ရာသီႀကိဳေျခစမ္းပြဲခရီးစဥ္အျဖစ္ အေမရိကန္ကို လီဗာပူးစတင္ထြက္ခြာ

Photo Credit ; Eamonn and James Clarke

Photo Credit ; Eamonn and James Clarke

လီဗာပူးအသင္းဟာ ရာသီသစ္အတြက္ ႀကိဳတင္ျပင္ဆင္မႈအျဖစ္ ရာသီႀကိဳေျခစမ္းပြဲေတြကစားဖုိ႔အတြက္ အေမရိကန္ႏိုင္ငံကို ထြက္ခြာသြားၿပီျဖစ္ပါတယ္။ နည္းျပကေလာ့ပ္ဦးေဆာင္တဲ့ လီဗာပူးအသင္းဟာ ယခုေႏြရာသီအတြင္း ပထမဆုံးေျခစမ္းပြဲအျဖစ္ ၿဗိတိန္မွာပဲ ထရမ္မဲအသင္းနဲ႔ကစားခဲ့ရာ ၆-၀ ဂိုးနဲ႔အႏိုင္ရခဲ့ၿပီး စေနေန႔ကလည္း ဘရက္ဖို႔ဒ္အသင္းကိုလည္း ၃-၁ ဂိုးနဲ႔အႏိုင္ရရွိခဲ့ပါတယ္။

Photo Credit ; Eamonn and James Clarke

အခုေတာ့ လီဗာပူးအသင္းသားေတြဟာ ႏိုင္ငံရပ္ျခားကို ခရီးထြက္ခြာသြားတာျဖစ္ၿပီး အဂၤါေန႔အေစာပိုင္းက မန္ခ်က္စတာေလဆိပ္ကေန အေမရိကန္ကို ထြက္ခြာသြားတာျဖစ္ပါတယ္။ ၾကယ္ပြင့္ေနာက္ခံလူ ဗန္ဒိုက္အပါအ၀င္ ၂၈ဦး လုိက္ပါသြားတာျဖစ္ၿပီး ယမန္ႏွစ္ရာသီက ဒဏ္ရာျပႆနာေၾကာင့္ ပြဲအမ်ားစုကို လြဲေခ်ာ္ခဲ့ရတဲ့ ကြင္းလယ္လူ ခ်ိန္ဘာလိန္လည္း ပါ၀င္လာပါတယ္။

Photo Credit ; Eamonn and James Clarke

နည္းျပကေလာ့ပ္ကလည္း ယုံၾကည္စိတ္အျပည့္နဲ႔ ေလဆိပ္ကေန ထြက္ခြာသြားၿပီး လက္ရွိခ်န္ပီယံလီဗာပူးအသင္းဟာ ဇူလိုင္လ ၁၉ရက္ေန႔မွာ ဘြန္ဒက္စ္လီဂါကလပ္ ေဒါ့မြန္အသင္းနဲ႔ ပထမဆုံးေျခစမ္းပြဲကစားမွာျဖစ္ပါတယ္။ အဲဒီေနာက္ လီဗာပူးဟာ ၂၀၁၆ ယူ႐ိုပါလိဂ္ဗိုလ္လုပြဲမွာ ႐ံႈးနိမ့္ခဲ့ရတဲ့ လာလီဂါကလပ္ ဆီဗီလာအသင္းနဲ႔ ဇူလိုင္လ ၂၁ ရက္ေန႔မွာ ဆက္လက္ေျခစမ္းမွာျဖစ္ပါတယ္။

Photo Credit ; Eamonn and James Clarke

သူတုိ႔ဟာ ဇူလုိင္လ ၂၄ရက္ေန႔ေရာက္ရင္ နယူးေယာက္ရွိ ယန္းကီးကြင္းမွာ စပို႔တင္းလစၥဘြန္းနဲ႔ ေျခစမ္းဦးမွာျဖစ္ၿပီး အသင္းေျပာင္းေရႊ႕ဖို႔ သတင္းႀကီးေနတဲ့ ဂိုးသမား မစ္ဂ္ႏိုလက္လည္း လုိက္ပါသြားပါတယ္။

Photo Credit ; Eamonn and James Clarke

Unicode

ရာသီကြိုခြေစမ်းပွဲခရီးစဉ်အဖြစ် အမေရိကန်ကို လီဗာပူးစတင်ထွက်ခွာ

လီဗာပူးအသင်းဟာ ရာသီသစ်အတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် ရာသီကြိုခြေစမ်းပွဲတွေကစားဖို့အတွက် အမေရိကန်နိုင်ငံကို ထွက်ခွာသွားပြီဖြစ်ပါတယ်။ နည်းပြကလော့ပ်ဦးဆောင်တဲ့ လီဗာပူးအသင်းဟာ ယခုနွေရာသီအတွင်း ပထမဆုံးခြေစမ်းပွဲအဖြစ် ဗြိတိန်မှာပဲ ထရမ်မဲအသင်းနဲ့ကစားခဲ့ရာ ၆-၀ ဂိုးနဲ့အနိုင်ရခဲ့ပြီး စနေနေ့ကလည်း ဘရက်ဖို့ဒ်အသင်းကိုလည်း ၃-၁ ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။
အခုတော့ လီဗာပူးအသင်းသားတွေဟာ နိုင်ငံရပ်ခြားကို ခရီးထွက်ခွာသွားတာဖြစ်ပြီး အင်္ဂါနေ့အစောပိုင်းက မန်ချက်စတာလေဆိပ်ကနေ အမေရိကန်ကို ထွက်ခွာသွားတာဖြစ်ပါတယ်။ ကြယ်ပွင့်နောက်ခံလူ ဗန်ဒိုက်အပါအဝင် ၂၈ဦး လိုက်ပါသွားတာဖြစ်ပြီး ယမန်နှစ်ရာသီက ဒဏ်ရာပြဿနာကြောင့် ပွဲအများစုကို လွဲချော်ခဲ့ရတဲ့ ကွင်းလယ်လူ ချိန်ဘာလိန်လည်း ပါဝင်လာပါတယ်။
နည်းပြကလော့ပ်ကလည်း ယုံကြည်စိတ်အပြည့်နဲ့ လေဆိပ်ကနေ ထွက်ခွာသွားပြီး လက်ရှိချန်ပီယံလီဗာပူးအသင်းဟာ ဇူလိုင်လ ၁၉ရက်နေ့မှာ ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်အသင်းနဲ့ ပထမဆုံးခြေစမ်းပွဲကစားမှာဖြစ်ပါတယ်။ အဲဒီနောက် လီဗာပူးဟာ ၂၀၁၆ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့ရတဲ့ လာလီဂါကလပ် ဆီဗီလာအသင်းနဲ့ ဇူလိုင်လ ၂၁ ရက်နေ့မှာ ဆက်လက်ခြေစမ်းမှာဖြစ်ပါတယ်။
သူတို့ဟာ ဇူလိုင်လ ၂၄ရက်နေ့ရောက်ရင် နယူးယောက်ရှိ ယန်းကီးကွင်းမှာ စပို့တင်းလစ္စဘွန်းနဲ့ ခြေစမ်းဦးမှာဖြစ်ပြီး အသင်းပြောင်းရွှေ့ဖို့ သတင်းကြီးနေတဲ့ ဂိုးသမား မစ်ဂ်နိုလက်လည်း လိုက်ပါသွားပါတယ်။