ရီးရဲလ္ပရိသတ္ေတြကို တအံ့တၾသျဖစ္ေစျပန္တဲ့ ဂ်ပန္မက္ဆီရဲ႕တစ္ကိုယ္ေတာ္အစြမ္း

ဂ်ပန္မက္ဆီလို႔ နာမည္ေျပာင္ေပးထားျခင္းခံရတဲ့ တိုက္စစ္မႈးကူဘိုတစ္ေယာက္ ရီးရဲလ္ပရိသတ္ေတြကို တအံ့တၾသျဖစ္ေစဦးမယ့္ ေနာက္ထပ္ဗီဒီယိုတစ္ခုထြက္ေပၚလာပါတယ္။ အဲဒါကေတာ့ ေလ့က်င့္ေရးကြင္းမွာျဖစ္ၿပီး သူ႔ရဲ႕တစ္ကိုယ္ေတာ္အစြမ္းကို ျမင္ေတြ႕ခဲ့ရတာပါ။ အသက္ ၁၈ ႏွစ္သာရွိေသးတဲ့ကူဘိုဟာ  ေလ့က်င့္ေရးကြင္းက တစ္ဖက္ ၅ ေယာက္ကစားတဲ့ ပြဲစဥ္တစ္ခုမွာ သူ႔အသင္းေဖာ္သစ္ ၃ ေယာက္ကိုေက်္ာျဖတ္ၿပီး ဂိုးသြင္းျပခဲ့တာပါ။

photo-social media

ကူဘိုဟာ ဘိုင္ယန္နဲ႔ကစားခဲ့တဲ့ ICC ပြဲစဥ္တုနး္ကလည္း ၿပိဳင္ဘက္ကစားသမားအယ္ဖြန္ဆုိဒါဗီး္စ္ရဲ႕ေပါင္ၾကားထဲကေန ေဘာလုံးဆြဲထုတ္ျပခဲ့ကာ ရီးရဲလ္ပရိသတ္ေတြကို သေဘာက်ေစခဲ့ပါတယ္။ ဒါေပမဲ့ စေကးပိုင္းသိပ္ေကာင္းတဲ့ကစားသမားဆိုတာ သူ႔ရဲ႕ေနာက္ထပ္ဗီဒီယိုဖိုင္က သက္ေသျပခဲ့ပါတယ္။ သူဟာ ၿပီးခဲ့တဲ့ဇြန္လကမွ ေျပာင္းေရႊ႕ေၾကး ေပါင္ ၁.၇၈ သန္းနဲ႔ ရီးရဲလ္ကိုေရာက္လာခဲ့တာျဖစ္ၿပီး အသင္းရဲ႕ရာသီႀကဳိခရီးစဥ္မွာ ပါ၀င္လာခဲ့တာပါ။

photo-social media

ကူဘိုဟာ  အရင္က ဘာစီလုိနာရဲ႕လာမာစီယာအကယ္ဒမီမွာ ကစားခဲ့ေပမယ့္ ေခၚယူစဥ္က စည္းမ်ဥ္းခ်ိဳးေဖာက္ခဲ့လို႔ ဘာစီလိုနာက သူ႔ကိုလက္လႊတ္ခဲ့ရပါတယ္။ ဒီေႏြရာသီေရာက္မွ ရီးရဲလ္ဟာ ဂ်ပန္ကလပ္တစ္ခုကေန သူ႔ကို ေခၚယူခဲ့တာပါ။ သူဟာ ရီးရဲလ္ကိုေရာက္လာၿပီးကတည္းက နည္းျပေတြ အထင္ႀကီးေစႏိုင္မယ့္ေျခစြမး္မ်ိဳးျပထားလုိ႔ ရာသီသစ္ရဲ႕ပြဲစဥ္အခ်ိဳ႕မွာ ပါ၀င္ခြင့္ရဖြယ္ရွိပါတယ္။

[Unicode]

ဂျပန်မက်ဆီလို့ နာမည်ပြောင်ပေးထားခြင်းခံရတဲ့ တိုက်စစ်မှုးကူဘိုတစ်ယောက် ရီးရဲလ်ပရိသတ်တွေကို တအံ့တသြဖြစ်စေဦးမယ့် နောက်ထပ်ဗီဒီယိုတစ်ခုထွက်ပေါ်လာပါတယ်။ အဲဒါကတော့ လေ့ကျင့်ရေးကွင်းမှာဖြစ်ပြီး သူ့ရဲ့တစ်ကိုယ်တော်အစွမ်းကို မြင်တွေ့ခဲ့ရတာပါ။ အသက် ၁၈ နှစ်သာရှိသေးတဲ့ကူဘိုဟာ  လေ့ကျင့်ရေးကွင်းက တစ်ဖက် ၅ ယောက်ကစားတဲ့ ပွဲစဉ်တစ်ခုမှာ သူ့အသင်းဖော်သစ် ၃ ယောက်ကိုကျေ်ာဖြတ်ပြီး ဂိုးသွင်းပြခဲ့တာပါ။

ကူဘိုဟာ ဘိုင်ယန်နဲ့ကစားခဲ့တဲ့ ICC ပွဲစဉ်တုနး်ကလည်း ပြိုင်ဘက်ကစားသမားအယ်ဖွန်ဆိုဒါဗီး်စ်ရဲ့ပေါင်ကြားထဲကနေ ဘောလုံးဆွဲထုတ်ပြခဲ့ကာ ရီးရဲလ်ပရိသတ်တွေကို သဘောကျစေခဲ့ပါတယ်။ ဒါပေမဲ့ စကေးပိုင်းသိပ်ကောင်းတဲ့ကစားသမားဆိုတာ သူ့ရဲ့နောက်ထပ်ဗီဒီယိုဖိုင်က သက်သေပြခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့ဇွန်လကမှ ပြောင်းရွှေ့ကြေး ပေါင် ၁.၇၈ သန်းနဲ့ ရီးရဲလ်ကိုရောက်လာခဲ့တာဖြစ်ပြီး အသင်းရဲ့ရာသီကြိုခရီးစဉ်မှာ ပါဝင်လာခဲ့တာပါ။

ကူဘိုဟာ  အရင်က ဘာစီလိုနာရဲ့လာမာစီယာအကယ်ဒမီမှာ ကစားခဲ့ပေမယ့် ခေါ်ယူစဉ်က စည်းမျဉ်းချိုးဖောက်ခဲ့လို့ ဘာစီလိုနာက သူ့ကိုလက်လွှတ်ခဲ့ရပါတယ်။ ဒီနွေရာသီရောက်မှ ရီးရဲလ်ဟာ ဂျပန်ကလပ်တစ်ခုကနေ သူ့ကို ခေါ်ယူခဲ့တာပါ။ သူဟာ ရီးရဲလ်ကိုရောက်လာပြီးကတည်းက နည်းပြတွေ အထင်ကြီးစေနိုင်မယ့်ခြေစွမး်မျိုးပြထားလို့ ရာသီသစ်ရဲ့ပွဲစဉ်အချို့မှာ ပါဝင်ခွင့်ရဖွယ်ရှိပါတယ်။