေးစင် ဇာဟာကို ခေါ်ယူရေးကြိုးစားမှုလည်း အဆုံးသတ်ဖွယ်ရှိနေပါတယ်။ ပီပီဟာ ပြီးခဲ့တဲ့ရာသီက လိုင်လီအသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရရှိစေရေးအတွက် အဓိကနေရာမှ ခြေစွမ်းပြနိုင်ခဲ့ပြီး ၃၂ပွဲမှာ ၁၉ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၁ကြိမ်ဖန်တီးပေးနိုင်ခဲ့ပြီးနောက် အသင်းကြီးတွေရဲ့ပစ်မှတ်ဖြစ်လာခဲ့တာပါ။