လက္စတာေနာက္ခံလူ မက္ဂြိဳင္းယားကို ကမၻာ့စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူဖုိ႔ ယူႏိုက္တက္ သေဘာတူညီမႈရရွိ

Photo Credit

Photo Credit

ယူႏိုက္တက္ဟာ ကာလရွည္ပစ္မွတ္ထားေနတဲ့ လက္စတာအသင္းေနာက္ခံလူ မက္ဂြိဳင္းယားကို ေနာက္ခံလူတစ္ဦးအတြက္ ကမၻာ့စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးျဖစ္တဲ့ ေပါင္သန္း ၈၀နဲ႔ေခၚယူဖို႔ သေဘာတူညီမႈရရွိသြားၿပီျဖစ္ေၾကာင္း သိရပါတယ္။ အဂၤလန္လက္ေရြးစင္ မက္ဂြိဳင္းယားဟာ ဇူလုိင္လ ၁၅ရက္ေန႔မွာ ယူႏိုက္တက္နဲ႔ ေဆးစစ္ေဆးမႈခံယူဖို႔အတြက္ မန္ခ်က္စတာကို ေရာက္လာမွာျဖစ္ပါတယ္။

Photo Credit

ယူႏုိက္တက္ဟာ လက္စတာအသင္းကို ကနဦးေျပာင္းေရႊ႕ေၾကး ေပါင္သန္း ၆၀ ေပးေခ်ရမွာျဖစ္ၿပီး ကစားသမားရဲ႕ပြဲကစားခြင့္နဲ႔ေအာင္ျမင္မႈအေပၚ မူတည္ကာ အပိုဆုေၾကးအျဖစ္ ေနာက္ထပ္ေပါင္သန္း ၂၀ ေပးေခ်ရမွာျဖစ္ပါတယ္။ ဒီေျပာင္းေရႊ႕ေၾကးဟာ ေနာက္ခံလူတစ္ဦးအတြက္ ကမၻာ့စံခ်ိန္တင္ျဖစ္ၿပီး ၂၀၁၈ ဇန္န၀ါရီလက ေဆာက္သမ္တန္ကေန လီဗာပူးကို ေပါင္ ၇၅သန္းနဲ႔ေျပာင္းေရႊ႕လာခဲ့တဲ့နယ္သာလန္လက္ေရြးစင္ ဗန္ဒိုက္ရဲ႕စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့တာျဖစ္ပါတယ္။

Photo Credit

ယူႏိုက္တက္ဟာ မက္ဂြိဳင္းယားကို ေခၚယူဖုိ႔ ၿမိဳ႕ခံၿပိဳင္ဘက္ စီးတီးနဲ႔အားၿပိဳင္ခဲ့ရတာျဖစ္ၿပီး ႏွစ္သင္းစလုံးက မက္ဂြိဳင္းယားအတြက္ ေပါင္သန္း ၇၀ နဲ႔ ကမ္းလွမ္းခဲ့ေပမယ့္ လက္စတာအသင္းရဲ႕ပယ္ခ်ျခင္းခံခ့ဲရပါတယ္။ ဒါေပမဲ့ ယူႏိုက္တက္အသင္းက ေျပာင္းေရႊ႕ေၾကးကို တုိးျမႇင့္ကာ ထပ္မံကမ္းလွမ္းခဲ့ၿပီးေနာက္မွာေတာ့ လက္စတာအသင္းက လက္ခံခဲ့တာျဖစ္ပါတယ္။

Photo Credit

ယူႏုိက္တက္နည္းျပေဟာင္း ေမာ္ရင္ညိဳဟာ ၿပီးခဲ့တဲ့ေႏြရာသီအတြင္း မက္ဂြိဳင္းယားကို မေခၚယူႏိုင္ခဲ့လုိ႔ ယူႏိုက္တက္ဘုတ္အဖြဲ႕ကို ေဒါသတႀကီးေ၀ဖန္ခဲ့ၿပီး လက္စတာအသင္းက ၂၀၁၇ ေႏြရာသီမွာ မက္ဂြိဳင္းယားကို ဟားလ္စီးတီးကေန ေပါင္ ၁၇သန္းနဲ႔ ေခၚယူခဲ့တာျဖစ္လုိ႔ ၂ႏွစ္အတြင္း အနည္းဆုံးေတာ့ ေပါင္ ၄၃သန္းအျမတ္ထြက္သြားၿပီျဖစ္ပါတယ္။

Photo Credit

Unicode

လက်စတာနောက်ခံလူ မက်ဂွိုင်းယားကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ယူနိုက်တက် သဘောတူညီမှုရရှိ

ယူနိုက်တက်ဟာ ကာလရှည်ပစ်မှတ်ထားနေတဲ့ လက်စတာအသင်းနောက်ခံလူ မက်ဂွိုင်းယားကို နောက်ခံလူတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်သန်း ၈၀နဲ့ခေါ်ယူဖို့ သဘောတူညီမှုရရှိသွားပြီဖြစ်ကြောင်း သိရပါတယ်။ အင်္ဂလန်လက်ရွေးစင် မက်ဂွိုင်းယားဟာ ဇူလိုင်လ ၁၅ရက်နေ့မှာ ယူနိုက်တက်နဲ့ ဆေးစစ်ဆေးမှုခံယူဖို့အတွက် မန်ချက်စတာကို ရောက်လာမှာဖြစ်ပါတယ်။
ယူနိုက်တက်ဟာ လက်စတာအသင်းကို ကနဦးပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ ပေးချေရမှာဖြစ်ပြီး ကစားသမားရဲ့ပွဲကစားခွင့်နဲ့အောင်မြင်မှုအပေါ် မူတည်ကာ အပိုဆုကြေးအဖြစ် နောက်ထပ်ပေါင်သန်း ၂၀ ပေးချေရမှာဖြစ်ပါတယ်။ ဒီပြောင်းရွှေ့ကြေးဟာ နောက်ခံလူတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ဖြစ်ပြီး ၂၀၁၈ ဇန်နဝါရီလက ဆောက်သမ်တန်ကနေ လီဗာပူးကို ပေါင် ၇၅သန်းနဲ့ပြောင်းရွှေ့လာခဲ့တဲ့နယ်သာလန်လက်ရွေးစင် ဗန်ဒိုက်ရဲ့စံချိန်ကို ချိုးဖျက်နိုင်ခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်ဟာ မက်ဂွိုင်းယားကို ခေါ်ယူဖို့ မြို့ခံပြိုင်ဘက် စီးတီးနဲ့အားပြိုင်ခဲ့ရတာဖြစ်ပြီး နှစ်သင်းစလုံးက မက်ဂွိုင်းယားအတွက် ပေါင်သန်း ၇၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် လက်စတာအသင်းရဲ့ပယ်ချခြင်းခံခဲ့ရပါတယ်။ ဒါပေမဲ့ ယူနိုက်တက်အသင်းက ပြောင်းရွှေ့ကြေးကို တိုးမြှင့်ကာ ထပ်မံကမ်းလှမ်းခဲ့ပြီးနောက်မှာတော့ လက်စတာအသင်းက လက်ခံခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်နည်းပြဟောင်း မော်ရင်ညိုဟာ ပြီးခဲ့တဲ့နွေရာသီအတွင်း မက်ဂွိုင်းယားကို မခေါ်ယူနိုင်ခဲ့လို့ ယူနိုက်တက်ဘုတ်အဖွဲ့ကို ဒေါသတကြီးဝေဖန်ခဲ့ပြီး လက်စတာအသင်းက ၂၀၁၇ နွေရာသီမှာ မက်ဂွိုင်းယားကို ဟားလ်စီးတီးကနေ ပေါင် ၁၇သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်လို့ ၂နှစ်အတွင်း အနည်းဆုံးတော့ ပေါင် ၄၃သန်းအမြတ်ထွက်သွားပြီဖြစ်ပါတယ်။