လီဗာပူးနဲ့ပွဲမှာ သူဘာလုပ်နိုင်လဲဆိုတာပြသသွားခဲ့တဲ့ မန်ယူပစ်မှတ် ဖာနန်ဒက်စ်
Photo Credit: Daily Mail
Photo Credit: Getty Images
Photo Credit: Getty Images
အဲဒီပွဲစဉ်မှာ ဖာနန်ဒက်စ်ဟာ စပို့တင်းကွင်းလယ်မှာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပြီး သွင်းယူခဲ့တဲ့ ၂ ဂိုးစလုံးကလည်း သူ့ကြောင့်ပဲရရှိခဲ့တာပါ။ ပွဲချိန် ၄ မိနစ်မှာပဲ ဂိုးဧရိယာနဲ့ခပ်လှမ်းလှမ်းကနေ ဖာနန်ဒက်စ်အပြင်းကန်သွင်းလိုက်တာကို လီဗာပူးဂိုးသမားမစ်ဂ်နိုလက် ဖမ်းယူပုံမသပ်ရပ်တာကြောင့် သူ့လက်ထဲကချော်ထွက်ကာ ဂိုးထဲဝင်သွားခဲ့ပြီး စပို့တင်းဦးဆောင်ဂိုးရရှိခဲ့သလို ပွဲချိန် ၅၃ မိနစ်မှာ ၀င်ဒဲလ်သွင်းယူခဲ့တဲ့ ၂-၂ ဖြစ်စေမယ့်ချေပဂိုးကိုလည်း ဖာနန်ဒက်စ်ပဲ ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။
Photo Credit: Getty Images
(Unicode)
လီဗာပူးနဲ့ပွဲမှာ သူဘာလုပ်နိုင်လဲဲဆိုတာပြသသွားခဲ့တဲ့ မန်ယူပစ်မှတ် ဖာနန်ဒက်စ်
လီဗာပူးနဲ့ စပို့တင်းတို့ ၂-၂ သရေကျခဲ့တဲ့ နယူးယောက်မြို့ကခြေစမ်းပွဲမှာ ကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်ဟာ အကောင်းဆုံးခြေစွမ်းပြသသွားနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ထိပ်တန်းကလပ်တစ်ခုကို သူဘယ်လောက်အထိဒုက္ခပေးနိုင်သလဲဆိုတာ ပေါ်လွင်စေခဲ့တာကြောင့် ချီးကျူးဂုဏ်ပြုမှုတွေခံယူနေရပါတယ်။
အသက် ၂၄ နှစ်အရွယ် ဘရူနိုဖာနန်ဒက်စ်ဟာ မန်ယူအသင်းကို ပြောင်းရွှေ့ကြေးပေါင်သန်း ၇၀ နဲ့ရောက်ရှိတော့မယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် အတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူး။ လီဗာပူးဟာ မန်ယူနဲ့ဆိုရင် ခါးသီးပြိုင်ဘက်တွေဖြစ်တာကြောင့် အမေရိကန်မြေက ခြေစမ်းပွဲစဉ်မှာ ဖာနန်ဒက်စ်ရဲ့ခြေစွမ်းက ဘယ်လောက်အထိရှိမလဲဆိုတာကို ဗြိတိန်မီဒီယာတွေကလည်းစောင့်ကြည့်ခဲ့ကြတာပါ။
အဲဒီပွဲစဉ်မှာ ဖာနန်ဒက်စ်ဟာ စပို့တင်းကွင်းလယ်မှာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲဲ့ပြီး သွင်းယူခဲ့တဲ့ ၂ ဂိုးစလုံးကလည်း သူ့ကြောင့်ပဲရရှိခဲ့တာပါ။ ပွဲချိန် ၄ မိနစ်မှာပဲ ဂိုးဧရိယာနဲ့ခပ်လှမ်းလှမ်းကနေ ဖာနန်ဒက်စ်အပြင်းကန်သွင်းလိုက်တာကို လီဗာပူးဂိုးသမားမစ်ဂ်နိုလက် ဖမ်းယူပုံမသပ်ရပ်တာကြောင့် သူ့လက်ထဲကချော်ထွက်ကာ ဂိုးထဲဝင်သွားခဲ့ပြီး စပို့တင်းဦးဆောင်ဂိုးရရှိိခဲ့သလို ပွဲချိန် ၅၃ မိနစ်မှာ ဝင်ဒဲလ်သွင်းယူခဲ့တဲ့ ၂-၂ ဖြစ်စေမယ့်ချေပဂိုးကိုလည်း ဖာနန်ဒက်စ်ပဲ ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။
အဲဒီပွဲစဉ်က ဖာနန်ဒက်စ်ရဲ့ခြေစွမ်းကြောင့် မန်ယူအသင်းသာ အမှန်တကယ်ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်မှာ များစွာအကျိုးပြုနိုင်မယ့်သူအဖြစ် တင်စားနေကြပါတယ်။ ဒါ့အပြင် ဖာနန်ဒက်စ်ရဲ့ခြေစွမ်းကိုကြည့်ပြီး ဒီနွေရာသီမှာ စျေးကွက်အတွင်းလှုပ်ရှားမရှိဘဲ ငြိမ်သက်နေတဲ့ လီဗာပူးအသင်းအနေနဲဲ့ မန်ယူနဲ့အပြိုင်ခေါ်ယူနိုင်ဖို့ မဖြစ်မနေကြိုးပမ်းသင့်တယ်လို့ အသင်းပရိသတ်တွေက twitter ကနေတစ်ဆင့် တိုက်တွန်းမှုတွေပြုလုပ်နေကြပြီဖြစ်ပါတယ်။