လက္စတာရဲ႕ေစ်းကိုင္လြန္းမႈကို မက္ဂြဲယားစိတ္မရွည္ႏိုင္ေအာင္ျဖစ္ေန

လက္စတာအသင္းေနာက္ခံလူ မက္ဂြဲယားဟာ သူ႔အတြက္မန္ယူကကမ္းလွမ္းမႈကို လက္မခံေသးဘဲ လက္စတာဘက္ကေစ်းကိုင္လြန္းေနတဲ႔အေပၚ ေဒါသထြက္ၿပီး သူ႔ကိုမန္ယူဆီေျပာင္းေရႊ႕ခြင့္ေပးဖို႔ အသင္းဆီေတာင္းဆိုထားတယ္လို႔ သိရပါတယ္။

အသက္ ၂၆ ႏွစ္ရွိတဲ႔ မက္ဂြဲယားအတြက္မန္ယူနဲ႔လက္စတာတို႔အၾကား တနလၤာေန႔ညကဆက္လက္ေဆြးေႏြးခဲ့ေပမယ္႔ အဆင္မေျပေသးပါဘူး။ မန္ယူဟာ ကစားသမားအတြက္ေပါင္သန္း ၇၀ အထိေပးၿပီးကမ္းလွမ္းခဲ့ေပမယ္႔ လက္စတာဘက္ကေတာ႔ ေပါင္ ၈၅ သန္းအထိအလိုရွိေနလို႔ လိပ္ခဲတည္းလည္းျဖစ္ေနရပါတယ္။

ဒါေၾကာင့္ မက္ဂြဲယားကေဒါသထြက္ေနၿပီး သူ႔အတြက္ေပါင္ ၇၅ သန္းရရင္ေျပာင္းခြင့္ေပးသင့္တယ္လို႔ ယူဆထားပါတယ္။ သူဟာအသင္းေဖာ္ေတြကိုေရာ နည္းျပ ဘရန္ဒန္ေရာ္ဂ်ာကိုပါ မန္ယူဆီေျပာင္းခ်င္ေနတယ္ဆိုတဲ႔အေၾကာင္းေျပာထားၿပီးျဖစ္ပါတယ္။ ဒါေပမယ္႔လည္း လက္စတာဘက္ကေတာ႔ ေျပာင္းေရႊ႕ေၾကးနဲ႔ပတ္သက္လို႔ တင္းခံေနဆဲျဖစ္လို႔ ဒီအဂၤလန္သားကစိတ္မရွည္ႏိုင္ေအာင္ျဖစ္ေနရတာပါ။

ဒါ့အျပင္ ၿပီးခဲ့တဲ႔ေႏြရာသီတုန္းက မန္ယူရဲ႕ကမ္းလွမ္းမႈကိုျငင္းပယ္ၿပီး စာခ်ဳပ္သစ္ခ်ဳပ္ခဲ့တုန္းက သူ႔ကိုသင့္ေတာ္တဲ႔တန္ေၾကးရရင္ ေျပာင္းခြင့္ေပးမယ္ဆိုတဲ႔ အဲဒီတုန္းကပိုင္ရွင္ျဖစ္သူ မစၥတာဗီခ်ဳိင္းရဲ႕ကတိအတိုင္း ကလပ္ဘက္က လူႀကီးလူေကာင္းဆန္စြာေျပာင္းခြင့္ေပးမယ္လို႔လည္း မက္ဂြဲယားကယုံၾကည္ေနပါတယ္။

လက္စတာဟာ ၂၀၁၇ ကမက္ဂြဲယားကို ဟားလ္စီးတီးအသင္းကေနေပါင္ ၁၇ သန္းနဲ႔ေခၚယူခဲ့တာျဖစ္ၿပီး သူ႔ရဲ႕တိုးတက္မႈလ်င္ျမန္လြန္းတဲ႔အတြက္ အဂၤလန္လက္ေရြးစင္အသင္းမွာလည္းေနရာရလာသူျဖစ္ၿပီး အဓိက ကစားသမားအျဖစ္ရပ္တည္ခဲ့ပါတယ္။

Unicode

လက်စတာရဲ့ဈေးကိုင်လွန်းမှုကို မက်ဂွဲယားစိတ်မရှည်နိုင်အောင်ဖြစ်နေ
လက်စတာအသင်းနောက်ခံလူ မက်ဂွဲယားဟာ သူ့အတွက်မန်ယူကကမ်းလှမ်းမှုကို လက်မခံသေးဘဲ လက်စတာဘက်ကဈေးကိုင်လွန်းနေတဲ့အပေါ် ဒေါသထွက်ပြီး သူ့ကိုမန်ယူဆီပြောင်းရွှေ့ခွင့်ပေးဖို့ အသင်းဆီတောင်းဆိုထားတယ်လို့ သိရပါတယ်။

အသက် ၂၆ နှစ်ရှိတဲ့ မက်ဂွဲယားအတွက်မန်ယူနဲ့လက်စတာတို့အကြား တနင်္လာနေ့ညကဆက်လက်ဆွေးနွေးခဲ့ပေမယ့် အဆင်မပြေသေးပါဘူး။ မန်ယူဟာ ကစားသမားအတွက်ပေါင်သန်း ၇၀ အထိပေးပြီးကမ်းလှမ်းခဲ့ပေမယ့် လက်စတာဘက်ကတော့ ပေါင် ၈၅ သန်းအထိအလိုရှိနေလို့ လိပ်ခဲတည်းလည်းဖြစ်နေရပါတယ်။

ဒါကြောင့် မက်ဂွဲယားကဒေါသထွက်နေပြီး သူ့အတွက်ပေါင် ၇၅ သန်းရရင်ပြောင်းခွင့်ပေးသင့်တယ်လို့ ယူဆထားပါတယ်။ သူဟာအသင်းဖော်တွေကိုရော နည်းပြ ဘရန်ဒန်ရော်ဂျာကိုပါ မန်ယူဆီပြောင်းချင်နေတယ်ဆိုတဲ့အကြောင်းပြောထားပြီးဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်စတာဘက်ကတော့ ပြောင်းရွှေ့ကြေးနဲ့ပတ်သက်လို့ တင်းခံနေဆဲဖြစ်လို့ ဒီအင်္ဂလန်သားကစိတ်မရှည်နိုင်အောင်ဖြစ်နေရတာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့နွေရာသီတုန်းက မန်ယူရဲ့ကမ်းလှမ်းမှုကိုငြင်းပယ်ပြီး စာချုပ်သစ်ချုပ်ခဲ့တုန်းက သူ့ကိုသင့်တော်တဲ့တန်ကြေးရရင် ပြောင်းခွင့်ပေးမယ်ဆိုတဲ့ အဲဒီတုန်းကပိုင်ရှင်ဖြစ်သူ မစ္စတာဗီချိုင်းရဲ့ကတိအတိုင်း ကလပ်ဘက်က လူကြီးလူကောင်းဆန်စွာပြောင်းခွင့်ပေးမယ်လို့လည်း မက်ဂွဲယားကယုံကြည်နေပါတယ်။

လက်စတာဟာ ၂၀၁၇ ကမက်ဂွဲယားကို ဟားလ်စီးတီးအသင်းကနေပေါင် ၁၇ သန်းနဲ့ခေါ်ယူခဲ့တာဖြစ်ပြီး သူ့ရဲ့တိုးတက်မှုလျင်မြန်လွန်းတဲ့အတွက် အင်္ဂလန်လက်ရွေးစင်အသင်းမှာလည်းနေရာရလာသူဖြစ်ပြီး အဓိက ကစားသမားအဖြစ်ရပ်တည်ခဲ့ပါတယ်။