ရီးရဲလ္က ဗယ္လီဂ်ဳိကို ဝုဗ္အငွားေခၚခဲ့ၿပီး ကူထရိုနီကိုလည္းေခၚယူဖို႔နီးစပ္ေန

ဝုဗ္အသင္းဟာ ရီးရဲလ္မက္ဒရစ္ေနာက္ခံလူ ဂ်ီးဆပ္ဗယ္လီဂ်ဳိ ကိုတစ္ရာသီအငွားစာခ်ဳပ္နဲ႔ေခၚယူလိုက္ၿပီလို႔ သိရပါတယ္။ စပိန္ယူ ၂၁ လက္ေရြးစင္ျဖစ္တဲ႔ ဗယ္လီဂ်ဳိ ဟာ ၂၀၁၅ တုန္းကဇာရာဂိုဇာကေနေရာက္ရွိလာခဲ့သူျဖစ္ၿပီး ဇီဒန္းလက္ေအာက္မွာ ၁၉ ပြဲသာကစားခဲ့ရသူျဖစ္ပါတယ္။

အသက္ ၂၂ ႏွစ္သာရွိေသးတဲ႔ ဗယ္လီဂ်ဳိဟာအခုေႏြရာသီေစ်းကြက္အတြင္းမွာ ၀ုဗ္ကိုေရာက္လာတဲ႔ ပထမဆုံးကစားသမားသစ္ျဖစ္ခဲ့ပါတယ္။ ဝုဗ္ဟာ ရာအူးလ္ဂ်ီမီနက္ဇ္နဲ႔ ဒန္ဒြန္ကာ တို႔ကိုအၿပီးသတ္ေခၚယူထားေပမယ္႔ သူတို႔ႏွစ္ဦးကၿပီးခဲ့တဲ႔ရာသီကတည္းက အငွားလာကစားခဲ႔သူေတြျဖစ္ပါတယ္။

ဗယ္လီဂ်ဳိဟာၿပီးခဲ့တဲ႔ ရာသီကဒဏ္ရာျပႆနာေတြနဲ႔အတူ ရီးရဲလ္အတြက္ ၇ ပြဲသာကစားခဲ့ရသူျဖစ္ၿပီး အရင္ကတည္းကပုံမွန္ေနရာမရခ်ိန္မွာ ရီးရဲလ္ကို မီလီတာအိုေရာက္ရွိလာတဲ႔အတြက္ ဗဟိုခံစစ္မွာသူေနရာရဖို႔ ပိုမိုခဲယဥ္းသြားၿပီျဖစ္လို႔ အငွားထြက္ကစားလိုက္ရတာလည္း ျဖစ္ပါတယ္။

တစ္ခ်ိန္တည္းမွာဘဲ ဝုဗ္ဟာေအစီမီလန္အသင္းတိုက္စစ္မွဴ း ပက္ထရစ္ကူထရိုနီကိုေပါင္ ၁၇ သန္းနဲ႔ေခၚယူဖို႔ နီးစပ္ေနတယ္လို႔သိရပါတယ္။ အသက္ ၂၁ ႏွစ္သာရွိေသးတဲ႔ ကူထရိုနီဟာ ေအစီမီလန္ရဲ႕အေမရိကန္ခရီးစဥ္ကေနျပန္လာခဲ့ၿပီး အေျပာင္းအေရႊ႕ကိုအၿပီးသတ္ဖို႔ လုပ္ေနၿပီး ၅ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုလိမ့္မယ္လို႔လည္းဆိုပါတယ္။

ဝုဗ္ဟာၿပီးခဲ့တဲ႔ရာသီကမွ ပရီးမီးယားလိဂ္ကိုတန္းတက္လာခဲ့ေပမယ္႔ အဆင့္ ၇ ရရွိခဲ့တဲ႔အထိေျခစြမ္းျပႏိုင္ခဲ့တဲ႔အျပင္ ယူရိုပါလိဂ္၀င္ခြင့္လည္းရရွိထားလို႔ အခုလိုအင္အားျဖည့္တင္းမႈေတြျပဳလုပ္ေနရတာျဖစ္ပါတယ္။ ဝုဗ္ဟာဒီရာသီပရီးမီးယားလိဂ္ပထမဆုံးပြဲအျဖစ္ ၾသဂုတ္ ၁၁ မွာလက္စတာနဲ႔ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။

Unicode

ရီးရဲလ်က ဗယ်လီဂျိုကို ဝုဗ်အငှားခေါ်ခဲ့ပြီး ကူထရိုနီကိုလည်းခေါ်ယူဖို့နီးစပ်နေ
ဝုဗ်အသင်းဟာ ရီးရဲလ်မက်ဒရစ်နောက်ခံလူ ဂျီးဆပ်ဗယ်လီဂျို ကိုတစ်ရာသီအငှားစာချုပ်နဲ့ခေါ်ယူလိုက်ပြီလို့ သိရပါတယ်။ စပိန်ယူ ၂၁ လက်ရွေးစင်ဖြစ်တဲ့ ဗယ်လီဂျို ဟာ ၂၀၁၅ တုန်းကဇာရာဂိုဇာကနေရောက်ရှိလာခဲ့သူဖြစ်ပြီး ဇီဒန်းလက်အောက်မှာ ၁၉ ပွဲသာကစားခဲ့ရသူဖြစ်ပါတယ်။

အသက် ၂၂ နှစ်သာရှိသေးတဲ့ ဗယ်လီဂျိုဟာအခုနွေရာသီဈေးကွက်အတွင်းမှာ ဝုဗ်ကိုရောက်လာတဲ့ ပထမဆုံးကစားသမားသစ်ဖြစ်ခဲ့ပါတယ်။ ဝုဗ်ဟာ ရာအူးလ်ဂျီမီနက်ဇ်နဲ့ ဒန်ဒွန်ကာ တို့ကိုအပြီးသတ်ခေါ်ယူထားပေမယ့် သူတို့နှစ်ဦးကပြီးခဲ့တဲ့ရာသီကတည်းက အငှားလာကစားခဲ့ကြသူတွေဖြစ်ပါတယ်။

ဗယ်လီဂျိုဟာပြီးခဲ့တဲ့ ရာသီကဒဏ်ရာပြဿ     နာတွေနဲ့အတူ ရီးရဲလ်အတွက် ၇ ပွဲသာကစားခဲ့ရသူဖြစ်ပြီး အရင်ကတည်းကပုံမှန်နေရာမရချိန်မှာ ရီးရဲလ်ကို မီလီတာအိုရောက်ရှိလာတဲ့အတွက် ဗဟိုခံစစ်မှာသူနေရာရဖို့ ပိုမိုခဲယဉ်းသွားပြီဖြစ်လို့ အငှားထွက်ကစားလိုက်ရတာလည်း ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာဘဲ ဝုဗ်ဟာအေစီမီလန်အသင်းတိုက်စစ်မှူ း ပက်ထရစ်ကူထရိုနီကိုပေါင် ၁၇ သန်းနဲ့ခေါ်ယူဖို့ နီးစပ်နေတယ်လို့သိရပါတယ်။ အသက် ၂၁ နှစ်သာရှိသေးတဲ့ ကူထရိုနီဟာ အေစီမီလန်ရဲ့အမေရိကန်ခရီးစဉ်ကနေပြန်လာခဲ့ပြီး အပြောင်းအရွှေ့ကိုအပြီးသတ်ဖို့ လုပ်နေပြီး ၅ နှစ်စာချုပ် ချုပ်ဆိုလိမ့်မယ်လို့လည်းဆိုပါတယ်။

ဝုဗ်ဟာပြီးခဲ့တဲ့ရာသီကမှ ပရီးမီးယားလိဂ်ကိုတန်းတက်လာခဲ့ပေမယ့် အဆင့် ၇ ရရှိခဲ့တဲ့အထိခြေစွမ်းပြနိုင်ခဲ့တဲ့အပြင် ယူရိုပါလိဂ်ဝင်ခွင့်လည်းရရှိထားလို့ အခုလိုအင်အားဖြည့်တင်းမှုတွေပြုလုပ်နေရတာဖြစ်ပါတယ်။ ဝုဗ်ဟာဒီရာသီပရီးမီးယားလိဂ်ပထမဆုံးပွဲအဖြစ် သြဂုတ် ၁၁ မှာလက်စတာနဲ့ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။