လိဒ္နဲ႔ပြဲမွ လူငယ္ေတြရဲ႕ကစားအားကို ယူႏုိက္က္ပရိသတ္ေတြ အားရေက်နပ္ေန

Photo Credit

Photo Credit ; AAPIMAGE

ယူႏိုက္တက္ပရိသတ္ေတြဟာ ရာသီႀကိဳေျခစမ္းပြဲစဥ္အျဖစ္ ခ်န္ပီယံရွစ္ကလပ္ လိဒ္ယူႏုိက္တက္အသင္းကို ၄-၀ ဂိုးနဲ႔အႏိုင္ရရွိခဲ့ပြဲမွာ ေျခစြမ္းျပႏိုင္ခဲ့လုိ႔ အားရေက်နပ္လ်က္ရွိၿပီး အထူးသျဖင့္ လူငယ္ေတြ ပိုမိုေျခစြမ္းျပေနတာကို သေဘာက်ေနေၾကာင္း သိရပါတယ္။ နည္းျပဆုိးလ္ရွားဟာ ဒီပြဲမွာလည္း အသင္းကို ပထမပိုင္းနဲ႔ဒုတိယပိုင္း ၂သင္းစာထုတ္သုံးသြားခဲ့ၿပီး ေနာက္ထပ္ေအာင္ျမင္မႈအျဖစ္ ၄-၀ ဂိုးနဲ႔အလြယ္တကူဂိုးျပတ္အႏိုင္ရရွိခဲ့ပါတယ္။ ယူႏုိက္တက္ဟာ ပထမပိုင္းနဲ႔ဒုတိယပိုင္းမွာ ၂ဂိုးစီသြင္းယူႏုိင္ခဲ့တာျဖစ္ၿပီး ဂရင္း၀ုဒ္၊ ရက္ရွ္ဖုိ႔ဒ္၊ ဖီးလ္ဂ်ံဳးစ္နဲ႔ မာရွယ္တုိ႔က ဂိုးေတြအသီးသီးသြင္းယူႏိုင္ခဲ့ပါတယ္။

Photo Credit ; Gary Day / Frozen in Motion/REX

ရာသီႀကိဳေျခစမ္းပြဲေတြမွာ ပရိသတ္ေတြ ပိုမိုသတိျပဳမိတာက လူငယ္ေလးေတြရဲ႕စြမ္းေဆာင္ရည္ျဖစ္ၿပီး တာဟစ္ေခ်ာင္နဲ႔ အိန္ဂ်ယ္ဂိုမက္စ္တုိ႔က လူေျပာအမ်ားဆုံးလူငယ္ကစားသမားေတြျဖစ္လာပါတယ္။ ဆိုးလ္ရွားကလည္း မိမိအေနနဲ႔ အကယ္ဒမီကေန လူငယ္ေလးေတြအမ်ားအျပားထြက္ေပၚလာတာကုိ အားရေက်နပ္မႈရွိေၾကာင္း အခုိင္အမာေျပာၾကားခဲ့သလို အခုေျခစမ္းပြဲမွာလည္း လူငယ္ေတြ ထင္ထားတာထက္ပိုမိုေျခစြမ္းျပႏိုင္လုိ႔ အားရေက်နပ္မႈရွိေနမွာေသခ်ာပါတယ္။

Photo Credit ; Getty Images

ဆုိးလ္ရွားက လူငယ္ေတြရဲ႕ႀကိဳးစားအားထုတ္မႈကို အသိအမွတ္ျပဳခ်ီးက်ဴးထားၿပီး ရာသီႀကိဳေျခစမ္းပြဲေတြအၿပီး ရာသီသစ္စတင္ရင္ လူငယ္ေတြ အခြင့္အေရးရမလားဆိုတာကလည္း စိတ္၀င္စားစရာေကာင္းေနပါတယ္။ ခ်န္ပီယံရွစ္ကလပ္အသင္းတစ္သင္းကို ရာသီႀကိဳေျခစမ္းပြဲမွာ အႏိုင္ရရွိတာက အဆုံးအျဖတ္ေပးႏုိင္မယ့္အခ်က္မဟုတ္တာေသခ်ာေပမယ့္ လူငယ္ေလးေတြရဲ႕စြမ္းေဆာင္ရည္ကိုေတာ့ အသိအမွတ္ျပဳရမွာျဖစ္ၿပီး ဆုိးလ္ရွားကိုယ္တိုင္ကလည္း ရာသီသစ္မွာ လူငယ္ေတြကို ပိုမိုဦးစားေပးထုတ္သုံးသြားမယ္လုိ႔ ဆိုထားပါတယ္။

Photo Credit ; AAPIMAGE

ပရိသတ္ေတြကလည္း လူမႈမီဒီယာမွာ လူငယ္ေတြရဲ႕ေျခစြမ္းကို အသီးသီးခ်ီးက်ဴးလ်က္ရွိပါတယ္။ ”ေခ်ာင္၊ ဂိုမက္စ္နဲ႔ ပါရဲရားတုိ႔က ဒုတိယပိုင္း၊ ဂရင္း၀ုဒ္၊ ရက္ရွ္ဖို႔ဒ္နဲ႔ ေပါ့ဂ္ဘာတုိ႔က ပထမပိုင္းမွာ အေကာင္းဆုံးကစားႏိုင္ခဲ့ပါတယ္။ အကုန္လုံးတကယ္ပဲကစားပုံေကာင္းမြန္ခဲ့ၿပီး တာဟစ္ေခ်ာင္ဆုိရင္ ပင္နယ္တီရရွိေစတဲ့အထိ ေျခစြမ္းျပႏိုင္ခဲ့ပါတယ္”လုိ႔ ပရိသတ္တစ္ဦးက ေရးသားခဲ့သလုိ ေနာက္တစ္ဦးကလည္း ”လိဒ္နဲ႔ပြဲမွာ ယူႏိုက္တက္အတြက္ အေပါင္းလကၡဏာေဆာင္တဲ့အရာေတြက အမ်ားႀကီးပါပဲ။ ေပါ့ဂ္ဘာ၊ ရက္ရွ္ဖို႔ဒ္၊ ဂ်ိမ္းစ္၊ ဂရင္း၀ုဒ္၊ ဂိုမက္စ္နဲ႔ ေခ်ာင္။ သြင္းဂိုးက ၄ဂိုး၊ ႐ိုမဲ႐ိုးရဲ႕ေသသပ္တဲ့ကာကြယ္မႈ ၁ႀကိမ္။ စင္ကာပူကို ေရွ႕ခရီးဆက္ၾကစို႔”လုိ႔ ေရးသားခဲ့ပါတယ္။ ”ရာသီႀကိဳေျခစမ္းပြဲခရီးစဥ္မွာ ယူႏုိက္တက္အသင္း သြင္းယူထားတဲ့ ၆ဂိုးစလုံးမွာ အကယ္ဒမီထြက္ကစားသမားေတြနဲ႔ကင္းတဲ့ဂိုးဆိုလုိ႔တစ္ဂိုးမပါပါဘူး။ လူငယ္စနစ္ကေတာ့ ရွင္သန္ေနပါတယ္”လုိ႔ ပရိသတ္တစ္ဦးကလည္း ေရးသားခဲ့ပါတယ္။

Photo Credit ; Getty Images

Unicode

လိဒ်နဲ့ပွဲမှ လူငယ်တွေရဲ့ကစားအားကို ယူနိုက်က်ပရိသတ်တွေ အားရကျေနပ်နေ

ယူနိုက်တက်ပရိသတ်တွေဟာ ရာသီကြိုခြေစမ်းပွဲစဉ်အဖြစ် ချန်ပီယံရှစ်ကလပ် လိဒ်ယူနိုက်တက်အသင်းကို ၄-၀ ဂိုးနဲ့အနိုင်ရရှိခဲ့ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့လို့ အားရကျေနပ်လျက်ရှိပြီး အထူးသဖြင့် လူငယ်တွေ ပိုမိုခြေစွမ်းပြနေတာကို သဘောကျနေကြောင်း သိရပါတယ်။ နည်းပြဆိုးလ်ရှားဟာ ဒီပွဲမှာလည်း အသင်းကို ပထမပိုင်းနဲ့ဒုတိယပိုင်း ၂သင်းစာထုတ်သုံးသွားခဲ့ပြီး နောက်ထပ်အောင်မြင်မှုအဖြစ် ၄-၀ ဂိုးနဲ့အလွယ်တကူဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ ယူနိုက်တက်ဟာ ပထမပိုင်းနဲ့ဒုတိယပိုင်းမှာ ၂ဂိုးစီသွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဂရင်းဝုဒ်၊ ရက်ရှ်ဖို့ဒ်၊ ဖီးလ်ဂျုံးစ်နဲ့ မာရှယ်တို့က ဂိုးတွေအသီးသီးသွင်းယူနိုင်ခဲ့ပါတယ်။
ရာသီကြိုခြေစမ်းပွဲတွေမှာ ပရိသတ်တွေ ပိုမိုသတိပြုမိတာက လူငယ်လေးတွေရဲ့စွမ်းဆောင်ရည်ဖြစ်ပြီး တာဟစ်ချောင်နဲ့ အိန်ဂျယ်ဂိုမက်စ်တို့က လူပြောအများဆုံးလူငယ်ကစားသမားတွေဖြစ်လာပါတယ်။ ဆိုးလ်ရှားကလည်း မိမိအနေနဲ့ အကယ်ဒမီကနေ လူငယ်လေးတွေအများအပြားထွက်ပေါ်လာတာကို အားရကျေနပ်မှုရှိကြောင်း အခိုင်အမာပြောကြားခဲ့သလို အခုခြေစမ်းပွဲမှာလည်း လူငယ်တွေ ထင်ထားတာထက်ပိုမိုခြေစွမ်းပြနိုင်လို့ အားရကျေနပ်မှုရှိနေမှာသေချာပါတယ်။
ဆိုးလ်ရှားက လူငယ်တွေရဲ့ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုချီးကျူးထားပြီး ရာသီကြိုခြေစမ်းပွဲတွေအပြီး ရာသီသစ်စတင်ရင် လူငယ်တွေ အခွင့်အရေးရမလားဆိုတာကလည်း စိတ်ဝင်စားစရာကောင်းနေပါတယ်။ ချန်ပီယံရှစ်ကလပ်အသင်းတစ်သင်းကို ရာသီကြိုခြေစမ်းပွဲမှာ အနိုင်ရရှိတာက အဆုံးအဖြတ်ပေးနိုင်မယ့်အချက်မဟုတ်တာသေချာပေမယ့် လူငယ်လေးတွေရဲ့စွမ်းဆောင်ရည်ကိုတော့ အသိအမှတ်ပြုရမှာဖြစ်ပြီး ဆိုးလ်ရှားကိုယ်တိုင်ကလည်း ရာသီသစ်မှာ လူငယ်တွေကို ပိုမိုဦးစားပေးထုတ်သုံးသွားမယ်လို့ ဆိုထားပါတယ်။
ပရိသတ်တွေကလည်း လူမှုမီဒီယာမှာ လူငယ်တွေရဲ့ခြေစွမ်းကို အသီးသီးချီးကျူးလျက်ရှိပါတယ်။ ”ချောင်၊ ဂိုမက်စ်နဲ့ ပါရဲရားတို့က ဒုတိယပိုင်း၊ ဂရင်းဝုဒ်၊ ရက်ရှ်ဖို့ဒ်နဲ့ ပေါ့ဂ်ဘာတို့က ပထမပိုင်းမှာ အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ အကုန်လုံးတကယ်ပဲကစားပုံကောင်းမွန်ခဲ့ပြီး တာဟစ်ချောင်ဆိုရင် ပင်နယ်တီရရှိစေတဲ့အထိ ခြေစွမ်းပြနိုင်ခဲ့ပါတယ်”လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့သလို နောက်တစ်ဦးကလည်း ”လိဒ်နဲ့ပွဲမှာ ယူနိုက်တက်အတွက် အပေါင်းလက္ခဏာဆောင်တဲ့အရာတွေက အများကြီးပါပဲ။ ပေါ့ဂ်ဘာ၊ ရက်ရှ်ဖို့ဒ်၊ ဂျိမ်းစ်၊ ဂရင်းဝုဒ်၊ ဂိုမက်စ်နဲ့ ချောင်။ သွင်းဂိုးက ၄ဂိုး၊ ရိုမဲရိုးရဲ့သေသပ်တဲ့ကာကွယ်မှု ၁ကြိမ်။ စင်ကာပူကို ရှေ့ခရီးဆက်ကြစို့”လို့ ရေးသားခဲ့ပါတယ်။
”ရာသီကြိုခြေစမ်းပွဲခရီးစဉ်မှာ ယူနိုက်တက်အသင်း သွင်းယူထားတဲ့ ၆ဂိုးစလုံးမှာ အကယ်ဒမီထွက်ကစားသမားတွေနဲ့ကင်းတဲ့ဂိုးဆိုလို့တစ်ဂိုးမပါပါဘူး။ လူငယ်စနစ်ကတော့ ရှင်သန်နေပါတယ်”လို့ ပရိသတ်တစ်ဦးကလည်း ရေးသားခဲ့ပါတယ်။