လီဗာပူးနဲ့သက်တမ်းတိုးဖို့ ဘာကြောင့်အလောမကြီးတာလဲဆိုတာ ရှင်းပြလိုက်တဲ့ကလော့ပ်

ပြီးခဲ့တဲ့2018-2019 ရာသီက ချန်ပီယံလိဂ်မှာ ဗိုလ်စွဲစေပြီး ပရီးမီးယားလိဂ်မှာလည်း ချန်ပီယံဖြစ်လုနီးပါးဖြစ်အောာင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီးနောက် နည်းပြဂျာဂင်ကလောပ်ဟာ လီဗာပူးပရိသတ်တွေကြားမှာရော အသင်းတာဝန်ရှိသူတွေကြားမှာပါ ပိုပြီးတော့တောင် ပေါ်ပြူလာဖြစ်လာပါတယ်။ သူဟာ လီဗာပူးကို ပရီးမီးယားလိဂ်သမိုင်းမှာ အမြင့်ဆုံးရမှတ်အောင် လုပ်ပေးနိုင်ခဲ့ပြီး တစ်မှတ်တည်းနဲ့သာ ချန်ပီယံပြေးလမ်းမှာ မန်စီးတီးကို အရှုံးပေးခဲ့ရတာပါ။ ဒီလိုအချိန်မှာ လီဗာပူးဘက်က သူ့ကို စာချုပ်သက်တမ်းတိုးဖို့ စီစဉ်လာပေမယ့် ကလော့ပ်ကတော့ သက်တမ်းရှိနေသေးတဲ့ နောက် ၃ နှစ်ထိတိုင်အောင် အသင်းမှာ ဆက်ရှိမယ်လို့ အာမခံခဲ့ပြီး စာချုပ်သစ်ကိစ္စ မစဉ်းစားသေးကြောင်း ပြောပါတယ်။

”စာချုပ်သက်တမ်းမကုန်ခင် ကျွန်တော်ထွက်သွားမှာ မဟုတ်ပါဘူး။ ကျွန်တော်ဘက်က အာမခံနိုင်တာ အဲဒါပါပဲ။ ထပ်တိုးမယ့်ကိစ္စဆုံးဖြတ်ဖို့ကတော့ အချိန်အလုံအလောက်ရှိနေပါတယ်။ အခုချိန်မှာ လုပ်ဖို့ မလိုအပ်ပါဘူး။ ၃ နှစ်ကျန်သေးတာဆိုတော့ တကယ်ကိုအနည်းငယ်စောနေတာပါ”လို့ ကလော့ပ်က ပြောခဲ့တာပါ။

ဒါပေမဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ၂၀၂၂ နောက်ပိုင်း လီဗာပူုးမှာ ဆက်ရှိဖို့ဆိုတာကိုတော့ ငြင်းဆန်ခဲ့ပါတယ်။ ”ကျွန်တော် ဒီမှာ ရှိနေသေးတာပဲဆိုပြီး လူတွေက စိတ်ပျက်လာမယ့် အခြေအနေမျိုး ကျွန်တော် မရောက်ချင်ပါဘူး။ ဒါ အမှန်ပါပဲ။  ဘောလုံးမှာ အခြေအနေရှိပါတယ်။ အဲဒါကလည်း နှစ်ဖက်စလုံး အမြဲတမ်း win-win ဖြစ်နေရမှာပါ။ လောလောဆယ်တော့ အဲဒါက ရာနှုန်းပြည့်ပါပဲ။ ဘယ်လောက်ကြာကြာရှိနေမလဲဆိုတာ ကျွန်တော်တို့ကြည့်ကြတာပေါ့”လို့ ကလော့ပ်က ဆက်လက်ပြောကြားခဲ့ပါတယ်။

zawgyi

လီဗာပူးနဲ႔သက္တမ္းတိုးဖို႔ ဘာေၾကာင့္အေလာမႀကီးတာလဲဆိုတာ ရွင္းျပလိုက္တဲ့ကေလာ့ပ္

ၿပီးခဲ့တဲ့2018-2019ရာသီက ခ်န္ပီယံလိဂ္မွာ ဗိုလ္စြဲေစၿပီး ပရီးမီးယားလိဂ္မွာလည္း ခ်န္ပီယံျဖစ္လုနီးပါးျဖစ္ေအာာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ၿပီးေနာက္ နညး္ျပဂ်ာဂင္ကေလာပ္ဟာ လီဗာပူးပရိသတ္ေတြၾကားမွာေရာ အသင္းတာ၀န္ရွိသူေတြၾကားမွာပါ ပိုၿပီးေတာ့ေတာင္ ေပၚျပဴလာျဖစ္လာပါတယ္။ သူဟာ လီဗာပူးကို ပရီးမီးယားလိဂ္သမိုင္းမွာ အျမင့္ဆုံးရမွတ္ေအာင္ လုပ္ေပးႏိုင္ခဲ့ၿပီး တစ္မွတ္တည္းနဲ႔သာ ခ်န္ပီယံေျပးလမ္းမွာ မန္စီးတီးကို အရႈံးေပးခဲ့ရတာပါ။ ဒီလုိအခ်ိန္မွာ လီဗာပူးဘက္က သူ႔ကို စာခ်ဳပ္သက္တမ္းတိုးဖို႔ စီစဥ္လာေပမယ့္ ကေလာ့ပ္ကေတာ့ သက္တမ္းရွိေနေသးတဲ့ ေနာက္ ၃ ႏွစ္ထိတိုင္ေအာင္ အသင္းမွာ ဆက္ရွိမယ္လုိ႔ အာမခံခဲ့ၿပီး စာခ်ဳပ္သစ္ကိစၥ မစဥ္းစားေသးေၾကာင္း ေျပာပါတယ္။

”စာခ်ဳပ္သက္တမ္းမကုန္ခင္ ကၽြန္ေတာ္ထြက္သြားမွာ မဟုတ္ပါဘူး။ ကၽြန္ေတာ္ဘက္က အာမခံႏိုင္တာ အဲဒါပါပဲ။ ထပ္တိုးမယ့္ကိစၥဆုံးျဖတ္ဖို႔ကေတာ့ အခ်ိန္အလုံအေလာက္ရွိေနပါတယ္။ အခုခ်ိန္မွာ လုပ္ဖို႔ မလုိအပ္ပါဘူး။ ၃ ႏွစ္က်န္ေသးတာဆုိေတာ့ တကယ္ကိုအနည္းငယ္ေစာေနတာပါ”လို႔ ကေလာ့ပ္က ေျပာခဲ့တာပါ။

ဒါေပမဲ့ စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ ၂၀၂၂ ေနာက္ပိုင္း လီဗာပူုးမွာ ဆက္ရွိဖုိ႔ဆုိတာကုိေတာ့ ျငင္းဆန္ခဲ့ပါတယ္။ ”ကၽြန္ေတာ္ ဒီမွာ ရွိေနေသးတာပဲဆုိၿပီး လူေတြက စိတ္ပ်က္လာမယ့္ အေျခအေနမ်ိဳး ကၽြန္ေတာ္ မေရာက္ခ်င္ပါဘူး။ ဒါ အမွန္ပါပဲ။  ေဘာလုံးမွာ အေျခအေနရွိပါတယ္။ အဲဒါကလည္း ႏွစ္ဖက္စလုံး အၿမဲတမ္း win-win ျဖစ္ေနရမွာပါ။ ေလာေလာဆယ္ေတာ့ အဲဒါက ရာႏႈန္းျပည့္ပါပဲ။ ဘယ္ေလာက္ၾကာၾကာရွိေနမလဲဆိုတာ ကၽြန္ေတာ္တို႔ၾကည့္ၾကတာေပါ့”လို႔ ကေလာ့ပ္က ဆက္လက္ေျပာၾကားခဲ့ပါတယ္။