ရီးရဲလ္နဲ႔ ကေနဒါေရာက္ေနရာကေန ဇီဒန္းအိမ္ျပန္သြားခဲ့တဲ့ လွ်ိဳ႕၀ွက္ခ်က္ထြက္ေပၚလာ

လာမယ့္ေဘာလံုးရာသီသစ္အတြက္ ေလ့က်င့္ျပင္ဆင္ေနတဲ့ ရီးရဲလ္မက္ဒရစ္အသင္းသားေတြရွိရာ ကေနဒါႏုိင္ငံကေန နည္းျပဇီဒန္းရုတ္တရက္ထြက္ခြာၿပီး အိမ္ျပန္သြားခဲ့ရတာဟာ ဘာေၾကာင့္လဲဆုိတဲ့အေျဖကို စပိန္မီဒီယာေတြကေဖာ္ထုတ္ႏုိင္ခဲ့ၿပီျဖစ္ပါတယ္။

Photo Credit: Getty Images

အသင္းသားေတြနဲ႔အတူ ရာသီသစ္အတြက္ ႀကိဳးစားျပင္ဆင္ေနတဲ့ ဇီဒန္းဟာ ၿပီးခဲ့တဲ့ေသာၾကာေန႔က ရုတ္တရက္အိမ္ျပန္သြားခဲ့ၿပီး သူ႕ရဲ႕လက္ေထာက္ကပဲ ယာယီတာ၀န္ယူလုိက္ရပါတယ္။ ဒါနဲ႔ပတ္သက္လုိ႔ ရီးရဲလ္ဘက္က ပုဂိၢဳလ္ေရးဆုိင္ရာျပသနာေၾကာင့္ ဇီဒန္းအိမ္ျပန္သြားခဲ့တာလုိ႔ ေဖာ္ျပခဲ့ေပမယ့္ အေၾကာင္းျပခ်က္အေသးစိတ္ကိုေတာ့ ေၾကညာခဲျ့ခင္းမရွိပါဘူး။

Photo Credit: Getty Images

စေနေန႔ကထြက္ေပၚလာတဲ့သတင္းေတြအရေတာ့ ဇီဒန္းဟာ အစ္ကိုျဖစ္သူရဲ႕ နာေရးေၾကာင့္ အိမ္ျပန္သြားခဲ့တာျဖစ္တယ္လုိ႔ သိရပါတယ္။ ဇီဒန္းရဲ႕အစ္ျဖစ္သူ အသက္ 54 ႏွစ္အရြယ္ ဖာရစ္ဟာ ျပင္းထန္တဲ့နားမက်န္းမႈေၾကာင့္ စေနေန႔မနက္ပိုင္းက ကြယ္လြန္သြားခဲ့တာပါ။ ဖာရစ္ရဲ႕ နာမက်န္းမႈသတင္းကို ၾကားသိခဲ့ရၿပီးေနာက္မွာ ဇီဒန္းဟာ ခ်က္ခ်င္းဆုိသလို အိမ္ျပန္သြားခဲ့တာျဖစ္ၿပီး အစ္ကိုျဖစ္သူမကြယ္လြန္ခင္ အခ်ိန္မီေရာက္ရွိခဲ့ဖြယ္ရွိတယ္လုိ႔လည္း ဆုိပါတယ္။

Photo Credit: Getty Images

ရီးရဲလ္ကေန ေရးဆင္းအသင္းကို အငွားသြားေရာက္ကစားေနတဲ့ ဂုိးသမားလူကာဟာလည္း ဖခင္ျဖစ္သူဇီဒန္းလုိပဲ ဦးေလးရဲ႕က်န္းမာေရးေၾကာင့္ ကလပ္ထံကခြင့္ျပဳခ်က္ယူၿပီး အိမ္ျပန္ခဲ့ပါေသးတယ္။ ယမန္ေန႔က ရီးရဲလ္မက္ဒရစ္ရဲ႕ ေလ့က်င့္ေရးအစီအစဥ္မွာလည္း ဇီဒန္းရဲ႕အစ္ကိုျဖစ္သူ ဖာရစ္အတြက္ ၀မ္းနည္းျခင္းအထိမ္းအမွတ္အျဖစ္ တစ္မိနစ္ၿငိမ္သက္မႈကို အသင္းသားေတြစုေပါင္းလုပ္ေဆာင္ခဲ့ၾကပါတယ္။ ရီးရဲလ္ဟာ ဇူလုိင္ 21 နံနက္အေစာပိုင္းမွာ ဘုိင္ယန္ျမဴးနစ္နဲ႔ ICC ဖလားပြဲစဥ္ကစားဖုိ႔ရွိေနၿပီး နည္းျပဇီဒန္းျပန္မလာခင္အခ်ိန္အထိ သူ႕ရဲ႕လက္ေထာက္ေဒးဗစ္ဘက္တုိနီကပဲ အသင္းကို ယာယီတာ၀န္ယူထားမွာျဖစ္ပါတယ္။

(Unicode)

ရီးရဲလ်နဲ့ ကနေဒါရောက်နေရာကနေ ဇီဒန်းအိမ်ပြန်သွားခဲ့တဲ့ လျှို့ဝှက်ချက်ထွက်ပေါ်လာ

လာမယ့်ဘောလုံးရာသီသစ်အတွက် လေ့ကျင့်ပြင်ဆင်နေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းသားတွေရှိရာ ကနေဒါနိုင်ငံကနေ နည်းပြဇီဒန်းရုတ်တရက်ထွက်ခွာပြီး အိမ်ပြန်သွားခဲ့ရတာဟာ ဘာကြောင့်လဲဆိုတဲ့အဖြေကို စပိန်မီဒီယာတွေကဖော်ထုတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

အသင်းသားတွေနဲ့အတူ ရာသီသစ်အတွက် ကြိုးစားပြင်ဆင်နေတဲ့ ဇီဒန်းဟာ ပြီးခဲ့တဲ့သောကြာနေ့က ရုတ်တရက်အိမ်ပြန်သွားခဲ့ပြီး သူ့ရဲ့လက်ထောက်ကပဲ ယာယီတာဝန်ယူလိုက်ရပါတယ်။ ဒါနဲ့ပတ်သက်လို့ ရီးရဲလ်ဘက်က ပုဂ္ဂိုလ်ရေးဆိုင်ရာပြသနာကြောင့် ဇီဒန်းအိမ်ပြန်သွားခဲ့တာလို့ ဖော်ပြခဲ့ပေမယ့် အကြောင်းပြချက်အသေးစိတ်ကိုတော့ ကြေညာခဲခြင်းမရှိပါဘူး

စနေနေ့ကထွက်ပေါ်လာတဲ့သတင်းတွေအရတော့ ဇီဒန်းဟာ အစ်ကိုဖြစ်သူရဲ့ နာရေးကြောင့် အိမ်ပြန်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဇီဒန်းရဲ့အစ်ဖြစ်သူ အသက် 54 နှစ်အရွယ် ဖာရစ်ဟာ ပြင်းထန်တဲ့နားမကျန်းမှုကြောင့် စနေနေ့မနက်ပိုင်းက ကွယ်လွန်သွားခဲ့တာပါ။ ဖာရစ်ရဲ့ နာမကျန်းမှုသတင်းကို ကြားသိခဲ့ရပြီးနောက်မှာ ဇီဒန်းဟာ ချက်ချင်းဆိုသလို အိမ်ပြန်သွားခဲ့တာဖြစ်ပြီး အစ်ကိုဖြစ်သူမကွယ်လွန်ခင် အချိန်မီရောက်ရှိခဲ့ဖွယ်ရှိတယ်လို့လည်း ဆိုပါတယ်။

ရီးရဲလ်ကနေ ရေးဆင်းအသင်းကို အငှားသွားရောက်ကစားနေတဲ့ ဂိုးသမားလူကာဟာလည်း ဖခင်ဖြစ်သူဇီဒန်းလိုပဲ ဦးလေးရဲ့ကျန်းမာရေးကြောင့် ကလပ်ထံကခွင့်ပြုချက်ယူပြီး အိမ်ပြန်ခဲ့ပါသေးတယ်။ ယမန်နေ့က ရီးရဲလ်မက်ဒရစ်ရဲ့ လေ့ကျင့်ရေးအစီအစဉ်မှာလည်း ဇီဒန်းရဲ့အစ်ကိုဖြစ်သူ ဖာရစ်အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက်မှုကို အသင်းသားတွေစုပေါင်းလုပ်ဆောင်ခဲ့ကြပါတယ်။ ရီးရဲလ်ဟာ ဇူလိုင် 21 နံနက်အစောပိုင်းမှာ ဘိုင်ယန်မြူးနစ်နဲ့ ICC ဖလားပွဲစဉ်ကစားဖို့ရှိနေပြီး နည်းပြဇီဒန်းပြန်မလာခင်အချိန်အထိ သူ့ရဲ့လက်ထောက်ဒေးဗစ်ဘက်တိုနီကပဲ အသင်းကို ယာယီတာဝန်ယူထားမှာဖြစ်ပါတယ်။